Home ဆောင်းပါး အမျိုးသားများကို အမြင်ဖွင့်ရန် ပိုမိုလိုအပ်နေပြီ

အမျိုးသားများကို အမြင်ဖွင့်ရန် ပိုမိုလိုအပ်နေပြီ

 

Photo Credit: https://hindi.news18.com

နန်းဆိုင်နွမ်

 

“ အမျိုးသမီးအခွင့်အရေး၊ အမျိုးသမီးအကြမ်းဖက်ခံရမှု၊ သက်ငယ်မုဒိမ်းတွေနဲ့ပတ်သက်ပြီး ပညာပေးမှုတွေကို အမျိုးသားတွေ ပိုသိထားသင့်ပါတယ်”

Justice House (တရားဥပဒေစိုးမိုးရေးနဲ့ တရားမျှတမှုစီမံချက်) မန်နေဂျာ ဦးဝေမိုးလှိုင်က ပြောလိုက်တာပါ။

သက်ငယ်မုဒိမ်းကျူးလွန်ရင် ထောင်ဒဏ်နှစ်(၂၀)ဆိုတဲ့ ဆိုင်းဘုတ်ကို စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်နဲ့ ယင်း မာခရိုင်အတွင်းမှာရှိတဲ့ ကျေးရွာတွေမှာ အများပြည်သူ  သိသာထင်ရှားအောင် စိုက်ထူထားတာကတော့ ထူးခြားမှု တခုပါ။

ဒီဒေသရဲ့ နောက်ထပ်ထူးခြားချက်ကတော့ အမျိုးသားတွေကိုယ်တိုင်ဦးဆောင်ပြီး အမျိုးသမီးတွေအပေါ် အကြမ်း ဖက်မှုတွေကို ကာကွယ်ဖို့၊ သက်ငယ်မုဒိမ်းတွေ ကာကွယ်ဖို့၊ တက်တက်ကြကြွဆောင်ရွက်နေကြတာပါ။

“ အမျိုးသမီးအခွင့်အရေးနဲ့ ပတ်သက်တဲ့အသိပညာတွေကို အမျိုးသမီးတွေကိုပဲ သွားပေးနေတာထက် ပြစ်မှုကျူး လွန်နေတဲ့ အမျိုးသားတွေသိဖို့ ပိုပြီးလိုအပ်ပါတယ်” လို့ Justice House မှ စီမံကိန်းမန်နေဂျာ ဦးဝေမိုးလှိုင်က ပြော လိုက်တာပါ။

ကလေးအခွင့်အရေး၊ အမျိုးသမီးများအပေါ် အကြမ်းဖက်မှုတွေက ကာကွယ်စောင့်ရှောက်ရေးဆိုင်ရာ ပညာပေးမှု လုပ်ဆောင်နေသူတွေနဲ့ ဥပဒေရေးရာအရ ကူညီနေသူအများစုဟာ အမျိုးသမီးအဖွဲ့အစည်းတွေ ဖြစ်ကြပါတယ်။

ကျေးရွာတွေမှာ အမျိုးသမီးအခွင့်အရေးတွေကို သွားဟောပြောကြရင်လည်း ရွာသူကြီးတွေက အမျိုးသမီးများကို သာ ဖိတ်ကြားထားတတ်လို့ အမျိုးသားများကိုပါ ဖိတ်ပေးဖို့ သေချာကြိုတင်အကြောင်းကြားထားရတယ်လို့ ဦးဝေ မိုးလှိုင်က သူ့အတွေ့အကြုံတွေကို ဝေမျှပါတယ်။

Justice House ရဲ့အဓိကလုပ်ငန်းစဉ်ကတော့ သက်ငယ်မုဒိမ်းမှုကို ကြီးလေးတဲ့ပြစ်ဒဏ်ပေးနိုင်ဖို့နဲ့ အမျိုးသမီးအ ခွင့်အရေး ချိုးဖောက်ခံနေရတဲ့သူတွေကို ဥပဒေရေးရာအရ လိုက်ပါကူညီစောင့်ရှောက်ဖို့၊ ပြီးတော့ ဒါတွေနဲ့ ပါတ် သက်တဲ့ အသိပညာပေးတဲ့အစီအစဉ်တွေ ဖြစ်ပါတယ်။

