Home သတင်း အမျိုးသမီးအကြမ်းဖက်မှု ပပျောက်ရေး “ဖဲကြိုးဖြူ” လှုပ်ရှားမှု တိုင်းရင်းသားဒေသများတွင် စတင်

အမျိုးသမီးအကြမ်းဖက်မှု ပပျောက်ရေး “ဖဲကြိုးဖြူ” လှုပ်ရှားမှု တိုင်းရင်းသားဒေသများတွင် စတင်

tibaw

မလိခ။           ။

မြန်မာနိုင်ငံ တနိုင်ငံလုံးတွင် အမျိုးသမီးများအပေါ် အကြမ်းဖက်မှု ရပ်တန့်ရေး အထိမ်းအမှတ် (၁၆) ရက်တာ ဖဲကြိုးဖြူလှုပ်ရှားမှုကို အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများအကြမ်းဖက်မှု ပပျောက်ရေးနေ့ဖြစ်သည့် နိုဝင်ဘာ (၂၅) ရက်နေ့တွင် စတင်လိုက်သည်။

နိုဝင်ဘာလ (၂၅) ရက်နေ့တွင် ကျရောက်သော အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများ အကြမ်းဖက်မှု ပပျောက် ရေးနေ့ (ဖဲကြိုးဖြူနေ့) လှုပ်ရှားမှုများကို နေရာအနှံ့အပြားတွင် ကျင်းပခဲ့သည်။

ကချင်ပြည်နယ်-ဗန်းမော်၊ စစ်ကိုင်းတိုင်း – ဟုမ္မလင်း၊ ရှမ်းပြည်နယ် – တောင်ကြီး၊ လဲချား၊ မိုးညဲ၊ သီပေါ၊ ကျောက်မဲ၊ သိန္နီမြိုတို့ အပါအဝင် နေရာ(၉)ခုနှင့် ကချင်ပြည် လွတ်လပ်ရေး တပ်မတော်ဌာနချုပ် လိုင်ဇာမြို့ တို့တွင် တိုင်းရင်းသားပေါင်းစုံမှ အမျိုးသမီးများပါဝင်၍ အမျိုးသမီးများအပေါ် အကြမ်းဖက်မှုများ ရပ်တန့်စေ ရန် “ဖဲကြိုးဖြူ” လှုပ်ရှားမှု ပညာပေးဟောပြောပွဲ အခမ်းအနားကို အမျိုးသမီးများအဖွဲ့ချုပ် (မြန်မာနိုင်ငံ) – WLB နှင့် ရှမ်းအမျိုးသမီးရေးရာ ဆက်သွယ်ဖလှယ် လှုပ်ရှားဆောင်ရွက်ရေးအသင်း – SWAN တို့မှ ဦးဆောင် ၍ ပြုလုပ်ခဲ့သည်ဟု SWAN နှင့် အမျိုးသမီးများ အဖွဲ့ချုပ် (မြန်မာနိုင်ငံ) – WLB မှ ပြောရေးဆိုခွင့်ရှိသူ ယိင်း ဟန်ဖက ပြောသည်။

“ ဒီနေ့ဟာ နိုင်ငံတကာအမျိုးသမီးများအပေါ် အကြမ်းဖျက်မှု ပပျောက်ရေးနေ့ဖြစ်တယ်။ အဲဒီနေ့ဖြစ်ပေါ်လာ တဲ့ သမိုင်းတွေ ရှင်းပြတယ်။ အဓိက စည်းရုံးလှုံ့ဆော်ရေးကို လုပ်ဆောင်တာပေါ့နော်။ အခမ်းအနားတွေ လုပ် ပြီး လူထုနဲ့နိုင်ငံရေးပါတီတွေကို ဖိတ်ကြားပြီးတော့ စကားပြောခိုင်းတယ်။ ဖဲကြိုးဖြူလှုပ်ရှားမှုနဲ့ ပညာပေးတာ တွေ လုပ်ပါတယ်”

ယင်းဒေသများအပြင် အခြားဒေသများတွင်လည်း အမျိုးသမီးများအပေါ် အကြမ်းဖက်မှု အဆုံးသတ်ရေး အတွက် (၁၆) ရက်အတွင်း လှုပ်ရှားမှုများ ပြုလုပ်သွားမည်ဖြစ်သည်။ ယခုနှစ်အတွင်း ထူးခြားမှုတခုအနေဖြင့် ထာဝရဖဲကြိုးဖြူ သီချင်းပြိုင်ပွဲ ပြုလုပ်ခြင်း၊ ရန်ကုန်မြို့ရှိ မြို့နယ် (၂၀) ကျော်မှ နေရာ (၅၀) ကျော်တွင် ကားဖြင့် လှည့်လည်၍ လူထုအသိပညာပေးပွဲများ ကျင်းပမည် ဖြစ်ကြောင်းသိရသည်။

