Home ဆောင်းပါး အနုပညာ တင်ဆက်မှုများတွင် ခွဲခြားနှိမ့်ချမှုများ ရှောင်ရှားသင့်

အနုပညာ တင်ဆက်မှုများတွင် ခွဲခြားနှိမ့်ချမှုများ ရှောင်ရှားသင့်

Credit: Myanmar Celebrity မှ ကူးယူဖော်ပြသည်။

“အနုပညာသမားတွေက  ပြည်သူတွေကို လွှမ်းမိုးနိုင်တဲ့သူတွေပါ။ လူတွေရဲ့ အကြိုက်ကို လိုက်ပြီး အနုပညာကို ဖန်တီးရတယ်ဆိုတာ လူပြိန်းတွေရဲ့ အလုပ်လို့မြင်တယ်။ အနုပညာကို တန်ဖိုး မထားတတ်တဲ့သူလို့ မြင်တယ်။ လူတွေကို အနုပညာကို ခံစားနားလည်လာအောင် အသက် သွင်းပေးရမှာ အနုပညာရှင်ရဲ့တာဝန်ပဲ”

နန်းဆိုင်နွမ် (HI)။          ။

အမျိုးသမီးရေးရာအဖွဲ့က ဇွန်လကုန်ပိုင်းမှာစီစဉ်တဲ့ အမျိုးသမီးများရဲ့သမိုင်းအစဉ်အဆက် ဝတ်စား ဆင် ယင်မှုပြပွဲမှာ  LGBT (လိင်တူချစ်သူ) ကိုနှိမ့်ချခွဲခြားဆက်ဆံတဲ့ ပြဇာတ်နဲ့ သက်ငယ်မုဒိမ်းမှု ပညာပေးမှု တွေမှာ ပညာပေးမှု မှားယွင်းနေတယ်လို့ လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူတွေက ထောက်ပြပြော ဆိုလိုက်ပြီး မြန်မာနိုင်ငံ ရုပ်ရှင်လောကမှာ လိင်တူချစ်သူ LGBT တွေကို နှိမ့်ချခွဲခြားဆက်ဆံတဲ့ ဇာတ် ကားတွေ၊ ပြဇာတ်တွေ၊  မပြုလုပ်သင့်တော့ကြောင်း လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူတွေက တောင်းဆိုပါတယ်။

LGBT ဆိုတာ အမျိုးသမီးချင်း ချစ်ခင်စုံမက်သူများ (Lesbian)၊ အမျိုးသားချင်း ချစ်ခင်စုံမက်သူများ (Gay)၊ အမျိုးသား အမျိုးသမီးနှစ်မျိုးစလုံးကို ချစ်ခင်စုံမက်သူများ (Bisexual) နှင့် ဆန့်ကျင်ဘက်လိင်ကဲ့ သို့ ပြောင်းလဲဝတ်စားနေထိုင်သူများ (Transgender) တို့ဖြစ်ပါတယ်။

အမျိုးသမီးရေးရာက စီစဉ်တဲ့ ပြပွဲမှာတော့ လိင်တူချစ်သူ LGBT ကို နှိမ့်ချခွဲခြားဆက်ဆံတဲ့ ပြဇာတ်နဲ့ သက်ငယ်မုဒိမ်း ပညာပေးမှုနဲ့ ပတ်သက်ပြီး သတင်းမှားပေးမှုတို့ကို လူ့အခွင့်အရေး တက်ကြွလှုပ်ရှား သူတွေက ရှုံ့ချမှုများ ရှိကြသလို လူမှုကွန်ရက်မှာလည်း ဝေဖန်မှုမျိုးစုံ တွေ့ရပါတယ်။

