Category Archives: Slider Posts

ရှမ်းစစ်သမီးများ တန်းတူခရီးနီးသလား..

နန်းဆိုင်နွမ်။            ။ “၂၀၁၃ ခုနှစ်က စစ်တပ်ထဲကို စရောက်လာတယ်။ စရောက်တော့ စစ်တပ်က ဒီလိုကြီးမယ်လို့ မထင်ခဲ့ဘူး၊ ကိုယ့် လူမျိုးမှာ စစ်တပ်ရှိတယ်၊ စစ်သားတွေအများကြီးရှိတယ်ဆိုတာ မသိခဲ့ဘူး” နန်းနွမ်းခမ်းက ရှမ်းတပ်မတော်ထဲ ဝင်ရောက်လာခဲ့တာကို ပြောပြခဲ့တာပါ။ သူမဟာ ရှမ်းလူမျိုးပီပီ Read More...

အခုချိန်မှာ လူထုရဲ့ဦးဆောင်မှုဟာ အရေးကြီးတယ်ဆိုတဲ့ ကရင်နီတော်လှန်ရေးခေါင်းဆောင်နော်ဒေးဒေးဖော

   ခင်စုကြည်။           ။ “တော်လှန်ရေးဆိုတာ ဆင်းရဲတယ်။ ကြမ်းတမ်းတယ်။ ဒါပေမယ့် နိုင်ငံရေးလုပ်ချင်တဲ့ စိတ်တခုတည်း နဲ့ တောခိုခဲ့တာပါ” ဒီလိုတဖွဖွပြောလေ့ရှိတဲ့ ကယား(ကရင်နီ)ပြည်နယ်ရဲ့ ရှားရှားပါးပါး တော်လှန်ရေး ရဲဘော် အမျိုးသမီး တဦးရှိပါတယ်။ သူမကတော့ နှစ်ပေါင်း(၄၀)ကျော် တော်လှန်ရေးခရီးကို ဖြတ်သန်းခဲ့ပြီး အခုချိန်မှာ Read More...

ချင်းတောင်တန်းက ဘ၀တွေကို ကမ္ဘာသိအောင်ဖော်ပြနိုင်ခဲ့သူ ချယ်ရီဇာဟောင်

ခင်စုကြည်။          ။ ချင်းတိုင်းရင်းသူ ချယ်ရီဇာဟောင်ကတော့ ပဋိပက္ခဒေသအတွင်းမှာ နေထိုင်ကြတဲ့ ချင်းအမျိုးသမီးတွေရဲ့ဘ၀ ကို ကမ္ဘာကသိအောင် ဖော်ပြနိုင်ခဲ့လို့ UNDP က ချီးမြှင့်တဲ့  ၂၀၁၇ ခုနှစ်ရဲ့ N-Peace ဆုကို ရရှိထားသူ ဖြစ်ပါတယ်။ သူမဟာ ပဋိပက္ခတွေထဲမှာ Read More...

မူလတန်းအရွယ်မှစ လိင်ပညာပေးခြင်းသည် သက်ငယ်မုဒိမ်းကို လျော့ချစေမည့်နည်းလမ်းတခု

ခက်ဆစ်။        ။ “ကျမက အဲဒီလိုကိုင်တာတွေကို မကြိုက်ဘူးလို့ အဒေါ့်ကိုပြန်ပြောပြတယ်။ ဒါပေမယ့် အဒေါ်က ကိုယ့်ဦးလေး တွေပဲ ကိုင်ပါစေ၊ ဘာဖြစ်လဲဆိုပြီး ပြန်ပြောတယ်။ တကြိမ်မှာ ကျမအိပ်ယာက နိုးလာတော့ ကျမရဲ့မိန်းမကိုယ် က အရမ်းနာနေပြီး စပ်နေတာ။ Read More...

အမျိုးသားများကို အမြင်ဖွင့်ရန် ပိုမိုလိုအပ်နေပြီ။

  နန်းဆိုင်နွမ်   “ အမျိုးသမီးအခွင့်အရေး၊ အမျိုးသမီးအကြမ်းဖက်ခံရမှု၊ သက်ငယ်မုဒိမ်းတွေနဲ့ပတ်သက်ပြီး ပညာပေးမှုတွေကို အမျိုးသားတွေ ပိုသိထားသင့်ပါတယ်” Justice House (တရားဥပဒေစိုးမိုးရေးနဲ့ တရားမျှတမှုစီမံချက်) မန်နေဂျာ ဦးဝေမိုးလှိုင်က ပြောလိုက်တာပါ။ သက်ငယ်မုဒိမ်းကျူးလွန်ရင် ထောင်ဒဏ်နှစ်(၂၀)ဆိုတဲ့ ဆိုင်းဘုတ်ကို စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်နဲ့ ယင်း မာခရိုင်အတွင်းမှာရှိတဲ့ Read More...

