Home သတင်း အမျိုးသမီးရေးကို ပိုမိုအာရုံစိုက်လုပ်ဆောင်သွားမည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်

အမျိုးသမီးရေးကို ပိုမိုအာရုံစိုက်လုပ်ဆောင်သွားမည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်

ခက်ဆစ်။           ။  

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ဗဟိုအမျိုးသမီးလုပ်ငန်းအဖွဲ့ကို သြဂုတ်လ(၂၁)ရက်နေ့တွင် စတင်ဖွဲ့စည်းလိုက်ကြောင်း အမျိုးသား ဒီမို ကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်မှုဆောင်အဖွဲ့၏ ထုတ်ပြန်ချက်အရ သိရသည်။

အဆိုပါ ဗဟိုအမျိုးသမီးအဖွဲ့တွင် ဥက္ကဌအဖြစ် ဒေါက်တာမေဝင်းမြင့်၊ အတွင်းရေးမှူးအဖြစ် ဒေါ်ဇင်မာအောင် တို့မှ ဦးဆောင်ကာ အဖွဲ့ဝင် (၉)ဦးဖြင့် ဖွဲ့စည်းလိုက်ခြင်းဖြစ်သည်။

“ပါတီအတွင်း အမျိုးသမီးတွေ ပြန်လည်စုစည်းနိုင်အောင်၊ အားကောင်းအောင်၊ ပထမအဆင့်အနေနဲ့ လုပ် ဆောင်သွားမှာပါ။ ပြီးတော့ အမျိုးသမီးတွေနဲ့ပတ်သက်တဲ့ အကြောင်းအရာတွေကို မျက်ခြေမပြတ်ဖို့ လိုတယ်။ နောက်တဆင့်အနေနဲ့ကတော့ ပြင်ပအမျိုးသမီးအဖွဲ့တွေနဲ့ ချိတ်ဆက်လာနိုင်မယ်။ အမျိုးသမီးတွေနဲ့ ပတ် သက်တဲ့ အကြောင်းအရာတွေကို သတ်သတ်မှတ်မှတ် ပိုပြီးလုပ်ဆောင်နိုင်လာမယ်” ဟု ဗဟိုအမျိုးသမီးအဖွဲ့ အတွင်းရေးမှူး ဒေါ်ဇင်မာအောင်က ပြောသည်။

အဖွဲ့အနေဖြင့် လုပ်ငန်းစဉ်များချမှတ်ကာ လုပ်ဆောင်နိုင်ရန်အတွက် အစည်းအဝေးခေါ်ယူကာ ပါတီမူဝါဒနှင့် အညီ လုပ်ငန်းအဖွဲ့ဖွဲ့စည်းရေးနှင့် လှုပ်ရှားမှုများကို ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ယခင်ထက်ပိုပြီး အမျိုး သမီးအရေးကို ပိုမိုအာရုံစိုက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း၊ အမျိုးသမီးအရေးလှုပ်ရှားဆောင်ရွက်နေသော အဖွဲ့အစည်းများနှင့်လည်း ချိတ်ဆက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။

ပါတီ၏မူဝါဒနှင့်အညီ လုပ်ဆောင်ရခြင်းကြောင့် အမျိုးသမီးအရေးတက်ကြွလှုပ်ရှားနေသည့်အဖွဲ့များ၏ လှုပ်ရှား မှုများနှင့် အနည်းငယ်ကွာခြားနိုင်သော်လည်း အမျိုးသမီးအရေးနှင့်ပတ်သက်သည့်ကိစ္စရပ်များကိုတော့ ယခင် ကထက် ပိုမိုလုပ်ဆောင်နိုင်မည်ဟု မျှော်လင့်ကြောင်း ရန်ကင်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် တစ်ဦးလည်းဖြစ်သည့် ဒေါ်ဇင်မာအောင်ကပြောသည်။

“နိုင်ငံရေးပါတီတစ်ခုဖြစ်တဲ့အတွက်ကြောင့်မို့လို့ ပါတီရဲ့မူနဲ့ နိုင်ငံရေးအရ ထိလွယ်ရှလွယ်ဖြစ်တဲ့ကိစ္စတွေကို ချိန်ဆရတာတွေတော့ ရှိနိုင်ပါတယ်။ လွတ်လပ်တဲ့ အမျိုးသမီးအခွင့်အရေး လှုပ်ရှားနေတဲ့အဖွဲ့တွေနဲ့တော့ အထိုက်အလျောက် ကွာကောင်းကွာပါလိမ့်မယ်။ ဒါပေမယ့်လည်း အမျိုးသမီးတွေနဲ့ပတ်သက်တဲ့ပြဿနာတွေ၊ Issue (အကြောင်းအရာ)တွေကိုတော့ စုစုစည်းစည်းနဲ့လုပ်ဆောင်နိုင်မယ်။ နောက်ပြီး ပါတီကနေ ပူးပေါင်းပြီး လုပ်ဆောင်လို့ရမယ့်ကိစ္စတွေဆိုရင်လည်း လုပ်ငန်းအဖွဲ့ဆိုပြီး ရှိနေမှာမို့ အရင်ကထက်ပိုပြီးတော့ လုပ်လာနိုင် မယ်လို့ မျှော်လင့်ပါတယ်” ဟု သူကပြောသည်။

ဗဟိုအမျိုးသမီးအဖွဲ့ကို ပါတီအတွင်း ၂၀၁၂ ခုနှစ်က စတင်ဖွဲ့စည်းလုပ်ဆောင်ခဲ့သော်လည်း ယခုအချိန်မှသာ ဗဟိုအလုပ်မှုဆောင်အဖွဲ့ အစည်းအဝေးဆုံးဖြတ်ချက်ဖြင့် တရားဝင်ဖွဲ့စည်းကာ ကြေညာချက်ထုတ်ပြန်ခဲ့ခြင်း ဖြစ်ကြောင်းသိရသည်။

 

 

Related Articles