Home သတင်း အသက် ၁၄ နှစ်အရွယ် အိမ်အကူကို နှိပ်စက်ခဲ့သော မိသားစု(၄)ဦးအား ပြစ်ဒဏ်ချမှတ်

အသက် ၁၄ နှစ်အရွယ် အိမ်အကူကို နှိပ်စက်ခဲ့သော မိသားစု(၄)ဦးအား ပြစ်ဒဏ်ချမှတ်

15139381_1318489931518482_128130181_n

ကချင်မလေး။

ရုံးချိန်းပေါင်း(၅၂)ကြိမ်နှင့် အမှုကြာချိန် (၁)နှစ်၊ (၄)လခန့် ရှိပြီးနောက်မှာ အသက်(၁၄)နှစ် အိမ်အကူကို နှိပ် စက်ခဲ့သည့် တရားခံမိသားစုအား ဒဂုံမြို့သစ် (မြောက်ပိုင်း) တရားရုံးက ပြစ်ဒဏ်များ ချမှတ်ခဲ့သည်။

ဒေါ်အေးအေးဝင်းအား ရာဇသတ်ကြီးပုဒ်မ ပုဒ်မ(၃၀၇) လူသတ်မှုကို ကျူးလွန်ရန် အားထုတ်ခြင်းဖြင့် ထောင် ဒဏ်(၇)နှစ်၊ သားဖြစ်သူအေးကျော်ဝင်းနှင့် သားမက်မျိုးဇော်ထက်အား ရာဇသတ်ကြီးပုဒ်မ (၃၂၅) အပြင်းအ ထန်နာကျင်စေမှုဖြင့် ထောင်ဒဏ်(၅)နှစ်နှင့် သမီးဖြစ်သူ ဟယ်လင်အားပုဒ်မ (၃၂၃) နာကျင်စေမှုတို့ဖြင့် ထောင်ဒဏ်(၁)နှစ် စသဖြင့် နိုဝင်ဘာ (၁၇) ရက်ကတရားရုံးကအမိန့်ချခဲ့ခြင်းဖြစ်သည်။

ပြစ်မှုကျူးလွန်သူ ဒေါ်အေးအေးဝင်း အပါအဝင် သား၊ သမီး၊ သမက်များက အိမ်ဖော်ဖြစ်သူ မသန်းသန်းအေး အား (၅)နှစ်လုံးလုံး နေအိမ်တွင် ထမင်းအငတ်ထားခြင်း၊ ထမင်းစားလျှင်လည်း ခိုးစားတယ်လို့ စွပ်စွဲပြီး လက် သန်းကို ပလာယာနှင့်ဆွဲပြီး လက်သန်းကောက်ကွေးသွားသည်အထိ အပြစ်ပေးခြင်း၊ အခြားသူအား တိုင်မည် ဆိုလျှင် သူမကြောင့် ကျကွဲသွားသောပစ္စည်းတန်ဖိုးများ ပေးလျော်ရမည်လို့ ခြိမ်းခြောက်ခြင်း၊ သံကြိုး၊ စတီး ယောင်းမ၊ ကတ်ကြေးတို့ဖြင့် ဝိုင်းရိုက်ခဲ့ကြပါသဖြင့် မသန်းသန်းအေးမှာ တကိုယ်လုံး ဒဏ်ရာအပြည့်ရရှိခဲ့ပါ သည်။

သမီးကို ညလူတွေအိပ်တဲ့အချိန်မှာ အိပ်ငိုက်နေလို့ဆိုပြီး ရင်သားကို ရေနွေးနဲ့လောင်း၊ နို့သီးခေါင်းကို ကတ် ကြေးနဲ့ဖြတ်တယ်၊ သမီးကို မအိပ်ခိုင်းဘူးလို့ အိမ်အကူမသန်းသန်းအေးက ပြောပြခဲ့သည်။