အမျိုးသမီးရေးရာက စီစဉ်တဲ့ပွဲနဲ့ ပတ်သက်ပြီး အမျိုးသမီးအရေး ဆောင်ရွက်နေတဲ့ ဒေါ်တင်တင်ညိုက   “အမျိုးသမီးတွေအတွက် ပညာရပြီး ဖြစ်စဉ်ပြောင်းလဲမှုကို ဦးတည်တဲ့ ပညာပေးမှု မပါတာကို ကျမတို့ တောက်လျှောက်တွေ့ခဲ့ရတယ်။ အဲ့အပေါ်မှာ စိတ်ပျက်ရပါတယ်” လို့လည်း ပြောပါတယ်။

အမျိုးသမီးရေးရာ အဖွ့ဲအစည်းက  အင်အားကြီးတဲ့ကဏ္ဍတရပ်အနေနဲ့ ရှိပြီး၊ ငွေကြေးအင်အားကောင်း သလို   လူထုလူတန်းစား အသီးသီးကို လွှမ်းမိုးနိုင်တဲ့ အနုပညာသမားတွေကိုလည်း အသုံးပြုခွင့်ရှိနေတာ ဖြစ်တဲ့အတွက် လက်ရှိမှာ လိုအပ်တဲ့ ပညာပေး ကျားမတန်းတူရေး နောက်ပြီး တရားမျှတရေးကို ဦးတည်တဲ့ ထောက်ပြပြောဆိုမှုတွေကို ပိုမိုလုပ်သင့်တယ်လို့လည်း မတင်တင်ညိုက ထောက်ပြ ပြောဆို လိုက်ပါတယ်။

Credit: Myanmar Celebrity မှ ကူးယူဖော်ပြသည်။

သက်ငယ်မုဒိမ်းမှုမှာလည်း အတိုအပြတ် ဝတ်ဆင်တဲ့အတွက် မုဒိမ်းမှု ဖြစ်ပွားရတာလို့ ပြောဆိုတဲ့အပေါ် ပြက်လုံးတွေပြုလုပ်ခဲ့တဲ့အပေါ်မှာ လူ့အခွင့်အရေး လှုပ်ရှားသူတွေက ရှုံ့ချပြန်ပါတယ်။

“ ကျူးလွန်ချင်တဲ့သူက  အကြမ်းဖက်လိုတဲ့စိတ် စော်ကားချင်တဲ့စိတ် ရှိတဲ့ကာလပတ်လုံး ဘယ်မှာနေနေ ဘာပဲဝတ်ဝတ် ကျူးလွန်ချင်တဲ့စိတ်ကတော့ ရှိမှာပဲ” လို့ ဦးအောင်မျိုးမင်း ကဆိုပါတယ်။

ပြဇာတ်ကသည့် အဓိက အကြောင်းရင်းမှာ လိင်တူချစ်သူတွေကို နှိမ့်ချထားခြင်း မဟုတ်ကြောင်း၊ ရယ် စရာ ဟာသအနေဖြင့်သာ တင်ဆက်ခြင်းဖြစ်ကြောင်း အမျိုးသမီးရေးရာပွဲကို စီစဉ်သူမြန်မာနိုင်ငံအမျိုး သမီးရေးရာအသင်းမှ အတွင်းရေးမှူးအဖွဲ့ဝင် ဒေါ်မြတ်မြတ်ဦးက ပြောပါတယ်။

ဒါတွေအပြင် မုဒိမ်းမှုမဖြစ်ပွားစေတဲ့  အတိုအပြတ်ဝတ်ခြင်းကို  ရှောင်ကြဉ်ခိုင်းသည်မှာ မှန်ကန်တဲ့ အသိ ပညာပေးမှုဖြစ်ကြောင်းလည်း ဒေါ်မြတ်မြတ်ဦးက ဆိုပါတယ်။

အနုပညာရှင်တွေနဲ့ ပြဇာတ်တွေ၊ ဟာသဇာတ်လမ်းတွေ ရိုက်တဲ့အခါမှာ လူတွေ ပေါ့ပေါ့ပါးပါးနဲ့  မိသား စုဝင် အချင်းချင်း နားထောင်နိုင်မယ့် ပြက်လုံး ဟာသတွေ လုပ်သင့်တယ်လို့လည်း  လူ့အခွင့်အရေး တက်ကြွ လှုပ်ရှားသူတွေက ထောက်ပြ ပြောဆိုကြပါတယ်။