ပန်းချီဆရာမတွေလျှောက်သောလမ်း

  ပစ်တိုင်းထောင်မ။ ရန်ကုန် “ဘာလို့ မိန်းကလေးတွေကို နေရာတိုင်းမှာ မလုပ်နိုင်ဘူးလို့ ထင်ကြတာလဲဆိုတဲ့ အတွေးမျိုးတော့ဖြစ်တာပေါ့။ အဲဒီလို ဆက်ဆံတဲ့အပေါ်မှာ ကျမကတော့ Gender ခွဲတယ်လို့ မြင်တယ်။ သူတို့စိတ်ထဲမှာ အမျိုးသားပဲ လုပ် နိုင်မယ်။ အမျိုးသမီးဆို မလုပ်နိုင်လောက်ဘူးလို့ Read More...

ငြိမ်းချမ်းရေးအလိုချင်ဆုံးက ဘယ်သူတွေလဲ

နန်းဆိုင်နွမ်။             ။ ပဋိပက္ခဖြစ်ပွားမှုကို အခွင့်ကောင်းယူပြီး အမျိုးသမီးတွေကို လိင်ပိုင်းဆိုင်ရာစော်ကားမှုတွေ ပိုပြီး ရှိလာတယ်လို့ ရှမ်း ပြည်နယ်၊ လက်နက်ကိုင် ပဋိပက္ခနယ်မြေအတွင်းမှာ နေထိုင်ကြတဲ့ အမျိုးသမီးတွေက ပြောဆိုကြပါတယ်။ တပ်မတော်ဖက်ကတော့ တိုင်းပြည်မပြိုကွဲရအောင် ကာကွယ်နေတယ်လို့ဆိုသလို တိုင်းရင်းသားလက်နက်ကိုင် တွေကလည်း သူတို့ရဲ့အမျိုးသားတန်းတူရေးအတွက် Read More...

မုဒိမ်းမှုကျူးလွန်သူကို ကြီးလေးတဲ့ပြစ်ဒဏ် ဘယ်လိုပေးမလဲ

နန်းဆိုင်နွမ်။        ။ (ဇန်နဝါရီ ၃၁၊၂၀၁၈) မြန်မာနိုင်ငံမှာနေထိုင်တဲ့ အမျိုးသမီးတွေရဲ့ဘဝက တနေ့တခြား ပိုပြီးအန္တရာယ်များလာတာကို တွေ့မြင်ရပါတယ်။ ပါတ်ဝန်းကျင်မှာလည်း တဦးကိုတဦး   အပြန်အလှန် မယုံကြည်ကြသလို  စိုးရိမ်ကြောက်ရွံနေကြရပါတယ်။ အမျိုးသမီးတွေကို မုဒိမ်းကျင့်သတ်ဖြတ်မှုနဲ့ အသက်မပြည့်တဲ့ ကလေးငယ်တွေကို အဓမ္မပြုကျင့်မှုတွေ နေရာ အနှံ့မှာ ဖြစ်ပေါ်နေတာတွ့မြင်ကြားသိနေကြရတာပါ။ ဇန်နဝါရီလအတွင်း ရန်ကုန်မြို့မှာ  Read More...

သက်ငယ်မုဒိမ်းမှုနဲ့ပါတ်သက်ပြီး ရဲတပ်ဖွဲ့ကို ပညာပေးမှုများ လိုအပ်နေပြီ။

  နန်းဆိုင်နွမ်။             ။ “ ဖြစ်ဖြစ်ချင်း ရဲစခန်းကို သွားတိုင်တယ်။ ရဲတွေက အမှုကို ချက်ချင်းမဆောင်ရွက်ပေးတော့ ကျူးလွန်ခံရသူက ထွက်ပြေးတိမ်းရှောင်ခဲ့လို့ ကျမတို့က ရဲတွေကြောင့် ကျူးလွန်ခံရသူထွက်ပြေးတာ ရဲက တရားခံ အားပေးတာ၊ တရားခံ မမိရင် ရဲစခန်းကို Read More...

အမျိုးသမီးလှုပ်ရှားမှုအတွက် သူရဲကောင်း (Hero) မလိုပါ..

  ပစ်တိုင်းထောင်မ (ရန်ကုန်)။          ။ “အမျိုးသမီးခေါင်းဆောင် အဆက်ဆက်ဟာ ရာစုနှစ်ပေါင်းများစွာကတည်းက အမျိုးသားတွေနဲ့ တန်းတူ တိုက်ပွဲတွေမှာ ပါဝင်ခဲ့ကြတယ်။ ဒါပေမယ့် အခုအချိန်အထိ အသိအမှတ်ပြုမှု မရှိသေးဘူး။ အဖြေက ကျား-မ တန်းတူရေးမရှိလို့ပဲ။ ဒီမိုကရေစီနည်းအရကြည့်မယ်ဆိုရင် လူသားဖြစ်တဲ့အတွက် လူသားဆိုတာ Read More...