မသန်းသန်းအေးအနေဖြင့် (၅)နှစ်တာလုပ်လာခဲ့သမျှ လုပ်အားခဆိုပြီး ကျပ်(၁)သောင်းတခါ၊ (၅)ထောင်တခါ သာ ရဖူးခဲ့ပြီး မိသားစုဖြစ်တဲ့ ဖခင်နှင့် ၂၀၁၄ ခုနှစ်တွင်သာ တစ်ကြိမ်တွေ့ဆုံခွင့်ရရှိခဲ့သည်။ သူမသည် မိတဆိုး လေးဖြစ်တဲ့အပြင် ဖခင်မှာလည်း အမှုစတင်ပြီး (၃)လအကြာတွင် ကွယ်လွန်သွားခဲ့သည်။

မသန်းသန်းအေးတယောက် ထိုအိမ်ကိုရောက်ရှိပြီး (၂)လကတည်းက စတင်နှိပ်စက်ခံခဲ့ရခြင်းဖြစ်ပြီး သူမဦး ခေါင်းကို စတီးယောင်းမဖြင့် ရိုက်နှိက်ကာ သွေးထွက်တိုင်း ဆေးတွေပြန်ထည့်ထားပေးခဲ့ပြီး ဦးခေါင်းတခုလုံး ချုပ်ရာများပြည့်နှက်နေပါသည်။ ဆံပင်တွေက ပေါက်တော့ပေါက်တယ် ဒါပေမယ့် အနာလွတ်တဲ့နေရာတွေ လောက်သာ ပေါက်တယ်၊ လှန်ကြည့်လိုက်ရင် အကွက်လိုက်မြင်နေရတယ်ဟုသူကပြောပြပါသည်။ ဦး လေးဖြစ်သူ ဦးမျိုးဦးက  ကျန်းမာရေးက ကောင်းပါတယ် ဒါပေမယ့် ခေါင်းဒဏ်ရာတွေကြောင့် ကြောင်တယ်၊ ခဏခဏ မေ့လျော့တယ် ဟုပြောကာ ပလာယာဖြင့် ဆွဲလိမ်ထားတဲ့ လက်သန်းများမှာ ယခုထိ ကွေးနေသေး တယ်ဟုလည်း ဆိုပါသည်။

အိမ်အကူဆိုပြီး (၅)နှစ်တိတိ ငရဲခန်းနဲ့မခြား နှိပ်စက်တဲ့အိမ်မှ လွတ်မြောက်လာခဲ့သော(၁၄)နှစ်အရွယ် မသန်း သန်းအေးကတော့ သူ့ကိုနှိပ်စက်ခဲ့သူများအား ပြန်ပြီးအပြစ်ပေးနိုင်မယ်လို့ ယခင်က မထင်ထားပေမယ့်လည်း အခုလို တရားရုံးမှာ ကျူးလွန်သူတွေကို အပြစ်ပေးနိုင်တဲ့အပေါ် ဥပဒေအတိုင်းချမှတ်ပေးတဲ့အတွက် ဝမ်းသာပါတယ်လို့ပြောပြပါသည်။

ဒီနေ့ချမှတ်လိုက်တဲ့ ပုဒ်မ(၃၂၅)ကို ()နှစ်ချမှတ်လိုက်တာဟာ မြို့နယ်ရုံးက သူရဲ့လုပ်ပိုင်ခွင့်အပြည့်အ၀ သုံးလိုက်တယ်လို့မြင်တယ်၊ အရင်က ဒီလိုအမှုတွေဆို ()နှစ်၊ ()နှစ်သာ ချမှတ်လေ့ရှိတယ်လို့ အမှုကို ကူညီ ပေးနေတဲ့ အထက်တန်းရှေ့နေဦးကျော်လင်းမြတ်က ပြောသည်။

ဒီအမှုကို လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေဝန်ကြီးဌာနမှ တရားလိုပြုလုပ်ပြီး ခရိုင်ရုံး သို့လူကုန်ကူးမှုဖြင့် ဆက်လက်စွဲဆိုသွားဦးမည်ဟုလည်းသိရသည်။

