Home ဆောင်းပါး သတင်းဆောင်းပါး
Category:

သတင်းဆောင်းပါး

သတင်းဆောင်းပါး

  • “ စစလုပ်ချင်းမှာမိသားစုတွေဆီက ယုံကြည်မှုရအောင်လုပ်ရတဲ့ အခက်အခဲလေးတွေတော့ရှိတယ်။ အကျဉ်းကျနေသူ တွေရဲ့အချက်အလက်တွေကို မိသားစုတွေကိုမေးတဲ့အခါမျိုးမှာ မိသားစုတွေကစိုးရိမ်တာမျိုးတွေရှိတဲ့အခါကျ မိသားစုတွေ ယုံကြည်မှုရှိလာအောင် တည်ဆောက်ရတဲ့အပိုင်းလေးတွေက အခက်အခဲရှိတယ်”

  • “ ပါးဆယ်ချက်အရိုက်ခံမလား။ တခါနမ်းမလားလို့လဲမေးတယ်။ အိမ်ထောင်မရှိဘူးဆိုတော့လည်း တပ်သားတွေနဲ့ ပေးစား မယ်ဆိုပြီးလဲပြောတယ်”

  • “အဖြစ်ပျက်ဆိုးနဲ့ ရင်ဆိုင်ရပြီး အမှုပြီးဆုံးသွားပေမယ့်လည်း အမျိုးသမီးတွေဟာ နောက်ပိုင်းမှာ သူတို့ရဲ့ ရှေ့ဆက် ဘဝတက်လမ်းတွေကို ကိုယ်တိုင်စီမံပိုင်ခွင့်မရှိကြသလို ကိုဗစ်-၁၉ ကပ်ရောဂါ ပျံ့နှံ့မှု၊ စစ်အာဏာသိမ်းမှုတွေကြားထဲက ပိုမိုကောင်းမွန်တဲ့ ဘဝတက်လမ်းအတွက် ရုန်းထွက်ဖို့ဆိုတာ အခက်အခဲများစွာနဲ့ ရင်ဆိုင်နေကြရပါတယ်”

  • “သူများတွေ နေရပ်ပြန်တော့ ကိုယ်လည်းပြန်ချင်တယ်လေ။ စစ်ရှောင်စခန်းဆိုတာက တစ်သက်လုံးနေလို့ရတာ မဟုတ်ဘူး။ ရွာရောက်ရင် အဆင်ပြေသလို လုပ်ကိုင်စားသောက်မယ်ဆိုပြီး ပြန်လာခဲ့တာ”

  • ” မနက်ကတည်းက ဗိုက်နာပြီး ခွဲမွေးရတော့မယ့် အနေအထားမှာ မခွဲမွေးနိုင်ဘဲ ညနေမှ ကလေးကလည်း ကိုယ် တစ်ပိုင်းက အပြင်ရောက်တာ၊ မွေးကတည်းက အသက်ငွေ့ငွေ့ပဲပါလာတယ်”

  • “ နိုင်ငံရေးရော ကိုဗစ်ကော ဆက်စပ်နေတဲ့အခါကျတော့ ဒီလိင်ဖျော်ဖြေရေးလုပ်ငန်းလုပ်တဲ့အထဲကို ရောက်လာတာက တော့အများကြီးပဲပေါ့။ စီးပွားရေးခက်ခဲမယ်၊အိမ်ကမိသားစုတွေရဲ့ကျန်းမာရေးကြောင့်ဖြစ်မယ်၊ အကြောင်းအမျိုးမျိုးကြောင့် ဝင်ရောက်လာကြတာဖြစ်တယ်”

  • “စစ်ကောင်စီအနေနဲ့ တော်လှန်ရေးမှာပါဝင်နေသူတွေကို နည်းပေါင်းစုံနဲ့ သိက္ခာချဖို့ကြိုးစားမှာဖြစ်ပြီး အခုတော်လှန်ရေးမှာ အမျိုးသမီးတွေပါဝင်မှုကအားကောင်းတဲ့အတွက် မျိုးဆက်သစ် အမျိုးသမီးတွေပါဝင်လာမှုကို အဟန့်အတားဖြစ်အောင်၊ မိသားစုဝင်တွေကိုအရှက်ရအောင်၊ နောက်ထပ်အမျိုးသမီးငယ်တွေ ဆက်ပြီးမပါလာနိုင်အောင် ရည်ရွယ်ချက်ရှိရှိ လုပ် ဆောင်တာဖြစ်တယ်”

  • “လုပ်တာကတော့ တစ်နေကုန်ပဲ။ ထမင်းစားရင်တောင်မှ အချိန်ကြာလို့မရဘူး။ သူတို့က ထမင်းစားချိန်၊ ရေချိုးချိန်တွေမှာ သေနတ်ဖောက်ခဲ့ရင် ထမီရင်လျားနဲ့ ပြေးရတဲ့ မစ်ရှင်ပုံစံမျိုးတွေလည်း လုပ်ရတော့ နားချိန်ဆိုတာမရှိပါဘူး”

  • ” တိုင်းရင်းသားဒေသတွေမှာ နွေဦးတော်လှန်ရေးမတိုင်ခင် ၁၀ စုနှစ်ပေါင်းများစွာတည်းက ကြုံလာရတဲ့ကိစ္စတွေဟာ နွေဦးတော်လှန်ရေးဖြစ်တဲ့နောက်ပိုင်းမှာ ပိုပြီးပြန်ဖြစ်လာတယ်။ မြေပြင်မှာ ပြည်သူတွေကြုံနေရတာက တိုင်းရင်းသားဒေသတွေမှာ ဘယ်တုန်းကမှလျော့သွားတာမရှိပါဘူး။ အခုကတော့ ပိုဆိုးလာတယ်။ “

  • “LGBTIQ တွေဆိုတာလည်း ရွံစရာသတ္တဝါတွေ၊ အနှိမ်ခံလူတန်းစားတွေမဟုတ်ဘူးဆိုတာကို ပြောင်းလဲ ပေးနိုင်မယ်လို့ မျှော်လင့်ပါတယ်။ LGBTIQ တွေကိုလည်း လက်ခံနားလည်ပေးနိုင်မယ်လို့ မျှော်လင့် ရင်းနဲ့ ဘယ်လောက်ပဲအခက်အခဲတွေရှိရှိ ဘယ်လောက်ပဲပင်ပန်းမှုတွေကြုံကြုံ စစ်အာဏာရှင်ကျဆုံးတဲ့အထိ လမ်း ပေါ်မှာရှိမယ်။ တော်လှန်ရေးအောင်ဖို့အတွက် ကိုယ်ရောစိတ်ရောပါဝင်သွားမယ်”