Home သတင်း ကချင် စစ်ပြေးဒုက္ခသည်အမျိုးသမီးများ ပိုမိုအခက်အခဲတွေ့နေ

ကချင် စစ်ပြေးဒုက္ခသည်အမျိုးသမီးများ ပိုမိုအခက်အခဲတွေ့နေ

Photo: Nang Pu (Facebook)

 

မလိခ ။         ။

ကချင်ပြည်နယ် နမ္မတီးမြို့နယ်၊ ကဆုန့်ကျေးရွာတွင် သြဂုတ်လ (၁၁) ရက်နေ့က ကချင်လွတ်လပ်ရေး တပ် မတော်(KIA)နှင့် မြန်မာ့တပ်မတော်တို့ တိုက်ပွဲဖြစ်ပွားခဲ့သဖြင့် နမ္မတီးမြို့ပေါ်သို့ ထွက်ပြေးတိမ်းရှောင်လာ သူများထဲတွင် အမျိုးသမီးနှင့် ကလေးငယ်များ အခက်အခဲ ပိုမိုကြုံတွေ့နေရသည်ဟု သိရသည်။

KIA တပ်မဟာ (၂)လက်အောက်ခံ တပ်ရင်း (၁၁)တပ်ဖွဲ့များနှင့် တပ်မတော်တို့အကြား ကဆုန့်ကျေးရွာအနီး သြဂုတ်လ (၁၀)ရက်နေ့ နံနက်ပိုင်းက စတင်တိုက်ပွဲဖြစ်ပွားခဲ့ပြီး သြဂုတ်လ (၁၁)ရက်နေ့ နံနက် (၁၀) နာရီ အချိန်တွင် ဒေသခံများက ကက်သလစ်ဘုရားကျောင်းတွင် ထွက်ပြေးတိမ်းရှောင်ရေးနှင့်ပတ်သက်၍ အစည်းအဝေး ပြုလုပ်နေစဉ် တပ်မတော်ဘက်မှ စစ်အင်အား အလုံးအရင်းဖြင့် ဝင်ရောက်လာကာ ပစ်ခတ် မှုများရှိခဲ့သဖြင့် ကျေးရွာသားများ ကိုယ်လွတ်ရုန်း ထွက်ပြေးခဲ့ကြရသည်ဟု စစ်ပြေးဒုက္ခသည်များအား အကူအညီပေးနေသည့် နမ္မတီးမြို့၊ လမ်ဘရော့ယန် ကက်သလစ်အသင်းတော်မှ အထွေထွေ အတွင်းရေးမှူး ဦးလဂျာက ပြောသည်။

“အမျိုးသမီးနဲ့ကလေးတွေ ပိုများနေတယ်။ ဒါကြောင့် ဒီမှာ အမျိုးသမီးအဖွဲ့အစည်းတွေ တော်တေ်ာများများ လာကူညီတာတွေတော့ ရှိတယ်။ ဒီမှာက လူအများနဲ့ ပြွတ်ကြပ်နေအောင် အိပ်နေကြရတာ။ အစစအရာရာ အကုန်ခက်ခဲတယ်။ နေရာထိုင်ခင်းကအစ အကုန်ခက်နေကြတယ်”ဟု သူက ပြောပြသည်။

Photo: Zungki (Facebook)

လက်ရှိ အခြေအနေအရ အမျိုးသမီးနှင့် မိန်းကလေးငယ်များအတွက် နေရာထိုင်ခင်းနှင့် ပတ်သက်၍ လုံခြုံမှု မရှိသဖြင့် ပိုမိုစိုးရိမ်နေရသည်ဟု စစ်ပြေးဒုက္ခသည်များကို သွားရောက်ကြည့်ရှုခဲ့သော မြစ်ကြီးနားမြို့ အ ခြေစိုက် ထွယ်အမျိုးသမီးများနှင့် ဖွံ့ြုဖိုးရေးဖောင်ဒေးရှင်းမှ တာဝန်ခံ ဒေါ်နန်ပူက ပြောသည်။

“လုံခြုံရေးက ဘယ်လိုရှိတော့မလဲ၊ အကုန်ဖြန့်ကျက်ပြီးအိပ်နေကြတာ။ မိန်းမပျိုလေးတွေအတွက် လံြုခုံမှု မရှိ လို့ စိုးရိမ်တယ်”

