
စစ်ကောင်စီရဲ့အကြမ်းဖက်မှုတွေ သွေးမအေးစေဖို့ နိုင်ရာတာဝန်ထမ်းနေတဲ့ LGBT အလှမယ် သက္ကရာဇ်
“ ငါ့ရဲ့ဖြစ်တည်မှုသည် အရင်ကတည်းက ဝေဖန်လှောင်ပြောင်ခွဲခြားဆက်ဆံခံခဲ့ရတယ်။ အဲ့ဖြစ်တည်မှုနဲ့မွေးဖွားလာတဲ့ ငါသည်လည်းတစ်ချိန်ချိန်မှာ နိုင်ငံအတွက် မိသားစုအတွက် စံပြရတဲ့ပုဂ္ဂိုလ်နိုင်ငံကိုလည်း အကျိုးပြုနိုင်တဲ့ ပုဂ္ဂိုလ်ဖြစ်ရမယ် ဆိုတဲ့ အိပ်မက်လေးတော့ရှိပါတယ်။”

နိုင်ငံတကာအမျိုးသမီးများအပေါ်အကြမ်းဖက်မှုပပျောက်ရေးနေ့အတွက် တော်လှန်တက်ကြွသူအမျိုးသမီးတို့ရဲ့ အမှတ်တရစကား
နိုင်ငံတကာအမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေးနေ့နဲ့ ပတ်သက် ပြီး တော်လှန်ရေးတက်ကြွလှုပ်ရှားသူအမျိုးသမီးတွေက စစ်အာဏာသိမ်းမှုအောက်မှာ မြေပြင်အခက်အခဲနဲ့စိန်ခေါ်မှုတွေကြား ဖြတ်သန်းနေကြရတဲ့ တော်လှန် ရေးထဲက အမျိုးသမီးတွေအတွက် အားပေးစကားသံတွေကို HI က စုစည်းဖော်ပြပေးလိုက်ပါ တယ်။

Honest Information အမျိုးသမီးသတင်းဌာန၊ အမျိုးသမီး Podcastအစီအစဉ် (Episode – 28)
ဒီအပတ်ပေါ့ကတ်အစီအစဉ်မှာတော့ နိုင်ငံတကာအမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေးနေ့ ပေါ်ပေါက်လာပုံ သမိုင်းအကြောင်းနဲ့အတူ လက်ရှိမှာကြုံတွေ့နေရတဲ့ အမျိုးသမီးများအပေါ် အကြမ်းဖက်ခံရမှုအခြေအနေတွေနဲ့ပတ်သက်ပြီး အမျိုးသမီးတွေရဲ့စကားသံတွေကို နားဆင်ရမှာပဲဖြစ်ပါတယ်ရှင်။

တစ်ပတ်အတွင်းအမျိုးသမီးဖြစ်ရပ်များ
နိုဝင်ဘာ ၂၀ ကနေ ၂၆ ရက်အတွင်း တစ်ပတ်တာအမျိုးသမီးဖြစ်ရပ်များထဲမှ ထူးခြားတဲ့အကြောင်းအရာတွေကို HI က စုစည်း ဖော်ပြပေးလိုက်ရပါတယ်။

အိမ်တွင်း ဥယျာဉ်မှူး (သို့မဟုတ်) Gi Gi – Home Garden ပဲ့ကိုင်ရှင်
“အစားအစာဆိုတာ အမြဲဝယ်ယူ စားသောက်လို့ မရတဲ့အချိန် ကြုံလာရနိုင်တယ်။ ဒါကြောင့် ကိုယ်တိုင် ထုတ်လုပ်တာကို လုပ်နိုင်မှ ဆိုတာ ပိုမြင်သာလာတဲ့အခါ ကျမ တတ်နိုင်သမျှ အပင်တွေ တိုးစိုက်ဖို့ ဆုံးဖြတ်ခဲ့တယ်”

အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေး အသိပညာပေးဟောပြောပွဲ မဲဆောက်တွင်ပြုလုပ်
အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေး - ၁၆ရက်တာ လှုပ်ရှားမှုအဖြစ် အသိပညာပေးဟောပြောပွဲကို နိုဝင်ဘာ ၂၅ရက်နေ့က ထိုင်းနိုင်ငံ၊မဲဆောက်မြို့မှာရှိတဲ့ မြန်မာရွှေ့ပြောင်းလုပ်သားတွေနဲ့ ပြုလုပ်ခဲ့ပါတယ်။

နှိမ့်ချ ခွဲခြားမှုတွေကြား ရှင်သန်နေတဲ့ စိမ်း
“အရင်ကတော့ သူမိန်းကလေးလို ဝတ်တာ မကြိုက်ဘူး။ ဒါပေမဲ့ မိန်းကလေးလို ဝတ်တာက သူများကို ထိခိုက်နေတာမှ မဟုတ်ဘဲ။ ကျမအတွက်တော့ စိမ်းက ကျားဖြစ်ဖြစ်၊ မဖြစ်ဖြစ် လိမ္မာအားကိုးရတဲ့ ကလေးပါ။”

လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုများ – CRSBV
HI ရဲ့ "မှတ်သားစရာ အသိပညာ" အစီအစဉ်ကနေ ဒီအပတ်မှာတော့ ပဋိပက္ခကာလအတွင်း အမျိုးသမီးများအပေါ် လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုနဲ့ပတ်သက်ပြီး တင်ဆက်ပေးထားပါတယ်။

ဖဲကြိုးဖြူနှင့်ကတိပြု
စစ်ပဋိပက္ခဖြစ်ပွားရာ ဒေသများမှ လက်နက်ကိုင်တပ်ဖွဲ့အသီးသီးသည် အမျိုးသမီးများအပေါ် အကြမ်းဖက်မှု ကျူးလွန်သူများကို ထိရောက်စွာ အပြစ်ပေးအရေးယူနိုင်သည့် ယန္တရားများ တည်ဆောက်ရန် လိုအပ်နေပြီး နိုင်ငံရေး ဦးဆောင်အဖွဲ့များအနေဖြင့် တာဝန်ယူတာဝန်ခံမှုရှိပြီး တရားမျှတမှုရရှိစေမည့် လမ်းကြောင်းများကို မဖြစ်မနေ ဖော်ဆောင်ရန် လမ်းညွန်ရမည်ဖြစ်သည်။

စစ်ကောင်စီ ဦးဆောင်ကျင်းပတဲ့ တောင်ကြီးတန်ဆောင်တိုင်ပွဲ လာရောက်လည်ပတ်သူနည်းပါး
ရှမ်းပြည်နယ်တောင်ပိုင်း ၊ တောင်ကြီးမြို့မှာ စစ်ကောင်စီ ဦးဆောင်ကျင်းပတဲ့ ၂၀၂၃ ခုနှစ်၊ တောင်ကြီး တန်ဆောင်တိုင် ပွဲတော်ကို နိုဝင်ဘာ ၂၁ ရက်နေ့ ညနေပိုင်းမှာ ဖွင့်ပွဲပြုလုပ်ခဲ့ပြီး ယခင်ပွဲတွေနဲ့စာရင် လာရောက်သူ အင်မတန်နည်းပါးခဲ့ ပါတယ်။


