တစ်ပတ်အတွင်းအမျိုးသမီးဖြစ်ရပ်များ

မေလ ၂၄  ရက်ကနေ ၃၀ ရက်နေ့အထိ တစ်ပတ်တာ အမျိုးသမီးဖြစ်ရပ်များထဲမှ ထူးခြားတဲ့အကြောင်းအရာတွေကို HI က စုစည်းဖော်ပြလိုက်ပါတယ်။

အမျိုးသမီးဖြစ်ခြင်းကြောင့်ဘောင်ခတ်ခံထားရတဲ့ အလှအပစံနှုန်းများ

အလှအပစံနှုန်းတွေဟာ ကိုလိုနီဝါဒရဲ့ လွှမ်းမိုးမှုတွေရှိတာကိုလည်း တွေ့နိုင်ပါတယ်။ လူဖြူတွေ ကြီး စိုးတဲ့ ကိုလိုနီခေတ်မှာဆိုရင်လည်းအသားဖြူတဲ့လူတွေကမှလှတာ၊ အဖြူဖြစ်ခြင်းက ပိုမြင့်မြတ်ပြီး ကျန်တဲ့ အသားအရောင်ရှိသူတွေက မလှဘူး။ မမြင့်မြတ်ဘူးဆိုတဲ့ လူမျိုးရေးဖိနှိပ်မှုတွေနဲ့ အလှအပစံနှုန်းတွေ သတ်မှတ် လေ့ရှိကြတယ်လို့ မချယ်ရီကဆက်ပြောပါတယ်

မိန်းမအဝတ်တွေက ယောက်ျားတွေကို ဘုန်းကံနိမ့်စေတယ်လို့ ထင်နေတုံးလား

မိန်းမအဝတ်တွေက ယောက်ျားတွေကို ဘုန်းကံနိမ့်စေတယ်လို့ ထင်နေတုံးလား

သင့်မိသားစုဘဝသာယာစေဖို့ ဓမ္မတာကျန်းမာရေးစောင့်ရှောက်မှုကို အလေးထားစို့။

ပြီးခဲ့တဲ့ရက်ပိုင်းက မြန်မာရွှေ့ပြောင်းလုပ်သားတွေ အများစုရှိရာ ထိုင်းနိုင်ငံမှာ အမျိုးသမီးလုပ်သားတွေ ဓမ္မတာလာ တဲ့ရက်၊ ခွင့်ယူရာမှာ လုပ်အားခဖြတ်တောက်ခြင်းမရှိဘဲ အလုပ်နားခွင့်ပေးဖို့၊ ဓမ္မတာသုံးပစ္စည်းများ လုပ်ငန်းခွင်အတွင်း ပံ့ပိုး ပေးဖို့ ထိုင်းအလုပ်သမားဝန်ကြီးဌာနက အတည်ပြုထုတ်ပြန်လိုက်ပါတယ်။

စက်ရုံအလုပ်သမားအမျိုးသမီးများ လိင်အမြတ်ထုတ်ခံရမှု ပိုမိုဆိုးဝါးနေ

“အဲဒီလိုမျိုး မိန်းကလေးတွေကို တစ်ပတ်တစ်ယောက်၊ တစ်လတစ်ယောက်ပုံစံမျိုးနဲ့ တရုတ်အလုပ်ရှင်တွေနဲ့ အိပ်ခိုင်းတာ၊ ဝယ်လက်တရုတ်တွေနဲ့ အိပ်ခိုင်းတာတွေရှိတယ်။ ငွေလား၊ အလုပ်လား အဲဒါတွေနဲ့ ခြိမ်းခြောက်မြူဆွယ်တာပေါ့”

Honest Review – Episode 9

ဒီတစ်ပတ်ရဲ့ Honest Review အစီအစဉ်မှာတော့ "အမုန်းမြစ်" ရုပ်သံဇာတ်လမ်းတွဲထဲက ဇာတ်ဝင်ခန်းကို review လုပ်ပေးသွားမှာပဲဖြစ်ပါတယ်။