နေရာထိုင်ခင်းနှင့် အိမ်သာ အခက်အခဲကလည်း ကြီးမားသည်ဟု ဒေါ်နန်ပူက ပြောသည်။

“နောက်ပြီး လူတွေကများ။ ဘုရားကျောင်းမှာလည်း တခါတလေ ပွဲလုပ်တဲ့အခါ သုံးဖို့ လုပ်ထားတဲ့ အိမ်သာ တခု၊ နှစ်ခုဘဲ ရှိတာ။ လူက ရာဂဏန်းဆိုတော့ ရေနဲ့ အိမ်သာ ပြဿနာက ပိုပြီး အရေးကြီးတယ်။ ဆေး ကျောရ၊ အဝတ်လျှော်ရမယ်ဆိုတော့ ရေနဲ့ အိမ်သာကလည်း မလောက်ဘူး”

အခြားအစားအသောက်နှင့် အရေးပေါ်ပစ္စည်းများကို ဦးစားပေးပံ့ပိုးနေကြသဖြင့် အမျိုးသမီး အသုံးအ ဆောင် ပစ္စည်းများ လိုအပ်လျက်ရှိသည်ဟု ပြောသည်။

Photo: Nang Pu (Facebook)

“အမျိုးသမီးတွေဆိုရင်လည်း ထမီ(ရာသီ)လာရင် လဲဖို့က မရှိဆိုတော့ အရမ်းဒုက္ခရောက်နေတာ တွေ့ရ တယ်။ ကျမတို့တတ်နိုင်သလောက်ပေးတာတွေလည်း မလောက်ဘူး”

ဒုက္ခသည် ကလေးများလည်း အစားအသောက် အခက်အခဲများ ကြုံနေရသည်ဟု ပြောပြသည်။

“မနေ့က ကျမရောက်တာနဲ့ သူတို့ထမင်းစားနေတာတွေ့ရတော့ ဟင်းရည်ကလည်း အရည်ကျဲဆိုတော့ ကလေးတချို့က သနားစရာ မစားနိုင်ဘူး။ မိုးကလည်း အရမ်းရွာ၊ နေက မသာဆိုတော့ တော်တော် ဒုက္ခ ရောက်နေကြပါတယ်” ဟု သူကပြောသည်။ “သူတို့ အရမ်းဒုက္ခရောက်နေတာကို တွေ့ခဲ့တယ်။ သူတို့က ဟောခန်းမှာ သမံသလင်းပေါ် မိုးကာခင်းပြီး နေကြတာ။ မိုးကလည်း ရွာ။ စိုစိုစွတ်စွတ်နဲ့ ကောဇောခင်းထား တာ၊ အဝတ်အစားတွေ လှမ်းထားတာလဲ မိုးရွာတော့ မခြောက်ဘူး။ ကလေးတွေလည်း ဘောင်းဘီလဲဖို့က မရှိ။ အဝတ်အစားမလောက်”  ဟု သူက ပြောသည်။

ကဆုန့်ကျေးရွာတွင် အလယ်တန်းကျောင်းအထိ ရှိပြီး ဇွပ်မိုင်ယန်ကျေးရွာတွင် မူလတန်းကျောင်းရှိရာ ထွက် ပြေးတိမ်းရှောင်ခဲ့ရသော ကျောင်းသူကျောင်းသားများ ကျောင်းဆက်တက်နိုင်ရေးအတွက် အင်ဂျန်းယန်မြို့ နယ် လွတ်တော်ကိုယ်စားလှယ် ဒေါ်ဂျာဆိုင်းခေါန်က စီစဉ်ဆောင်ရွက်ပေးနေသည်ဟု ဦးလဂျာက ပြော သည်။

Photo: Zungki (Facebook)

နမ္မတီးမြို့မှ ၁၃ မိုင်အကွာအဝေးရှိ ကဆုန်းကျေးရွာသားများနှင့် ဇွပ်မိုင်ယန်ကျေးရွာသားများ နမ္မတီးမြို့ လမ် ဘရော့ယန် ကက်သလစ်ဘုရားကျောင်းသို့ ယနေ့ သြဂုတ်လ (၁၄)ရက်နေ့ထိ အမျိုးသား (၁၅၇)ဦးနှင့် အမျိုး သမီး (၃၉၅)ဦး၊ စုစုပေါင်းလူဦးရေ (၅၅၂)ဦးရှိပြီး နှစ်ခြင်းအသင်းတော်ခန်းမတွင် စစ်ပြေးဒုက္ခသည် အမျိုး သား (၂၃၂) နှင့် အမျိုးသမီး (၃၂၀)ဦး၊ စုစုပေါင်း(၅၉၂)ဦးကျော်ရှိကာ စုစုပေါင်း (၁၁၄၄) ဦး ရောက်ရှိနေပြီ ဖြစ်ကြောင်း သိရသည်။

 

Related Articles