ထို့ပြင် ကချင်အမျိုးသမီးအစည်းအရုံး(KWA) က ဦးဆောင်၍ အမျိုးသမီးများအပေါ် အကြမ်းဖက်မှု ရပ်တန့် ရေး လှုပ်ရှားမှုကို KIO ဌာနချုပ် လိုင်ဇာမြို့၊ ဂျေယန်းနှင့် ဖုန်လုံယန် စစ်ပြေးဒုက္ခသည်စခန်း (၃)ခုတွင် ဟော ပြောပွဲ အခမ်းအနားများ ပြုလုပ်ခဲ့သည်ဟု KWA မှ အစီအစဉ်ဒါရိုက်တာဒေါ်လဖိုင်ဆိုင်းရော်က ပြောသည်။

“အမျိုးသမီးအကြမ်းဖက်မှုနဲ့ ပတ်သက်လို့ ဟောပြောပွဲလုပ်တယ်။ ဂျေယန်းနဲ့ ဖုန်လုန်ယန်တွေ အမျိုးသမီး အကြမ်းဖက်မှုနဲ့ ပတ်သက်လို့ စကားရည်လုပွဲအစီအစဉ်လုပ်တယ်။ ဖဲကြိုးဖြူတပ်ခြင်းနဲ့ အမျိုးသမီး အကြမ်း ဖက်မှု ပပျောက်ရေးနေ့ ဖြစ်ပေါ်လာပုံသမိုင်းတွေကို ရှင်းပြတယ်”

KIO ထိန်းချုပ် နယ်မြေအတွင်း စစ်ပြေးဒုက္ခသည်များသည် နေ့စဉ်စားဝတ်နေရေးအတွက် လုံးပမ်းနေရ သဖြင့် (၁၆) ရက်ကြာ ဖဲကြိုးဖြူလှုပ်ရှားမှုများကို မလုပ်ဆောင်နိုင်ဘဲ အခက်အခဲရှိနေသည်ဟု သူကပြော သည်။

နိုင်ငံတကာအမျိုးသမီးများအပေါ် အကြမ်းဖက်မှု ပပျောက်ရေးနေ့တွင် WLB အပါအဝင် ပြည်တွင်းမှ အမျိုး သမီးအရေး လှုပ်ရှားသူ အဖွဲ့အစည်း (၄) ဖွဲ့တို့ ပူးပေါင်း၍ အမျိုးသမီးများအပေါ် အကြမ်းဖက်မှု တားဆီးကာ ကွယ်ရေးဥပဒေ (PoVAW Law) ကို အမြန်ဆုံးရေးဆွဲအတည်ပြု ပြဌာန်းပေးရန် ကြေငြာချက်ထုတ်ပြန်၍ လည်း တောင်းဆိုလိုက်သည်။

laiza-1

အမျိုးသမီးများအနေဖြင့် အဆိုပါ ဥပဒေပြဌာန်းပေးရန် လွှတ်တော်သို့ တင်ပြထားသော်လည်း အတည်ပြုခြင်း မရှိဘဲ ပယ်ချခဲ့သဖြင့် အဆိုပါ ဥပဒေကို အမြန်ဆုံးပြဌာန်းပေးရန် တောင်းဆိုခြင်းဖြစ်သည်ဟု ယိင်းဟန်ဖက ပြောသည်။