မသန်းသန်းအေး၏ ဖခင်ဦးထွန်းသိန်းဟာ တောင်ဒဂုံ လဟာကွင်းဘုန်းကြီးကျောင်းတွင် အလုပ်ကူလုပ်ရင်း ထို ကျောင်းမှ ဘုန်းကြီးတပါး၏ ဒကာမဒေါ်အေးအေးဝင်းဆိုသူက အိမ်အကူအပြင်၊ သူမမြေးမလေးအတွက် အဖော်ပါရအောင်ဆိုပြီး ဘုန်းကြီး၏ အာမခံချက်ဖြင့် သမီးကိုလွှတ်လိုက်ကြောင်း ပြီးခဲ့သည့်နှစ် သူမဆုံးခင်က ပြောပြခဲ့ပါတယ်။

ထိုအိမ်ရောက်တည်းက မိသားစုနှင့် လုံးဝအဆက်သွယ်ဖြတ်ခံရခဲ့ကာ နောက်ဆုံးသမက်ဖြစ်သူ၏ ကန်ချက် ကြောင့် သွားတွေကျိုးခဲ့ရပြီး (၄၁)ရပ်ကွက်၊ တော်ဝင်အိမ်ရာ(ဒဂုံ)ရှိ နေအိမ်မှ ထွက်ပြေးခဲ့သည်။  ထိုအိမ်မှ ထွက်ပြေးလာကာ အခြားအိမ်တအိမ်အတွင်း ဝင်ရောက်ပုန်းခိုခဲ့ရာမှ ထိုအိမ်ရှင်မှ မသန်းသန်းအေး၏ ဒဏ်ရာ များ သွေးထွက်များနေသဖြင့် ရပ်ကွက်ရုံးသို့ အကြောင်းကြားပေးခဲ့ပြီး ရပ်ကွက်အုပ်ချုပ်ရေးမှူးမှတဆင့် လေး ထောင့်ကန်ရှိ ဦးလေးဖြစ်သူဦးမျိုးဦးကို ပြန်လည်ဆက်သွယ်နိုင်ခဲ့ကာ (၁၄)ရက်၊ ဇူလိုင်လ၊ ၂၀၁၅ တွင် ယင်း မိသားစုကို တရားစွဲဆိုနိုင်ခဲ့ပါသည်။

ကျေနပ်တယ်၊ မကျေနပ်ဘူး၊ (၁၀)နှစ်လောက်ကျပါစေဆိုတာမျိုးတော့ မရှိပါဘူး။ နိုင်ငံတော်က ချမှတ်ထားတဲ့ ဥပဒေအတိုင်း သူတို့လုပ်ထားတဲ့အပြစ်ကို ခံရမှာပေါ့”ဟု ဦးလေးဖြစ်သူဦးမျိုးဦးက လက်ရှိချမှတ်လိုက်တဲ့ ပြစ်ဒဏ်နှင့်ပတ်သက်ပြီးပြောပါသည်။

မသန်းသန်းအေးသည် ယခုအချိန်တွင် သူမဦးလေးဖြစ်သူ၏ မိသားစုများနှင့်အတူ နေထိုင်လျက်ရှိကာ  သမီး ကို ကူညီပေးတဲ့သူတွေ အားလုံးကို ကျေးဇူးတင်ပါတယ်ဟု ပြောပါသည်။

ယခင်သတင်းအား ဖတ်ရှုလိုပါက https://hiburma.net/2015/07/%e1%80%84%e1%80%9b%e1%80%b2%e1%80%81%e1%80%94%e1%80%b9%e1%80%b8%e1%80%99%e1%80%bd-%e1%80%9c%e1%80%bc%e1%80%90%e1%80%b9%e1%80%b1%e1%80%bb%e1%80%99%e1%80%ac%e1%80%80%e1%80%b9%e1%80%bb%e1%80%81%e1%80%84/

 

 

Related Articles