Home သတင်း ငြိမ်းချမ်းရေးနှင့်လုံခြုံရေးအတွက် အမျိုးသမီးများ ရဲရင့်စို့

ငြိမ်းချမ်းရေးနှင့်လုံခြုံရေးအတွက် အမျိုးသမီးများ ရဲရင့်စို့

Photo: Nang Pu

မလိခ

မတ်လ ၇ ရက်၊ ၂၀၁၇ ခုနှစ်။

နိုင်ငံတကာ အမျိုးသမီးများနေ့ အထိမ်းအမှတ်အဖြစ် ကချင်ပြည်နယ် မြစ်ကြီးနားမြို့တွင် “အမျိုးသမီး၊ ငြိမ်း ချမ်းရေးနှင့် လုံခြုံရေးရဖို့ ပြောင်းလဲမှုအတွက် ရဲရင့်စို့” ဟူသော ခေါင်းစဉ်ဖြင့် အခမ်းအနားကျင်းပခဲ့သည်။

ကချင်ပြည်နယ်တွင် တိုက်ပွဲများဖြစ်ပွားနေသဖြင့် အဆိုပါ ခေါင်းစဉ်ကို ရွေးချယ်ခဲ့ခြင်းဖြစ်သည်ဟု ထွယ်ဂျင် တာနှင့် ဖွံ့ဖြိုးရေးဖောင်ဒေးရှင်း (Htoi Gender and development foundation) တာဝန်ခံ ဒေါ်နန်ပူက ပြောသည်။

“အထူးသဖြင့် ကချင်ပြည်နယ်မှာ စစ်ဖြစ်နေလို့ လုံလုံခြုံခြုံ မနေနိုင်ဘူး။ အမျိုးသမီးတွေ ပိုပြီးတော့ ဆင်းရဲ ဒုက္ခခံရတယ်။ အဲဒါကြောင့်မို့လို့ အမျိုးသမီး၊ ငြိမ်းချမ်းရေးနဲ့ လုံခြုံရေးပြောင်းလဲမှုအတွက် ရဲရင့်ကြစို့” ဆိုတဲ့ ခေါင်းစဉ်နဲ့ ကျင်းပတာ ဖြစ်တယ်”ဟု ဒေါ်နန်ပူက ပြောသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၉ ရက်နေ့က အသက် ၂၃ နှစ်အရွယ် သူနာပြုဆရာမ မမလိဆန်ပန်အား နေ့ခင်းကြောင်တောင် နေအိမ်တွင် ထိုးသွင်းဒဏ်ရာ ၁၉ ချက်ဖြင့် သတ်ဖြတ်ခံရသဖြင့် ကချင်ပြည်နယ်ရှိ အမျိုးသမီးများအနေဖြင့် လုံခြုံမှုမရှိတော့ဘဲ ကြောက်ရွှံ့ ထိတ်လန့်နေဆဲ ဖြစ်သည်ဟု သူက ဆက်လက် ပြောဆိုသည်။

“နေ့ခင်းကြောင်တောင် မြို့ထဲမှာတောင်မှ အမျိုးသမီး သူနာပြုဆရာမတယောက်တောင် ရက်ရက်စက်စက် ရိုက်သတ်ခံထား ရတယ်ဆိုတာက အမျုးိသမီးတွေအတွက် လုံခြုံမှုမရှိဘူး။ အမျိုးသမီးတိုင်းက ဘယ် အချိန်းမှာ ဘယ်လို ပုံစံနဲ့ ကြုံရမယ်ဆိုတာ အမြဲကြောက်ရွံှ့ ထိတ်လန့်နေရတဲ့အချိန်ဖြစ်နေတယ်။ အဲဒါ ကြောင့် အမျုးိသမီးတွေ လုံခြုံမှုမရှိဘူးဆိုတာကို ပြောနိုင်တယ်။” ဟု ဒေါ်နန်ပူက ပြောသည်။ “အဲဒီအပြင် တခြားသော ပညာရေးပိုင်းဆိုင်ရာ၊ ကျန်းမာရေးပိုင်းဆိုင်ရာမှာ အပြည့်အဝ ဝန်ဆောင်မှုမရတဲ့ အခါမှာ လိုအပ်ချက်တွေ အများကြီးရှိတော့ စိတ်ဓါတ်ပိုင်းဆိုင်ရာရော၊ ရုပ်ပိုင်းပိုင်းဆိုင်ရာအကုန်လုံး လုံခြုံမှု မရှိနေ ဘူး။ အခွင့်အရေးတွေက ဆုံးရှုံးနေတယ်။”

“အမျိုးသမီး၊ ငြိမ်းချမ်းရေးနှင့် လုံခြုံရေးရဖို့ ပြောင်းလဲမှုအတွက် ရဲရင့်စို့” ခေါင်းစဉ်ဖြင့် မြန်မာ့အရေး လေ့လာသူ ဒေါ်ခင်မမမျိုးက လုံခြုံရေးနှင့် ပတ်သက်၍ ဆွေးနွေးခဲ့ပြီး ငြိမ်းချမ်းဖော်ဆောင်မှုမှ ဖြစ်မြောက် ရေးကော်မတီဝင် တရားလွှတ်တော်ရှေ့နေ ဒေါ်ဒွဲဘူ ကလည်း လက်ရှိ ငြိမ်းချမ်းရေးဖြစ်စဉ်တွင် အမျုးိသမီး တစ်ဦးအနေဖြင့် ပါဝင်ဆောင်ရွက်နေမှုများကို ဟောပြော ဆွေးနွေးခဲ့ခြင်း ဖြစ်သည်ဟု သိရသည်။

ထိုအခမ်းအနားသို့ မြစ်ကြီးနား၊ ဝိုင်းမော်၊ ဆဒုံး၊ မိုးကောင်း၊ နမ္မတီး၊ ရွှေညောင်ပင်တို့မှ အမျုးိသမီး စုစုပေါင်း ၁၅၀၀ ခန့် တက်ရောက်ခဲ့ပြီး တက်ရောက်လာသော အမျိုးသမီး (၇၀၀) အတွက် တီရှပ်များပေးဝေခဲ့ကာ ကချင်ထမင်းသုတ်ဖြင့် ဧည့်ခံကျွေးမွေးခဲ့ပြီး ကချင်ပြည်နယ် မြစ်ကြီးနားမြို့ အခြေပြု အရပ်ဘက် အဖွဲ့အ စည်း (၁၆) ဖွဲ့ဖြင့် စုပေါင်းဖွဲ့စည်း ထားသော ကချင်ပြည်နယ်ရှိ အမျိုးသမီးများ အရေးလုပ်ဆောင်နေသည့် ကချင်ပြည်နယ် အမျိုးသမီးများ ကွန်ယက်က ဦးဆောင်ကျင်းပခဲ့ခြင်းဖြစ်သည်။

 

Related Articles