“မြန်မာပြည်မှာ အမျိုးသမီးတွေကို ကာကွယ်ဖို့ ဥပဒေ မရှိသေးဘူး။ ဒါကြောင့်မို့လို့ သက်ငယ်မုဒိန်းမှုတွေ အ များကြီးထွက်လာတယ်။ သုံးရက်မှာ တယောက်က မုဒိန်းကျင့်ခံရတယ်။ မုဒိန်းမှုတွေက အရပ်သားဘက်က ကျူးလွန်မှု ပိုများလာသလို၊ စစ်တပ်ဘက်က ကျုးလွန်တာတွေလည်း ပိုများလာတယ်။ ဒါကြောင့်မို့လို့ ကျမတို့တွေက ကျူးလွန်မှုတွေကို ရပ်တန့်ဖို့ တောင်းဆိုတာဖြစ်တယ်၊ အမျိုးသမီးများအပေါ် အကြမ်းဖက်မှု ကို ရပ်တန့်ဖို့၊ ဝိုင်းဝန်းကာကွယ်ဖို့ အမျိုးသမီးတွေဘဝလုံခြုံဖို့ ရှိဖို့အတွက် အားလုံးက ကာကွယ်စောင့် ရှောက်ပေးရမယ်။ အမျိုးသမီးများအပေါ် အကြမ်းဖက်မှု တားဆီးကာကွယ်ရေးဥပဒေကိုလည်း အမြန်ဆုံးပြ ဌာန်းပေးရန် တောင်းဆိုတာ ဖြစ်တယ်”ဟု သူကပြောသည်။

ထို့ပြင် ၂၀၁၆ ခုနှစ်အတွင်း လက်နက်ကိုင် ပဋိပက္ခ ဖြစ်ပွားနေသော ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ် အ တွင်း မြန်မာ့တပ်မတော် တပ်ဖွဲ့ဝင်များက အများဆုံးပါဝင် ကျူးလွန်ခဲ့သော လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှု ဖြစ်ရပ်(၉၀)ကျော်ရှိပြီး ထိုအထဲမှအမှု(၅)မှုသာ အရပ်ဘက်တရားရုံးများတွင် ကြားနာခဲ့ကြောင်း WLB  က ကြေငြာချက် ထုတ်ပြန်ခဲ့သည်။

“လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွေ ကျမတို့ကောက်ပြီး သုံးသပ်ထားတယ်။ ကျမတို့ဘက်မှာ စစ်တပ်ဘက် က ကျူးလွန်တဲ့အမှုဆိုရင် အရေးမယူဘူး။ စစ်ခုံရုံးတင်ပေးမယ်လို့ဘဲ ပြောတယ်။ တချို့ကတာဝန်ကနေ ရွေ့ လိုက်တယ်။ အရေးယူမှု မရှိဘူး။ ဒါကြောင့်မို့ လက်ရှိ ကျမတို့ကောက်နေတဲ့အမှုတွေ တရားမျှတ မှန်ကန်မှု ရှိဖို့ ကျမတို့ တိုက်တွန်းထားပါတယ်၊ စစ်မှန်တဲ့ တရားမျှတတဲ့ အရေးယူမှု ရှိစေချင်တယ်”ဟု ယိင်းဟန်ဖက ပြောသည်။

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ အမျိုးသမီးများ အကြမ်းဖက်ခံရမှုမှ တရားမျှတမှုရှာဖွေရန် အတားအဆီး ဖြစ်နေပြီး ၎င်းဥပဒေသည် စစ်တပ်နှင့် အစိုးရအရာရှိများကို ကျူးလွန်သောရာဇဝတ်မှုများမှ လွတ်ငြိမ်းချမ်း သာခွင့်ကို အာမခံထားပြီး စစ်ဖက်ဆိုင်ရာ တရားစီရင်မှုဖြစ်ရပ်များတွင် ကာကွယ်ရေးဦးစီးချုပ်၏ ဆုံးဖြတ် ချက်သာ အတည်ဖြစ်စေရန် ဆိုထားသဖြင့် အစိုးရအနေဖြင့် ဖွဲ့စည်းပုံ ပြင်ဆင်မှုများ ပြုလုပ်ရန်နှင့် အပြစ်ပေး အရေးယူခံရခြင်းမှ ကင်းလွှတ်ခွင့်ကို အဆုံးသတ်ရန် တောင်းဆိုထားသည်။

၁၉၉၉ ခုနှစ်၊ ဒီဇင်ဘာလ (၁၇) ရက်နေ့တွင် ချမှတ်ခဲ့သည့် ဆုံးဖြတ်ချက်အမှတ် ၅၃/၁၃၄ အရ နိုဝင်ဘာလ ၂၅ ရက်နေ့ကို “အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများအပေါ် အကြမ်းဖက်မှု ပပျောက်ရေးနေ့” အဖြစ် ကမ္ဘာ့ ကုလသမဂ္ဂ အထွေထွေညီလာခံတွင် ဆုံးဖြတ်သတ်မှတ်ခဲ့သည်။

 

Related Articles