လုံခြုံဘေးကင်း ငြိမ်းချမ်းခြင်းဆီသို့

"အိမ်မှာနေရင်း သားကြီးအတွက် အမြဲဆုတောင်းနေရတယ်။ ကျန်းမာရေးကောင်းဖို့ ဘေးဒုက္ခဆိုးတွေနဲ့ မကြုံဖို့ သူတို့ လိုချင်တဲ့ အမှန်တရားအတွက် အဆုံးထိတိုက်ပွဲဝင်သွားနိုင်ဖို့အကုန်လုံးပဲ"

သားသည်မိခင်တွေရဲ့ မီးဖိုချောင်စရိတ်တိုက်ပွဲ

“ကပ်ဘေးဒုက္ခကြားမှာ ရှင်သန်အောင် ကြိုးစားနေကြရတဲ့ မြန်မာပြည်အနှံ့အပြားက သားသည်မိခင်တွေဟာ စစ်အာဏာ ရှင်တွေကြောင့် ဝန်ထုပ်ဝန်ပိုးတွေ ပိုမိုလေးလံလာနေပါတယ်။ မိခင်တွေ၊ အိမ်ရှင်မတွေရင်ဆိုင်တိုက်ခိုက်နေရတဲ့ မီးဖိုချောင်စရိတ်တိုက်ပွဲဟာ ဘယ်လောက်ကြာရှည်ဦးမယ်၊ ဘယ်လောက်ထိ တောင့်ခံနိုင်မယ်ဆိုတာ အားလုံးမသိကြ သလို၊ ဘယ်လိုဖြေရှင်းရမယ်ဆိုတဲ့ အဖြေကလည်း သူတို့မှာ ရှိမနေကြပါဘူး။ ”

မြန်မာ့ပန်းပဲလုပ်ငန်းနေဝင်ချိန်ရောက်ပြီလား

“ကလေးတွေ ငယ်ငယ်ကဆို ဓားတစ်ချောင်းလာအပ်ပြီဆိုရင် ကျွန်မက ဖိုထိုးတာတွေဘာတွေက အစ အမျိုးသားကို ဝိုင်းကူ လုပ်ရတာ။ ဒီလုပ်ငန်းနဲ့ပဲ စားဖို့၊ ဝတ်ဖို့၊ ကလေးတွေ ကျောင်းထားဖို့ ရှာခဲ့တာ။ ကိုယ်က ရိုးရိုးသားသား မိဘလုပ်ငန်းကို အမွေဆက်ခံပေးချင်ပေမယ့် အခုလို နိုင်ငံရေးမတည်ငြိမ်တဲ့အခါ ဒီပညာတွေကို ပေးဖို့ တော်တော်စဉ်းစားရတယ်”

စစ်သားတွေကို မြင်ရင် ကြောက်တယ်

“ သမီးလေးကို လက်နက်ကြီးကျပြီး ဒဏ်ရာရသွားတဲ့နေ့ဟာ ဖေဖော်ဝါရီ-၁၃ ရက်နေ့၊ အဲဒီနေ့ ဟာ ဗိုလ်ချုပ်အောင်ဆန်းရဲ့ (၁၀၅) နှစ်မြောက်မွေးနေ့၊ မြန်မာနိုင်ငံရဲ့ကလေးများနေ့လို့ လူတွေက ပြောကြပါတယ်။ ကျွန်မတို့သမီးကလေးက ကျောင်းတက်နေရင်း လက်နက်ကြီးဒဏ်ရာရပြီး သေလုမျောပါးဖြစ်သွားခဲ့ရတယ်။ သမိုင်းဝင် သွေးစွန်းသွားခဲ့ရတဲ့ ကလေးများနေ့တစ်နေ့ပါပဲ”

“Let Us Feel About Peace”

“It is very difficult to be as the IDPs. I was separated from my family. People are facing so many difficulties in different places. Although there is a day of Peace but it is no sense to me, we are under the hardship life while we are struggling to survive and running”.

ငြိမ်းချမ်းရေး ၁၀နှစ်တာခရီးနှင့် အမျိုးသမီးများ၏ ပါဝင်နိုင်မှုအခန်းကဏ္ဍအပေါ် အင်တာဗျူး

“ နိုင်ငံရေးအပြောင်းအလဲမှာ အမျိုးသမီးတွေ နိုင်ငံရဲ့အရေးကြီးတဲ့နေရာတွေမှာ တာဝန်တွေမထမ်းဆောင်ရဘူးလို့ ဘယ် သူမှမပြောနိုင်ဘူး။ တောင်လည်း ချောင်းဖြစ်တတ်တယ်။ ပင်လယ်သမုဒ္ဒရာကလည်း တောင်ဖြစ်လာတတ်တာပဲလေ။ အဓိက က ဇွဲမလျော့ဘဲနဲ့ကြိုးစားကြဖို့ လိုအပ်ပါတယ်။ ဘာလို့ဆိုဒီနိုင်ငံမှာ အမျိုးသမီးတွေရဲ့ခေါင်းဆောင်မှုကို တော်တော် ကို လက်ခံလာတဲ့အနေအထားမှာရောက်နေပါပြီ။” ဒေါ်စောမြရာဇာလင်း (ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မတီ - UPDJC အဖွဲ့ဝင်)

