သတင်းဆောင်းပါး
“ဆန်က ထမင်းပဲချက်လို့ရတော့ တောထဲ ရှာလို့ဖွေလို့ရရင် ဟင်းနဲ့စားရတာပေါ့။ ရှာလို့မရရင်တော့ ဆန်ပြုတ်ပြုတ်သောက်တာများတယ်။ ဆန်လည်း ချွေတာရင်းပေါ့။ အိမ်လည်းမပြန်နိုင်သေးဘူးဆိုတော့ ဘယ်တော့များမှ ဒီလိုအခြေအနေဆိုးကနေ လွတ်မလဲမသိပါဘူး”
သတင်းဆောင်းပါး
“ဆန်က ထမင်းပဲချက်လို့ရတော့ တောထဲ ရှာလို့ဖွေလို့ရရင် ဟင်းနဲ့စားရတာပေါ့။ ရှာလို့မရရင်တော့ ဆန်ပြုတ်ပြုတ်သောက်တာများတယ်။ ဆန်လည်း ချွေတာရင်းပေါ့။ အိမ်လည်းမပြန်နိုင်သေးဘူးဆိုတော့ ဘယ်တော့များမှ ဒီလိုအခြေအနေဆိုးကနေ လွတ်မလဲမသိပါဘူး”
“တချို့စက်ရုံတွေဆိုလည်း သုံးလပိတ်မယ်။ နေ့စားခ (Dayကြေး) ပေးထားမယ်ဆိုတာတွေရှိတယ်။ တချို့ဆိုလည်း ပိတ်တယ် မပေးဘူးဆိုတာတွေလည်းရှိတယ်။ ဘာမှမပေးဘူး ပိတ်လိုက်တယ်ဆိုတာမျိုးတွေလည်းကြားရတယ်။ ပိတ်ရင်း ပိတ်ရင်းနဲ့အရှည်ဆွဲဆန့်ပြီးတော့ လျော်ကြေးလည်းမပေးဘဲ အပြီးပိတ်လိုက်တဲ့စက်ရုံတွေလည်းရှိတယ်”
” တိုက်ပွဲတွေက ဖြစ်လာမှာပဲဆိုပြီး စားစရာတွေ အရေးကြီး ပစ္စည်းပစ္စယတွေ ပြင်ဆင်ထားပေမယ့်၊ ဘယ်လိုနည်းလမ်းနဲ့ ရောက်လာမှာလဲ ကိုယ်တွေကရောဘယ်လို နေထိုင်ရမလဲ၊ ပြင်ဆင်ထားတဲ့ဟာတွေကရော တကယ်ကြုံလာရင် အသုံးဝင် မလားဆိုတာမသိဘူး”
မသီရိအဖို့ရွေးချယ်စရာအခြားမရှိပြီမို့ ခက်ခဲပင်ပန်းမယ်မှန်းသိလျက်နဲ့ ဆူးညောင့် လျှိုမြောင်တွေ တင်းကြပ်ပြည့်နေတဲ့ တောလမ်းခရီးကို အားတင်းပြီး ရှေ့ဆက်ရပါတယ်။ လမ်းခရီးကြမ်းတာကြောင့် စိတ်ဓာတ် ကျအားငယ်ကာ လက်လျှော့ လိုက်ရတော့မလားဆိုတဲ့အတွေးတွေ ခဏခဏဝင်ဝင်လာပေမယ့် သူအဖြစ်ချင်ဆုံး မျှော်လင့်ချက်လေး တစ်ခုကတော့ “သားလေးနဲ့ အမြန်ဆုံးပြန်တွေ့ခွင့်ရချင်တယ်” ဆိုတာပါပဲ။
“ မြန်မာပြည်ရဲ့ ဒီမိုကရေစီနဲ့ လွတ်လပ်ခွင့်ပြန်လည်ရရှိရေးကို တတ်နိုင်သမျှ ကိုယ်ပိုင်ကိုယ်စွမ်းရှိသလောက်ပါဝင်မှသာ လိပ်ပြာလုံမယ်ဆိုတဲ့စိတ် အစထဲကရှိခဲ့တယ်။ နိုင်ငံခြားရောက်နေတဲ့ မြန်မာတစ်ယောက်အနေနဲ့ ဒီမတရားမှုကြီးနဲ့ ပတ် သက်ပြီး လုပ်နိုင်တာတွေအများကြီးရှိမယ်လည်းယုံကြည်ခဲ့တယ်”
“စားသောက်ရေးဘယ်လောက်ခက်ခဲလဲဆိုတာကို ကျမတို့မီးဖိုချောင်ကို ကြည့်ရင်သိပါတယ်၊ စခန်းထဲကလူတွေ ခူးတာများလို့ တစ်ပင်တည်းရှိတဲ့ ဒန့်သလွန်ပင်တောင် အရွက်မထွက်တော့ဘူး”
