Home ဆောင်းပါး သြင်္ကန်လည်ပတ်သူ အမျိုးသမီးများ၏ သြင်္ကန်အပေါ်အမြင်

သြင်္ကန်လည်ပတ်သူ အမျိုးသမီးများ၏ သြင်္ကန်အပေါ်အမြင်

ရန်ကုန်သြင်္ကန်အကျနေ့ မြို့တော်ခမ်းမရှေ့မြင်ကွင်း (14 April, 2018)

မယ်လွန်း။       ။

“အမျိုးသမီးတွေချည်းပဲလည်တာ ပိုပြီးတော့ကောင်းတယ်။ အမျိုးသားတွေပါရင် သိတယ်မဟုတ်လား.. သူတို့မူးပြီးတော့ ရမ်းမှာစိုးရတယ်လေ။ အမျိုးသမီးတွေဆိုတော့ ပေါ့ပေါ့ပါးပါးပဲ။ သူငယ်ချင်းတွေနဲ့ဆိုတော့ ပျော်စရာကောင်းပါတယ်” (ABC စတိုးမှ အသက် ၂၁ နှစ်အရွယ် အမျိုးသမီးဝန်ထမ်းတဦး)

“လည်လို့ရှိရင်လည်း လုံလုံခြုံခြုံနဲ့ပေါ့။ လုံလုံခြုံခြုံဆိုတာ ထဘီနဲ့ အကျီရင်ဖုံးနဲ့ ဝတ်ရမှာကိုတော့ ပြောတာ မဟုတ်ဘူးပေါ့နော်။ ဘောင်းဘီရှည်နဲ့ အကျီ လုံလုံခြုံခြုံဆိုလည်း ရပါပြီ။” (မုံရွာမှ အသက် ၂၁ နှစ်အရွယ် အမျိုးသမီးငယ်တဦး)

သြင်္ကန်အကျနေ့ မြို့တော်ခန်းမရှေ့ မြင်ကွင်း (14th April, 2018)

“အမျိုးသားတွေပါတာက ကောင်းလည်းကောင်းတယ်။ မကောင်းလည်း မကောင်းဘူး။ ကောင်းတယ်ဆိုတာက သူငယ်ချင်းယောက်ျားလေးပါလို့ရှိရင် ပိုပြီးတော့ လုံခြုံတာပေါ့။ တခြားမူးယစ်သောက်စားနေတဲ့သူနဲ့တွေ့လို့ရှိရင် မိန်းကလေးတွေချည်းပဲဆို အဆင်မပြေနိုင်ဘူးလေ။” (နယ်မှ ရန်ကုန်တွင် အလုပ်လာလုပ်သူ အမျိုးသမီးငယ်တဦး)

“ဒီနှစ်က ပိုပျော်တယ်။ ဒီနှစ်က မဏ္ဍပ်တွေက အရင်နှစ်ကထက်လည်းများတယ်။ “ (မုံရွာမှ အသက် ၂၁ နှစ်အရွယ် အမျိုးသမီးငယ်တဦး)

သြင်္ကန်အကျနေ့ မြို့တော်ခမ်းမရှေ့မြင်ကွင်း (14th April, 2018)

အရက်သောက်ထားတဲ့သူတွေနားတော့ မသွားဘူးပေါ့။ ကိုယ့်ကို ဖျော်ရည်ဖြစ်ဖြစ် ရေဖြစ်ဖြစ် လာတိုက်ရင် လည်း မသောက်ဘူးပေါ့နော်။ အဲဒီလိုမျိုးတွေ သတိထားပြီးတော့ လည်ပါတယ်။ (ရန်ကုန်မှ အမျိုးသမီး ငယ်တဦး)

“မိန်းကလေးတွေ ကိုယ့်အန္တရာယ် ကိုယ်ရှောင်နိုင်ရင်တော့ ကောင်းတာပေါ့။ အရက်သေစာ သောက်စားတဲ့ သူတွေနားမှာမနေဖု့ိ၊ ကိုယ့်ဘာသာကိုယ် အန္တရာယ်ကင်းတဲ့ နေရာလေးမှာ နေကြပါလို့ ပြောချင်ပါတယ်” (အသက် ၅၀ ကျော်အရွယ် အမျိုးသမီးတဦး)

Related Articles