LGBT လို့ခံယူတဲ့  မြန်မာရုပ်ရှင်  ဇာတ်ကားတွေမှာတော့  သရော်မှုတွေ၊ ခွဲခြားဆက်ဆံတာတွေ ယနေ့ထိ တိုင်ရှိနေသေးတယ်လို့ LGBT အရေးတက်ကြွလှုပ်ရှားသူတဦးဖြစ်တဲ့ ရှင်းသန့်က ဆိုပါတယ်။

“ရုပ်ရှင်တွေ ပြဇာတ်တွေ  LGBT  ကို နှိမ်တဲ့ နိမ့်ချတဲ့ရှုဒေါင့်က ရိုက်ကူးနေကြတာ နှစ်ပေါင်းများစွာရှိ နေပြီ၊ ဒါပေမယ့် နှစ်ပေါင်းများစွာ LGBT က အရှေ့ကို မရောက်ဘူး။ အမြဲတမ်း အနှိမ်ခံတဲ့သူတွေ ဖြစ်နေ ကြတယ်” လို့ ရှင်းသန့်က ပြောပါတယ်။

မြန်မာဇာတ်ကားတွေ  ပေးတဲ့ သတင်းအချက်အလက်က မိန်းမလျာဆိုတာ အရှက်မရှိ၊ အတင်းပြော၊ ကောင်လေးတွေမြင်ရင် သိက္ခာမရှိ၊ အတင်းချစ်ကြိုက်တာတွေ၊ မိန်းမအစစ်တွေနဲ့ ရန်ဖြစ်တာတွေကို နှစ် ပေါင်းများစွာ ရိုက်လာကြတယ်လို့ LGBT လို့ခံယူထားတဲ့ ဂေးအလှမယ် မျိုးကိုကိုစန်းက သူမရဲ့ ဖေ့ဘုတ်စ်မှာ ရေးသားထားပါတယ်။

ဆက်လက်ပြီး ဂေးအလှမယ် မျိုးကိုကိုစန်း “ရိုက်တာ မရိုက်တာ သူတို့ အခွင့်အရေး၊ တောင်းဆိုရမှာ တော့ ကျမတို့ အခွင့်အရေးပါ။  LGBT တွေကို အပြင်လောကမှာ အနှိမ်ခံ၊ အလှောင်ခံ ဇာတ်ရုပ်တွေ တကယ် မကြိုက်ပါဘူး။ ဟာသဇာတ်ရုပ်တွေမဟုတ်ဘဲ တခြားဇာတ်ရုပ်တွေနဲ့ ရိုက်လို့ရပါတယ်” လို့  ဆို ပါတယ်။

ရုပ်ရှင်လောကမှာ LGBT တွေကို ဟာသလုပ်နေတာနဲ့ ပတ်သက်ပြီး ရိုက်ခွင့်ရှိပေမယ့်  LGBT တွေရဲ့ ရပ် တည်မှုကို မနစ်နာစေတဲ့ ဇာတ်ညွှန်းတွေ၊ စကားလုံးတွေ သုံးနှုန်းပေးကြဖို့ မျိုးကိုကိုစန်းက ပြောပါတယ်။

ပရိသတ်အကြိုက် ငွေရရုံနဲ့ မှားယွင်းတဲ့သတင်းစကားတွေပေးတဲ့ ရုပ်ရှင်တွေ ပြဇာတ်တွေ မလုပ်သင့် ကြောင်း၊ ငွေရရုံနဲ့ လူ့အသိုင်းအဝန်းကြားက လူနည်းစုကို ခွဲခြားဖိနှိပ်ပြီး အကြမ်းဖက် အထင်သေးလိုတဲ့ စိတ် မရိုက်သွင်းသင့်ကြောင်းလည်း ညီမျှခြင်းမြန်မာမှ ဒါရိုက်တာ လူ့အခွင့်အရေးတက်ကြွလှုပ်ရှားသူ ဦးအောင်မျိုးမင်းက Honest Information (Hi) ကို ပြောပါတယ်။

