Home သတင်း သက်ငယ်မုဒိန်း စွပ်စွဲချက်ဖြင့် ကျောင်းထိုင်ကိုယ်တော်အား ခရိုင်ရဲများ ဖမ်းဆီး

သက်ငယ်မုဒိန်း စွပ်စွဲချက်ဖြင့် ကျောင်းထိုင်ကိုယ်တော်အား ခရိုင်ရဲများ ဖမ်းဆီး

15053207_1779681378948253_2030296521_o

ပစ်တိုင်းထောင်မ (ရန်ကုန်)။             ။

သက်ငယ်မုဒိန်းမှု ကျူးလွန်သည်ဟု စွပ်စွဲခံထားရသည့် ဧရာဝတီတိုင်းဒေသကြီး ညောင်အိုင်ကြီး ရွာ ကျောင်းထိုင်ကိုယ်တော်ကို ဒီဇင်ဘာ (၁၆) ရက်နေ့က ဟင်္သာတခရိုင် ရဲတပ်ဖွဲ့မှ ကား (၅) စီး ဖြင့် လာရောက်ဖမ်းဆီးသွားသည်ဟု မျက်မြင်များက ပြောသည်။

ဧရာဝတီတိုင်းဒေသကြီး၊ ဇလွန်မြို့နယ် ကျုံတနော်တောင်ကျေးရွာအုပ်စု ညောင်အိုင်ကြီးရွာ ညောင် အိုင်စိတ္တသုခကျောင်းထိုင်ကိုယ်တော်မှာ သက်ငယ်မုဒိန်းမှုကျူးလွန်ခဲ့သည်ဟု ကာယကံရှင် မိ သားစုမှ စွဲချက်တင်ခဲ့ပြီး ကိုယ်ဝန်ရရှိကာ မွေးလာသော ကလေးကို သူနှင့်ရသော ကလေး မဟုတ် ကြောင်း ငြင်းဆိုခဲ့သဖြင့် အမှုဖွင့်ခြင်းခံထားရသည်။

နယ်ခံကိုသက်တင်က ထိုကျောင်းထိုင်ကိုယ်တော်ကို ဖမ်းဆီးသွားခဲ့သည်ကို မြင်ခဲ့ရသည်ဟု ယခု လို ပြောပြသည်။

“ခပ်လှမ်းလှမ်းကနေ မြင်ရတာပေါ့။ ဘုန်းကြီးကျောင်းထဲဝင်ပြီး လာဖမ်းသွားတာ။ ကား (၅)စီးနဲ့ (၁၁) နာရီဝန်းကျင်လောက်မှာ ဖမ်းသွားတုန်းကတော့ ဘုန်းကြီးဝတ်နဲ့ပဲ”

မုဒိန်းပြုကျင့်ခံရသည့် မိန်းကလေးကို ကူညီနေသူတစ်ဦးကတော့ ရဲကဦးသုန္ဒရကို ဟင်္သာတတရား ရုံးသို့ ခေါ်လာပြီး ရမာန်ယူသွားသည်ဟု ပြောသည်။

“ကျနော် ဟင်္သာတမြို့ နယ်၊ တရားရုံးမှာရှိနေတုန်း ရဲက တရားရုံးကို ခေါ်လာတယ်။ ဘယ်မှာ လူ ဝတ်လဲသလဲတော့ ကျနော်မသိဘူး။ တရားရုံးရောက်လာတော့ လူဝတ်လဲပြီးပြီ” ဟု သူက ပြော သည်။ (၃)ပွင့်နဲ့ စခန်းမှူးကလည်း ဟင်္သာတမြို့နယ် တရားရုံးမှာ  ရမာန်ယူသွားသည်ဟု ဆိုသည်။

ဧရာဝတီတိုင်း ဒေသကြီး၊ ဇလွန်မြို့နယ်အတွင်း  ကျုံတနော်တောင် ကျေးရွာအုပ်စုမှ မိန်းကလေး ငယ်တစ်ဦးကို အသက်(၁၂)နှစ် နှင့် (၈)လအရွယ်မှစ၍ ဘုန်းကြီးက သားမယားပြုကျင့်ခဲ့ပြီး ထို မိန်းကလေးမှာ ကိုယ်ဝန်ရရှိခဲ့ကာ အသက် (၁၄) နှစ်ကျော်တွင် ကလေးမွေးဖွားခဲ့သည်။

အစောပိုင်းတွင် ဦးသုန္ဒရက လူဝတ်လဲပြီး တာဝန်ယူပါမည်ဟု ပြောဆိုခဲ့သော်လည်း နောက်ပိုင်း တွင် ထိုကလေးမှာ သူ့ကလေးမဟုတ်ကြောင်း ငြင်းဆိုခဲ့သည်ဟု ကျူးလွန်ခံရသည်ဆိုသော မိန်း  လေး၏ အဒေါ်ဖြစ်သူက ပြောပြသည်။

“ကဲ ဘယ်လိုလုပ်ကြမလဲလို့မေးတော့ ကျုပ်သီတင်းကျွတ်ကျရင် ယူပါ့မယ်။ အမေကိုလည်း ဖွင့် ပြောလိုက်ပါပြီတဲ့” “သီတင်းကျွတ်မှာ လူထွက်မယ်၊ တဆောင်မုန်းမှာ ထွက်မယ်နဲ့  ကဆုန်လလဲ ရောက်ရော လူမထွက်တော့ဘူး။ လူမထွက်ပဲနဲ့ သူနဲ့ ဖြစ်တာမဟုတ်ပါဘူးဆိုပြီး ဖြစ်တော့တာပဲ”

ယင်းဖြစ်ရပ်နှင့် ပတ်သက်ပြီး မိန်းကလေးဖက်မှ ဇလွန်မြို့၊ ရဲစခန်းတွင် မုဒိန်းမှု ပုဒ်မ (၃၇၆) ဖြင့် စက်တင်ဘာလ (၄) ရက်နေ့က အမှုဖွင့်ထားခဲ့ခြင်း ဖြစ်သည်။

Related Articles