‘အမျိုးသမီး အနည်းဆုံး အယောက် ၄၀ သည် စစ်တပ်မှ ဖမ်းဆီးထိန်းသိမ်းထားစဉ် သတ်ဖြတ်ခံခဲ့ရပြီး အယောက် ၂၀ မှာ အရှင်လတ်လတ် မီးရှို့ခံခဲ့ရ’
webmaster
-
-
“နိုင်ငံတကာက ဘယ်တော်လှန်ရေးကိုပဲကြည့်ကြည့် အမျိုးသမီးတွေဟာ ခေါင်းဆောင်မှုအခန်းကဏ္ဍကနေ ရွပ်ရွပ်ချွံချွံပါဝင် ခဲ့ပြီး ဘယ်နိုင်ငံရဲ့ဘယ်တော်လှန်ရေးမှာမှ အမျိုးသမီးတွေရဲ့ပါဝင်မှု၊ ဦးဆောင်မှုအခန်းကဏ္ဍမပါဘဲနဲ့ အောင်မြင်ခဲ့တယ်ဆို တာ တစ်ခုမှမရှိဘူး”
-
စစ်အာဏာသိမ်းမှုအောက်က အမျိုးသမီးတွေကြုံတွေ့ရတဲ့အကြမ်းဖက်ခံရမှုတွေအပေါ် ဘာသာရေးခေါင်းဆောင်တစ်ဦးရဲ့အမြင်
by webmaster357 viewsစစ်အာဏာသိမ်းပြီးနောက် မြန်မာပြည်ကအမျိုးသမီးတွေကြုံတွေ့ခံစားနေရတဲ့ အခြေအနေတွေနဲ့ ကျူးလွန်သူတွေကို ဘယ်လိုအပြစ်ပေးအရေးယူဆောင်ရွက်သင့်လဲဆိုတာနဲ့ပတ်သက်ပြီး ဉပ္ဗလဝဏ်အင်စတီကျူရဲ့တည်ထောင်သူလည်းဖြစ်တဲ့ ဆရာလေးဒေါ်ကေတုမာလာရဲ့ပြောကြားချက်တွေကို ကောက်နုတ်ဖော်ပြထားပါတယ်။
-
“ တရားဥပဒေစိုးမိုးမှုမရှိတဲ့ ဒီကာလမှာ ပြစ်မှုကျူးလွန်ချင်သူတွေက အခွင့်အရေးရနေတယ်”
-
“ပြန်စဉ်းစားလိုက်ရင် ကိုယ်လည်းမွေးထားတာ၊ သူများတွေလည်း မွေးထားခဲ့တာပဲ။ ဒါပေမယ့် ဆန္ဒပြရင်း ပစ်သတ်ခံထိ တာတို့ တွေ့ပြီးရင်ထဲမှာမချိဘူး။ သူများသားသမီးတွေသေဆုံးရတယ်။ ကိုယ်က ကိုယ့်သားသမီးကို ချစ်လို့ ပိုက်ထားတယ် ဆိုရင် ကိုယ်က ကိုယ်ချင်းမစာရာကျမယ်။ တစ်ကိုယ်ကောင်းဆန်ရာကျမယ်။ အတ္တကြီးရာကျမယ်။ ကလေးတွေအကုန်လုံး က ပေးဆပ်ခဲ့တာ။ မိဘတိုင်းကလည်း ပေးဆပ်ရတာပဲ”
-
“လူထုတွေရဲ့ စိတ်ဒဏ်ရာတွေကို ချုပ်ငြိမ်းဖို့က ကျူးလွန်နေတဲ့တပ်ဖွဲ့တွေက တာဝန်ယူပြီးလုပ်ဆောင်ရင်တော့ တဖြည်း ဖြည်း ချုပ်ငြိမ်းသွားနိုင်ပါတယ်။ အဲ့လိုမှမဟုတ်ပဲ အရပ်ဘက်လူမှုအဖွဲ့အစည်းတွေလုပ်ရင် သူတို့ခံစားရတာတွေ ရင်ထဲပေါ့ သွားတာပဲရှိမယ်”
-
“ကျွန်မရဲ့ အသုံးအဆောင်ပစ္စည်းဆိုတာ ဘယ်တုန်းကမှမသယ်ဘူး။ စစ်ကြောင်းထိုးလာလို့ ပြေးရတော့မယ့် အနေအထားဆိုရင် အိတ်ထဲကို ဆေးကောက်ထည့်ပြီး ပြေးတယ်။
-
“ အခုအချိန်မှာ ခက်ခဲပင်ပန်းနေကြမယ်ဆိုတာသိပါတယ်။ စိတ်ဓာတ်ကျတဲ့သူတွေလည်းရှိမှာပေါ့ ဒါပေမယ့် လဲကျတိုင်း ပြန်ထဖို့မမေ့ပါနဲ့ အမျိုးသမီးတွေအနေနဲ့လည်း ကျွန်မတို့ရဲ့ကြွေးကြော်သံအတိုင်း တော်လှန်နှင်းဆီရဲရဲနီ အာဏာရှင်ကို အမြစ်ဖြတ်မည်ဆိုတဲ့အတိုင်း အမျိုးသမီးတွေအပေါ်မှာခွဲခြားဆက်ဆံမှုတွေပပျောက်အောင် တူတူကြိုးစားရင်းနဲ့ စစ်အာ ဏာရှင်စနစ် ကို တူတူတိုက်ထုတ်ကြရအောင်လို့တိုက်တွန်းပါတယ်”
-
“ဒီလိုညအချိန်မှာ ရုတ်တရက်လာတော့ ကြောက်တယ်။ ထိတ်လန့်တယ်။ စိုးလည်းစိုးရိမ်တယ်။ အိမ်ကိုဝင်ပြီး အိပ်နေ တာကို နိုးတယ်။ မီးထွန်းတာကို ပိတ်ခိုင်းတယ်”
-
“သူတို့က ကြုံရင်ကြုံသလို ဝင်စစ်တာလေ။ သေနတ်တွေနဲ့ဆိုတော့ အမှန်တိုင်းပြောရရင်တော့ ကြောက်တယ်။ လေသံတွေကလည်း မာထန်နေတာပဲ။ သူတို့လာစစ်လို့ ဧည့်စာရင်းများ မတိုင်ထားရင် ဘယ်လိုတောင်လုပ်မလဲ မသိဘူး”