“ကျနော်တို့ လှုပ်ရှားနေတဲ့နေရာတွေမှာ သက်ငယ်မုဒိမ်းမှုနဲ့ အိမ်တွင်းအကြမ်းဖက်မှုတွေ အများဆုံးဖြစ်နေပြီး  ကျူး လွန်ခံရတဲ့သူတွေ အများစုက အသိပညာ၊ အတတ်ပညာ နိမ့်ပါးတဲ့ အခြေခံပြည်သူတွေ၊ ငွေကြေးနွမ်းပါးတဲ့ ပြည် သူတွေ ပိုများပါတယ်” လို့ ဦးဝေမိုးလှိုင်က ဆိုပါတယ်။

အရင်က စစ်ကိုင်းတိုင်းဒေသကြီးအတွင်းမှာ သက်ငယ်မုဒိမ်းမှုတွေ မကြာခဏဖြစ်ပွားပေမယ့် ကျူးလွန်ခံရတဲ့သူ တွေက အမှုမဖွင့် ကြဘူးလို့လည်း ဦးဝေမိုးလှိုင်က ပြောပြပါတယ်။

Justice House အဖွဲ့အနေနဲ့ စစ်ကိုင်းတိုင်းဒေသကြီးကို အဓိကဦးတည်လုပ်ဆောင်ရတဲ့ ရည်ရွယ်ချက်ကတော့     “ ဒီဒေသတွေမှာ အသိပညာတွေ အားနည်းနေတယ်။ ဗဟုသုတတွေ မရှိကြသလို၊ ကလေးသူငယ် အခွင့်အရေးနဲ့ အမျိုးသမီးအခွင့်အရေးတွေကို ဘယ်လိုမှ နားမလည်ကြဘူး” လို့ ဦးဝေမိုးလှိုင်က ဆိုပါတယ်။

Justice House အဖွဲ့လုပ်ဆောင်ခဲ့တဲ့ (၆)လတာကာလအတွင်းမှာတော့ သက်ငယ်မုဒိမ်းမှု(၂၀)၊ ခိုးယူပေါင်းသင်းမှု (၁၀)မှုရှိပြီး လင်မယားကွာရှင်းလိုမှုကတော့ (၅)မှုရှိတယ်လို့ သိရပါတယ်။

လက်ရှိမှာ Justice House အဖွဲ့အနေနဲ့ မုံရွာမြို့က ဖခင်အရင်းက သမီးကို အဓမ္မပြုကျင့်တဲ့အမှုကို ဥပဒေကြောင်း အရ လိုက်လံကူညီနေပါတယ်။

ဖြစ်စဉ်က လွန်ခဲ့တဲ့နှစ်၊ ဧပြီလမှာ ဖခင်ဖြစ်သူက အသက်(၁၂)အရွယ်သမီးကို အတင်းအဓမ္မပြုကျင့်ပြီး ခြိမ်းခြောက် ခဲ့တာပါ။

“ ဖခင်စိတ်မရှိတဲ့အမှုပေါ့။ အဖေကိုယ်တိုင် သမီးကို အဓမ္မကျင့်တယ်။ ခြိမ်းခြောက်တယ်။ နောက်ပြီး တခြားသူကို ရောင်းစားတဲ့အထိ လုပ်ခဲ့တာပါ။ အခုတော့ တရားရင်ဆိုင်နေရပါတယ်” လို့  Justice House တရားလွှတ်တော် ရှေ့နေဦးခင်မောင်ချစ်က ပြောပါတယ်။

ဒီအမှုကို မုံရွာခရိုင်တရားရုံးက ရာဇသတ်ကြီး ပုဒ်မ (၃၇၆) နဲ့ တရားစွဲဆိုထားပြီး အမှုအမှတ် (၂၉/၂၀၁၇)နဲ့ ရုံးတင် စစ်ဆေးနေတယ်လို့ ဦးခင်မောင်ချစ်က ပြောပြပါတယ်။

သက်ငယ်မုဒိမ်းမှာ အမှုကျူးလွန်သူအများစုဟာ  အသိပညာနည်းပါးတဲ့သူတွေဖြစ်တယ်လို့ ဦးခင်မောင်ချစ်က ပြော ပါတယ်။