“နွေဦးတော်လှန်ရေးခရီးစဉ်အတွင်းက တော်လှန်သူအမျိုးသမီးများရဲ့ မှတ်တမ်း ”

၂၀၂၁ ဖေဖေါ်ဝါရီလမှစတင်ခဲ့သောနွေဦးတော်လှန်ရေးလှုပ်ရှားမှုသည် ယခုအချိန်ထိ ကာလအားဖြင့် ၈ လနီးပါးရှိလာပြီဖြစ်သော်လည်း၊ စစ်အာဏာရှင်စနစ် အမြစ်ပြတ်ချေမှုန်းရေး လှုပ်ရှားမှုများတွင် အမျိုးသမီးများ၏ တက်ကြွစွာဦးဆောင်ပါဝင်မှုများမှာ ယနေ့ထိ အရှိန်မလျှော့သွားသေးဘဲ ဆက်လက်အားကောင်းနေသည်။ ခေတ်အဆက်ဆက် ဒီမိုကရေစီအရေး၊ တရားမျှတရေးနှင့် စစ်အာဏာရှင်စနစ်ချုပ်ငြိမ်းရေးတိုက်ပွဲများတွင်ပါဝင်ခဲ့သော အလွှာအသီးသီးမှ အမျိုးသမီးများ၊ နည်းမျိုးစုံဖြင့် တိုက်ပွဲဝင်ပေးဆပ်ခဲ့ကြသော အမျိုးသမီးများသည် သမိုင်းသစ်ကိုရေးဆွဲကြရန် မှတ်တမ်းဝင်ခဲ့ကြပြီဖြစ်ပြီး၊ ဤပေးဆပ်မှုများက မြန်မာနိုင်ငံမှအမျိုးသမီးများအတွက် ဂုဏ်ယူစရာ မှတ်တမ်းအဖြစ်ကျန်ခဲ့မည်ဖြစ်ပါသည်။

“သားသမီးအတွက် သောကပွေကြရသည့် မိခင်များ”

"ယောကျာ်းလေးတွေကိုပေါ်တာဆွဲတာ၊ သူပုန်ဆိုပြီး ဖမ်းဆီးတာတွေက အရင်ကတည်းကကြုံရတာ၊ အခုနိုင်ငံရေး အခြေအနေ ဒီလိုမျိုးဖြစ်နေတဲ့ အချိန်မှာပိုပြီးမှကြောက်ကြတယ်။ ဘယ်အချိန်မှာ အဲ့ဒီလို ပြန်ဖြစ်လာမလဲဆိုတာ ကြောက်ရတယ်"

ဘာသာရေးမှ အမျိုးသမီးခေါင်းဆောင်များ၏ ငြိမ်းချမ်းရေးအပေါ်အမြင်များ

“ စိတ်ဓာတ်မကျဘဲ စည်းစည်းလုံးလုံးနဲ့ ပန်းတိုင်ရောက်သည်အထိ အတူတူူလက်တွဲပြီး ကြိုးစားကြမယ်။ ကြိုးစားရင် မ အောင်မြင်ဘူးဆိုတာ မရှိပါဘူး။ တန်ဖိုးရှိတဲ့အောင်မြင်မှုဟာ အခက်အခဲတွေရှိတယ်။ ဒုက္ခတွေတွေ့နိုင်တယ်။ ဒါကို သတ္တိရှိရှိ ကျော်ဖြတ်ရမယ်။ ဒါမှပဲ ပြည်သူတွေလိုလားနေတဲ့ ငြိမ်းချမ်းတဲ့ ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံ အမြန်ဆုံးရမှာ ဖြစ် ပါတယ်။ မြန်မာပြည်သူအားလုံးမှာတာဝန်ရှိတယ်။ လူတိုင်းမှာတာဝန်ရှိတယ်။ အားလုံး စည်းစည်းလုံးလုံးနဲ့ လက်တွဲညီညီနဲ့ ကျိုးစားပြီး ပူးပေါင်းဆောင်ရွက်မှပဲ အမှန်တကယ်အောင်မြင်မှုဆိုတာ ရရှိမှာပါ။ အားလုံးပါဝင်ကြပါ။ အသက်ဆုံးရှုံးရတာ တွေ၊ အခက်အခဲတွေ ၊ စိတ်မကောင်းစရာတွေ အများကြီးရှိခဲ့တယ်။ နောက်ထပ်လည်းရှိနိုင်ပါတယ်။ ဒါပေမယ့် စိတ်ဓာတ် မကျဘဲ ၊ ဇွဲမလျော့ဘဲ လက်တွဲပြီး ကြိုးစားရအောင်ပါလို့ အားပေးချင်ပါတယ်။” စစ်စတာ အန်းရိုဇားနူးတောင် (ခရစ်ယာန်)

“အမြန်ဆုံးငြိမ်းချမ်းချင်တယ်”

“အခုနောက်ပိုင်းစစ်ရှောင်တွေကို ကူညီပေးမယ့်သူတွေက တော်တော်ခက်ခဲတယ်။ ရေရှည်တိုက်ပွဲဖြစ်ရင် စားနပ်ရိက္ခာတွေ အတွက် ခက်ခဲမယ်။ အမျိုးသမီးနဲ့ ကလေးတွေ အတွက်လည်း ပိုပြီးဝန်ထုတ်ဝန်ပိုးကြီး နေတယ်”