Category Archives: Slider Posts

ကြေပျက်သွားတဲ့ ဘ၀တွေ

မလိခ။         ။ “အိမ်ကနေတောကို သုံး၊ လေးရက် ပုန်းနေပေမဲ့ လုံခြုံမှု မရှိတော့လို့ လိုင်ဇာဘက် သုံးရက် လမ်းလျှာက်ပြီး လာခဲ့ရတယ်။ အငယ်ဆုံး ကလေးကိုတော့ ကားနဲ့ ထည့်ပေးလိုက်တယ်။ ကျမက ကလေးနှစ်ယောက်နဲ့ တောလမ်းကနေ လမ်းလျှောက်လာတယ်။" လွန်ခဲ့တဲ့ Read More...

ဖြေရှင်းမရသေးတဲ့ပုစ္ဆာ (သို့မဟုတ်) သက်ငယ်မုဒိန်းမှုကနေ ကိုယ်ဝန်ရလာတဲ့အခါ…

ခက်ဆစ်။        ။ “မီးငယ်(၇)တန်းနှစ်မှာ ကိုယ်ဝန်ရှိတာ။ သူ့ကိုပြောတော့ သူက ဖျက်ချခိုင်းတယ်။ မီးငယ်က ဖျက်မချချင်ဘူး၊ ဖြစ်ချင်ရာဖြစ်ဆိုပြီး ဒီကိုယ်ဝန်ကို လွယ်ထားလိုက်တယ်..” သူ့နာမည်ကတော့ မီးငယ်..။ ဒီနာမည်ကတော့ နာမည်ရင်းမဟုတ်ပေမယ့် သူ့ကိုမုဒိန်းကျင့်ပြီး ထားခဲ့တဲ့  သူက ခေါ်ခဲ့တဲ့နာမည်လို့ ပြောပါတယ်။ "(၇)တန်းစာမေးပွဲဖြေပြီး Read More...

တောပန်းပွင့်လေးရင်ဖွင့်သံ

  ပစ်တိုင်းထောင်မ။             ။ “သူတို့က ယောက်ျားရဲ့ ခြေဆေးရေတွေ အကုန်လုံးသောက်ခိုင်းတာပဲ” ပိန်ပိန်ပါးပါး အရပ် (၅ ပေ ၂ လက်မ) လောက်ရှိပြီး စကားသံဝဲ၀ဲလေးနဲ့ တအာင်း(ပလောင်) တိုင်းရင်းသူဆေးဆရာမ Lway Katae Nyime က သူ့အတွေ့အကြုံကို Read More...

သူတို့ရဲ့အနာဂတ်…

သွေး (စစ်ကိုင်း)။         ။ “တနေ့ တနေ့… တစ်သောင်းကျော်လောက်မှ ရှာမပေးနိုင်ရင် အဆူအဆဲခံရတယ်။ ထမင်းလည်း ၀အောင် မစားရဘူး။ သမီးလည်း သူများတွေလို ကျောင်းတက်ချင်တာပေါ့” “ပြောတော့သာ အိမ်အကူတဲ့၊ စိတ်တိုင်းမကျရင် မကျသလို အိမ်ရှင်က သမီးကို ရိုက်တယ်။ Read More...

ကျမ ဆရာဝန် မဖြစ်ခဲ့ပေမယ့် ….

ချမ်းငြိမ်း။           ။ “ငါကြီးလာရင် လူတွေရဲ့ အသက်တွေကို ကယ်နိုင်တဲ့ ဆရာဝန်မကြီးလုပ်မယ်” ဆိုတဲ့ စိတ်ကူးယဉ်အိပ်မက်ကို မက်ခဲ့တဲ့ မိန်းကလေးငယ်တဦးဟာ သူ့မရဲ့ရည်မှန်းချက်ကိုရောက်အောင် အေးအေးချမ်းချမ်းနဲ့ ပညာသင်ခွင့်ရရှိခဲ့သူတဦးတော့ မဟုတ် ပါဘူး။ ပြည်မနဲ့ မြို့ရန်ကုန်က ကလေးတွေ ကျောင်းစာသင်ခန်းတွေထဲမှာ ငြိမ်းငြိမ်းချမ်းချမ်း Read More...

မေ့လျော့ခံထားရတဲ့ ပြည်တွင်းရွှေ့ပြောင်းအလုပ်သမတွေ..