သက်ငယ်မုဒိမ်းနဲ့ အမျိုးသမီးအခွင့်အရေး အသိပညာပေးဟောပြောပွဲတွေလုပ်တဲ့အခါမှာ အမျိုးသားတွေ ဦးဆောင် ပြီး လုပ်တဲ့အတွက် အခက်အခဲကတော့ ရှိတယ်လို့လည်း ဦးဝေမိုးလှိုင်က ပြောပါတယ်။

“ ရွာတွေသွားရင် ကျနော်တို့အဓိကပစ်မှတ်က အမျိုးသမီးပဲ မဟုတ်ပါဘူး။ အမျိုးသားတွေကိုပါ ခေါ်ပါတယ်။ အမျိုး သမီးအခွင့်အရေးနဲ့ ပတ်သက်တာတွေ ဟောပြောရင် အမျိုးသားတွေက သိပ်မကြိုက်ကြဘူး။ ဟောပြောနေချိန်မှာ ထထွက်သွားတာတွေ၊ မေးခွန်းအမေးအဖြေတွေလုပ်ရင် မဖြေချင်တာတွေလည်း ကြုံရပါတယ်” လို့ သူက ကြုံတွေ့ ခဲ့တာတွေကို ပြန်ပြောပြပါတယ်။

ဟောပြောပွဲတွေမှာ အမျိုးသမီးအခွင့်အရေးတွေ၊ အိမ်တွင်းအကြမ်းဖက်မှုတွေအကြောင်းပြောရင် ယောကျ်ားတွေ ရုတ်တရက်ထပြန်သွားတတ်ကြောင်းလည်း ဦးဝေမိုးလှိုင်က ပြောပြပါတယ်။

သူတို့ဟာ ကလေးသူငယ်ဆိုင်ရာအခွင့်အရေးကို စာသင်ကျောင်းတွေမှာပါ သွားရောက်ဟောပြောပြီး အမျိုးသမီး အခွင့်အရေးပညာပေးတွေကိုတော့ ကျေးရွာတွေအထိ သွားရောက်လုပ်ဆောင်ကြတယ်လို့ ဆိုပါတယ်။

ကလေးသူငယ်တွေကို ဟောပြောတဲ့အခါမှာလည်း ကလေးငယ်တွေသိသင့်တဲ့၊ မိန်းကလေးငယ်တွေနဲ့ဆိုင်တဲ့ အ မျိုးသမီးအခွင့်အရေးကိုလည်း ထည့်သွင်းပြောပြကြပါတယ်လို့ ဦးဝေမိုးလှိုင်က ပြောပါတယ်။

“ပညာပေးဟောပြောပွဲတွေ လုပ်ရင်တော့ အမျိုးသားတွေ ပါဝင်မှုကို မဖြစ်မနေ ကျနော်တို့စဉ်းစားရပါတယ်” လို့ ဦး ဝေမိုးလှိုင်က ပြောပါတယ်။

မုံရွာခရိုင်နဲ့ ယင်းမာပင်ခရိုင်မှာတော့ အိမ်တွင်းအကြမ်းဖက်မှု၊ အိမ်တွင်းပဋိပက္ခတွေ ပိုများတယ်လို့ သိရပါတယ်။

“ အိမ်ထောင်ရေးပဋိပက္ခက တရားရုံးရောက်တဲ့အဆင့်ထိတော့ မရှိပါဘူး။ ညှိနှိုင်းပြီးတော့ ပြီးသွားကြတယ်”

အမျိုးသားတွေကိုယ်တိုင် အမျိုးသမီးအခွင့်အရေး၊ သက်ငယ်မုဒိမ်း ဒီလိုပညာပေးဟောပြောပွဲတွေမှာ များများပါဝင် နားထောင်လာရင်တော့ သက်ငယ်မုဒိမ်းမှုတွေ ပိုပြီးလျော့ကျပပျောက်သွားနိုင်ပါတယ်လို့လည်း အမျိုးသမီးအရေး တက်ကြွလှုပ်ရှားသူတွေက ပြောဆိုကြပါတယ်။

