ထောင်ထဲက ပေးစာများ

//အက်ဆေး// နေအေး ကျွန်မ နိုင်ငံရေးပုဒ်မနဲ့ထောင်ထဲမှာ ၄နှစ်နီးပါးလောက် နေခဲ့ရတယ်။ ထောင်ထဲမှာ စာအုပ်၊ စာရွက်၊ ဘောပင်၊ ခဲတံတွေက တားမြစ်ပစ္စည်းတွေဖြစ်ပါတယ်။ ထောင်စာကြည့်တိုက်မှာ ရှိတဲ့ စာအုပ်တွေဖတ်ခွင့်ရပါတယ်။ အိမ်ကနေသွင်းပေးတဲ့ စာအုပ်တွေကို ထောင်ကခွင့်ပြုရင် ကိုယ့်လက်ထဲ ရောက်လို့ ဖတ်ခွင့်ရတယ်။ ဒါပေမယ့် ကျွန်မတို့က မိသားစုဆီကို တရားဝင်စာရေးတဲ့အချိန်မှအပ ခွင့်ပြုချက်မရှိဘဲ စာရေးခွင့်၊ စာရေး ကိရိယာကိုင်ခွင့် မရှိပါဘူး။ ခွင့်ပြုချက်က ဘယ်သူတွေကို ပေးလဲဆိုတော့ ဘယ်သူ့ကိုမှ မပေးပါဘူး။ ဒုတိယထောင်ပိုင်ရဲ့ အဆောင်တွေစစ်ဆေးဖို့လာတဲ့လမ်းကြောင်းမှာ ဘာသာစကားသင်ကြားမှုတွေ လုပ်ချင်လို့  ဘယ်လိုလုပ်ပေးနိုင်မလဲဆိုတာကို ကိုယ်တိုင်မေးဖူးပါတယ်။ ထောင်မှာတော့ ပုံမှန်အားဖြင့် ခွင့်ပြုလေ့ မရှိပေ မယ့်၊ သက်ဆိုင်ရာအဆောင်မှူးတွေက တာဝန်ယူရင် လုပ်လို့ရကြောင်း ဖြေကြားဖူးပါတယ်။ အဲ့ဒါကြောင့် အဆောင်မှူးတယောက်ဆီကို ဘာသာစကားသင်ချင်လို့ ဆိုတာမျိုး ကိုယ်တိုင်ခွင့်တောင်းဖူးပါတယ်။ … Continue reading ထောင်ထဲက ပေးစာများ