အကယ်၍များ အာဏာမသိမ်းခဲ့ပါက လွှတ်တော်ထဲတွင်ဆွေးနွေးနေမည့် အကြောင်းအရာများထဲတွင် အမျိုးသမီးများအပေါ်အကြမ်းဖက်မှုမှ အကာအကွယ်ပေးမည့် PoVAW ဥပဒေမူကြမ်းလည်းပါဝင်မည်မှာ အသေအချာပင်ဖြစ်သည်။ သို့သော် အာဏာသိမ်းမှုက အမျိုးသမီးအဖွဲ့များ ၂၀၁၃ ကစပြီး ရှစ်နှစ်ကြာကြိုးစားခဲ့သည့် အဆိုပါဥပဒေမူကြမ်း ပြဌာန်းရေးအတွက် မရေမရာဖြစ်စေခဲ့သည်။ တခြားတစ်ဖက်တွင်လည်း ကိုဗစ်ကြောင့် မြင့်တက်လာသည့် အိမ်တွင်းအကြမ်းဖက်မှု၊ ကိုဗစ်ကြောင့် ကြန့်ကြာနေသည့် တရားစီရင်ရေးများအကြား အမျိုးသမီးများ၏အခွင့်အရေးဆုံးရှုံးမှုများလည်းကြုံနေကြရသည်။ ကံဆိုးသည်က အမျိုးသမီးအခွင့်အရေးလှုပ်ရှားသူများသည်လည်း အဖမ်းအဆီးများကြောင့် ထွက်ပြေးတိမ်းရှောင် နေကြရသဖြင့် အမျိုးသမီးအခွင့်အရေးနစ်နာမှုများကို တရားမျှတမှုရှာဖွေရန် ခက်ခဲသည်ထက်ခက်ခဲလာပြန်သည်။
“ကျွန်မက ဒီတိုက်ပွဲရှောင်စခန်းကိုရောက်နေတာ နှစ်နှစ် ကျော်ပါပြီ။ တိုက်ပွဲရှောင်စခန်းထဲကို ရောက် ကတည်းက အခက်အခဲတွေအမျိုးမျိုးနဲ့ ကြုံတွေ့လာခဲ့ရပါတယ်။ အခု ကိုဗစ်ရောဂါကပ်ဘေးကြောင့် စခန်း တစ်ခုလုံးကို Lock down ချခံထားရလို့ စားဝတ်နေရေး အခက်အခဲတွေနဲ့ ရင်ဆိုင်နေရပါတယ်။ ပြီးတော့ အခု လို မိုးရာသီမှာ တိုက်ပွဲရှောင်စခန်းထဲကို ရေကြီးရေလျှံတာတွေ၊ လေပြင်းမုန်တိုင်း တိုက်တာတွေ ကြုံနေကျပါ။ ကျွန်မတို့ရဲ့ အခက်အခဲက တကယ့်ကိုပဲ ဆိုးဝါးလွန်းလှပါတယ်”
“ဆေးရုံတက်ပြီး ငါးရက်နေ့မြောက်မှာ ဆရာမတစ်ဦးက နန်းအိတို့ကို ဆေးရုံစရိတ် နှစ်သိန်းခွဲ ကုန်ကျကာ ငွေရှင်းပြီး ဆေးရုံဆင်းလို့ ရကြောင်း လာပြောခဲ့တဲ့အချိန်က နန်းအိတို့ လက်ထဲမှာ ပိုက်ဆံ ၁၅,၀၀၀ ပဲ ကျန်တော့တာပါ။ ဆေးရုံ စရိတ်ကုန်ကျငွေကို ရှင်းဖို့ ဘယ်နားမှာ ပိုက်ဆံသွားယူရမှာလဲဆိုတာ စဉ်းစားလို့မရခဲ့ပါဘူး…”
“အခုကာလမှာ ပြည်သူတွေက ငွေရေးကြေးရော အခြားအကြောင်းရင်းတွေကြောင့်ရော ဒုက္ခရောက်နေရတာ၊ ကိုဗစ်လူနာတွေကို ဒီချိန်မှာအခြားဘယ်ဆေးရုံကမှ လက်မခံဘူးဆိုတော့ တတ်နိုင်တဲ့ဘက်ကနေ အခမဲ့ကူညီဖြစ်တာ။ ကိုဗစ်ကူးမှာတော့ နည်းနည်းစိုးရိမ်တာတော့ရှိပေမယ့် အဲ့ဒါကို စိတ်ထဲမထားတော့ဘူး။ ဒီနေ့၊မနက်ဖြန် ဘယ်သူ့ကို သွားကူညီရမလဲပဲတွေးတော့တယ် “