“ အမျိုးသားတွေကိုယ်တိုင် အမျိုးသမီးအခွင့်အရေးကို သိလာမယ်။ သက်ငယ်မုဒိမ်းကျူးလွန်ရင် ဘယ်လိုပြစ်ဒဏ် တွေ ပေးသလဲဆိုတာ သိလာကြရင်၊  အလွယ်တကူ ကျူးလွန်ဖို့ တွန့်လာမယ်ဆိုရင်၊ အမျိုးသမီးတွေနဲ့ မိန်းက လေးငယ်တွေဘဝ ပိုလုံခြုံလာမယ်” လို့ မုံရွာမြို့နေ အသက်(၂၅)နှစ်အရွယ် မနှင်းအေးက ဆိုပါတယ်။

သက်ငယ်မုဒိမ်းနဲ့ဆိုင်တဲ့ဥပဒေ၊ အမျိုးသမီးနဲ့ဆိုင်တဲ့ ဥပဒေတွေကို ပညာပေးဟောပြောပြီး နောက်ပိုင်းမှာတော့ ကျေးလက်ဒေသက ပြည်သူတွေတခုခုဖြစ်လာရင် အရင်ကလို ငြိမ်ခံနေတာမျိုး မရှိတော့ဘဲ ဥပဒေကြောင်းအရ အကြံဉာဏ်တွေ လာတောင်းကြတယ်လို့ တရားလွှတ်တော်ရှေ့နေ ဦးခင်မောင်ချစ်က ပြောပါတယ်။

“အခုနောက်ပိုင်းမှာ သူတို့အရင်ကလို သက်ငယ်မုဒိမ်းဆိုရင် ငြိမ်နေတာမျိုး၊ ဂတ်ရောက်ရုံးရောက်မှာ ကြောက်တာ မျိုး မရှိတော့ဘဲ လာတိုင်ကြားကြပါတယ်။ တခုခုဖြစ်လာရင် ဥပဒေက ကာကွယ်ပေးတယ်၊ ဥပဒေကို  ကျူးလွန်တဲ့ သူတွေ ပြစ်ဒဏ်ခံရမယ်ဆိုတာ  သူတို့သိလာတယ်။ ကူညီပေးနိုင်တဲ့သူတွေကို သူတို့ရှာဖွေလာကြပါတယ်” လို့ ဦး ခင်မောင်ချစ်က ဆိုပါတယ်။

အမျိုးသားတွေ ပါဝင်လာဖို့ အမျိုးသားအချင်းချင်း ပညာပေးခြင်းဟာ ပိုပြီးထိရောက်တယ်လို့လည်း Jusice House စီမံကိန်းမန်နေဂျာ ဦးဝေမိုးလှိုင်က မှတ်ချက်ပြုပါတယ်။

အမျိုးသားတွေအနေနဲ့ အမျိုးသမီးအခွင့်အရေး တက်ကြွလှုပ်ရှားမှုတွေမှာ ပိုမိုပါဝင်လာဖို့ လိုအပ်နေကြောင်းလည်း Justice House အဖွဲ့က ပြောပါတယ်။

တရားလွှတ်တော်ရှေ့နေဦးခင်မောင်ချစ်ကလည်း “ အမျိုးသားတွေ ပိုပါဝင်လာဖို့ ကျနော်မျှော်လင့်ပါတယ်။ အမျိုး သားတွေ ပါလာရင် အမျိုးသမီးတွေကို အကြမ်းဖက်မှုကနေ ပိုကာကွယ်နိုင်မယ်။ ကလေးသူငယ်အခွင့်အရေးတွေ လည်း ပိုတိုးတက်လာမယ်။ ဒါကြောင့် ကျနော့်အမြင်ကတော့ အမျိုးသားတွေပါဝင်လာဖို့ လုပ်နိုင်ရင် ပိုအကျိုးရှိပါ တယ်။ ကောင်းဖို့ပိုများပါတယ်။ လုပ်သင့်လုပ်ထိုက်တယ်လို့ ကျနော်မြင်ပါတယ်” လို့ သူကထောက်ခံပြောကြား လိုက်ပါတယ်။

Related Articles