ပစ်တိုင်းထောင်မ။      ။ မလွင်မာအောင်ဟာ အသက် (၃၃)နှစ် ရှိပါပြီ။ မန္တလေးမှာ အိမ်အကူအလုပ် လုပ်ဖူးပါတယ်။ မြေခြားနယ်ခြားမှာ အလုပ်လုပ်ရတဲ့ဘ၀မှာ အိမ်ရှင်တွေက သူ့ကိုနှိမ်တယ် (ခွဲခြားဆက်ဆံတယ်) လို့ ပြော ပြပါတယ်။ "နောက်ဆုံး ရှင်းရှင်းပြောရရင် အိမ်ထဲမှာရှိတဲ့ အိမ်သာတောင် တက်ခွင့်မရှိဘူး” မလွင်မာအောင်က Read More...

ဘယ်သူ့ကို ကာကွယ်ကြမလဲ..

နန်းဆိုင်နွမ်။          ။ သမီးလေးရဲ့လိင်အင်္ဂါတဝိုက်တွင် ယောင်ရမ်းကာ သွေးများလည်းထွက်နေပြီး၊ အရွယ်နဲ့မလိုက် နာကျင်ခံစားကာ အော်ငိုနေတာကို အမေ တယောက်အနေနဲ့ ပြောမပြတတ်အောင် ခံစားရကြောင်း ဒေါ်ထွေးရီက ဆိုပါတယ်။ "သမီးလေး ဗိုက်အောင့်တယ်ဆိုပြီး အော်ငိုရင် ကျမ အရမ်းခံပြင်းတယ်..” လို့လည်း မျက်ရည်ကျရင်း Read More...

မရှိတာထက် မသိတာခက်..

  နန်းဆိုင်နွမ်။            ။ မျက်နှာ၊ ဦးခေါင်း၊ ဝမ်းဗိုက်တွေ ရစရာမရှိအောင် ခန္ဓာကိုယ်တခုလုံးဖူးယောင်ကာ ရိုက်နှက်ခံရပြီး သေဆုံး နေတဲ့အသက် (၆၂)နှစ်အရွယ် အဖွားတဦးရဲ့သတင်းနဲ့ ဓာတ်ပုံက လူမှုစာမျက်နှာမှာ ပျံ့နှံ့ခဲ့ပါတယ်။ ဒီအဖွားဟာ သင်္ကြန်အတွင်းမှာ  ရှမ်းပြည်နယ်တောင်ပိုင်း၊ ဟိုပုံးမြို့နယ်၊ စငေါဝ်ကျေးရွာအုပ်စုရှိ  ကောင်စေ Read More...

တောင်ယာလုပ်လို့ ထောင်ကျတဲ့ အမေတွေ ဘာဆက်လုပ်ကြမလဲ..

နန်းဆိုင်နွမ်။            ။ “ဖမ်းဆီးခံရတဲ့ အမျိုးသမီးတွေအားလုံးမှာ ကလေးတွေ ကိုယ်စီရှိကြပါတယ်.." လယ်သမားအရေးကို လိုက်ပါ ကူညီဆောင်ရွက်ပေးတဲ့ ဦးတင်မောင်တိုးက ပြောပါတယ်။ "တချို့အမျိုးသမီးတွေဆိုရင် (၁)နှစ်အရွယ်၊ (၂)နှစ်အရွယ်ကလေးတွေ ပါတယ်။ အမေတွေက ထောင်ကျတော့ ရွာခံ တွေကပဲ ကြည့်ရှုစောင့်ရှောက်ပေးနေရတယ်” အမှုကတော့ အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ်က Read More...

စီးပွားရေးလုပ်ငန်းရှင်အမျိုးသမီးများနဲ့တွေ့ဆုံပွဲမှာ..

  နန်းဆိုင်နွမ်။               ။ “မုန့်ကိုရောင်းပြီး မောင့်ကိုကျွေးမယ်..” “သားကိုသခင် လင်ကိုဘုရား..” အဲဒီစကားလုံးတွေ လူမှုကွန်ယက်စာမျက်နှာတွေပေါ်မှာ ခေတ်စားသွားခဲ့ပါတယ်။ ဒါကတော့ လွန်ခဲ့တဲ့ ပြီးခဲ့တဲ့ မတ်လ(၆)ရက်နေ့ ၀န်းကျင်မှာပဲ ဖြစ်ပါတယ်။ မတ်(၈)ရက်နေ့မှာ ကျရောက်မယ့် အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ကို ဂုဏ်ပြုတဲ့အနေနဲ့  နိုင်ငံတော် ၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ အမျိုးသမီးစီးပွားရေးလုပ်ငန်းရှင်တွေ Read More...