“ လူပီသသော အနုပညာရှင်များဖြစ်အောင် ကြိုးစားပါ။ အနုပညာရှင်တွေက သာမာန်လူထက် ပိုပြီးတော့ လူထင်ရှားတယ်။ လူတွေက စိတ်ဝင်စားတာခံရတယ်။ အဲဒီတော့ ကိုယ်ပေးတဲ့ သတင်းစကားက မှန်ကန် သော ငြိမ်းချမ်းရေး ထွန်းကားပြီး ခွဲခြားမှု လက်မခံတဲ့ သတင်းစကား ဖြစ်ရမယ်” လို့ ဦးအောင်မျိုးမင်းက ဆိုပါတယ်။

ပြည်သူလူထုတွေက အရင်ကထက် နားလည်သဘောပေါက်ပြီး လူ့အခွင့်အရေးတွေကို သိလာကြ ကြောင်း၊ ဒါ့ကြောင့်  အနုပညာအရ လူမှုအသိုင်းအဝန်းကြားမှာ လူထုလက်မခံတဲ့ ခွဲခြားဖိနှိပ်မှုတွေကို အားပေးတဲ့ အနုပညာရှင်တွေ  ရေရှည်ရပ်တည်နိုင်မှာ မဟုတ်တော့ကြောင်းလည်း လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူတွေက ပြောပါတယ်။

LGBT ကို နှိမ့်ချခွဲခြား ဆက်ဆံတဲ့ ဇာတ်ဝင်ခန်းတွေနဲ့ ပတ်သက်ပြီး မြန်မာ့အမျိုးသမီးသမဂ္ဂမှ ဥက္ကဌ ဒေါ်တင်တင်ညိုကလည်း “အနုပညာသမားတွေက  ပြည်သူတွေကို လွှမ်းမိုးနိုင်တဲ့သူတွေပါ။ လူတွေရဲ့ အကြိုက်ကို လိုက်ပြီး အနုပညာကို ဖန်တီးရတယ်ဆိုတာ လူပြိန်းတွေရဲ့ အလုပ်လို့မြင်တယ်။ အနုပညာကို တန်ဖိုး မထားတတ်တဲ့သူလို့ မြင်တယ်။ လူတွေကို အနုပညာကို ခံစားနားလည်လာအောင် အသက် သွင်းပေးရမှာ အနုပညာရှင်ရဲ့တာဝန်ပဲ” လို့ ပြောဆိုလိုက်ပါတယ်။

LGBT အရေးနဲ့ပတ်သက်ပြီးခွဲခြား ဆက်ဆံမှုမရှိအောင်၊ သက်ငယ်မုဒိမ်းမှု ကျူးလွန်သူတွေကို ကြီးလေး တဲ့ ပြစ်ဒဏ်ချမှတ်နိုင်ဖို့နဲ့ သက်ငယ်မုဒိမ်းမှု မကျူးလွန်အောင် လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူတွေက ပညာပေးမှုတွေကို အရှိန်အဟုန်နဲ့ ပြုလုပ်နေကြပါတယ်။

အနုပညာ တွေကို ဦးအောင်မျိုးမင်းက “ တိုင်းရင်းသားလူမျိုးတွေ၊ ခန္ဓာကိုယ်မသန်စွမ်းတဲ့သူတွေကို နှိမ့်ချ တာမျိုးဆိုရင်တော့ ကျနော်တို့က အဖြူရောင်ပြက်လုံး Joke(ဟာသ)လို့ ခေါ်လို့မရဘူး။  အခြားသူတ ယောက်ရဲ့ အားနည်းမှုကို အခွင့်ကောင်းယူပြီး လှောင်ပြောင်မှုဟာ လူသားဆန်မှု မဟုတ်ပါဘူး” လို့ ဝေဖန် ထောက်ပြလိုက်ပါတယ်။

Related Articles