Home သတင်း အရွယ်မရောက်သော မိန်းကလေးငယ်အား အဓမ္မပြုကျင့်မှုဖြင့် ကျောင်းထိုင်ဘုန်းကြီးတပါးအား အမှုဖွင့်

အရွယ်မရောက်သော မိန်းကလေးငယ်အား အဓမ္မပြုကျင့်မှုဖြင့် ကျောင်းထိုင်ဘုန်းကြီးတပါးအား အမှုဖွင့်

15053207_1779681378948253_2030296521_o

ပစ်တိုင်းထောင်မ (ရန်ကုန်)။     ။

ဧရာဝတီတိုင်းဒေသကြီး၊ ဇလွန်မြို့နယ်အတွင်း ကျောင်းထိုင်ဘုန်းကြီးတပါးကို အသက်မပြည့်သေးသည့် အမျိုးသမီး အား အဓမ္မပြုကျင့်ခဲ့သည်ဟူသော စွပ်စွဲချက်ဖြင့် မုဒိန်းမှုနှင့် အမှုဖွင့်လှစ်ထားသည်ဟု လိုက်ပါ ဆောင် ရွက်ပေးနေသော ကံျုတနော်တောင်မှ ဦးထွေးသက် (အမည်လွဲ) ကပြောသည်။

“(၉)လပိုင်း (၂) ရက်နေ့မှာ ကျနော်တို့ ရဲစခန်းကို အမှုသွားတိုင်တယ်။ ရဲကချက်ခြင်း အမှုမဖွင့်ပေးဘူး။ ဒါဟာ သံဃာနဲ့ ပတ်သက်တယ်ဆိုပြီးတော့ သံဃာ့နာယက ဒုဥက္ကဌ ဆရာတော်ဇေယျာသီရိကျောင်းကို (၃)ရက်နေ့မှာ ချိန်းတယ်။ ခေါ်တွေ့ပေးတယ်။ ဒုဥက္ကဌဆရာတော်လည်း လာတယ်။ ဥက္ကဌဆရာတော်ကြီး လည်းလာတယ်။ စခန်းမှူးလည်းလာတယ်။ မြို့နယ်မှူးလည်းလာတယ်။ လဝကလည်းလာတယ်။ အမှုကို ရှင်းတော့ရှင်းပေးမယ်။ ဒါပေမယ့်ကြာမယ်လို့ပြောတယ်။ (၄)ရက်နေ့ကျတော့ ကျနော်တို့က မရတော့ဘူး။ အကောင်အထည်ဖော်မှုက ရက်အတိအကျလည်း မပေးတော့ (၄)ရက်နေ့မှာ အမှုသွားဖွင့်ခဲ့တယ်”

ဖုန်းဖြင့်ဆက်သွယ်မေးမြန်ခဲ့ရာ ဇလွန်မြို့ရဲစခန်းမှ ဒုရဲမှုးသက်မှူးအောင်က ရာဇသတ်ကြီးပုဒ်မ ၃၇၆ (မုဒိန်းမှု)ဖြင့် အမှုစွဲဆိုထားတာ မှန်ကန်ကြောင်းနှင့် လက်ရှိစစ်ဆေးဆဲကာလမို့ အသေးစိတ် ပြောခွင့်မရှိ သေးကြောင်းကို ဖြေကြားခဲ့ပါတယ်။

ကျုံတနော်တောင်ကျေးရွာအုပ်စု၊ ညောင်အိုင်ကြီးရွာနေ မိန်းကလေးကို အသက်(၁၂)နှင့်(၈)လ အရွယ်မှ စ၍ ညောင်အိုင်စိတ္တသုခ ကျောင်းထိုင်ကိုယ်တော်ဦးသုန္ဒရမှ အဓမ္မပြုကျင့်ခဲ့သည်ဟု စွပ်စွဲထားပြီး အသက်(၁၄)နှစ်ကျော်ကျော်တွင် ဒူးယားဆေးရုံ၌ ကလေးမွေးဖွားခဲ့သည်ဟု မိခင်ဖြစ်သူက ပြောပါတယ်။

“အသိအလိမ္မာလေးရှိလာအောင် ယဉ်ကျေးလိမ္မာသင်တန်းကျောင်းပို့ထားတာပါ။ သူစဖြစ်တာတွေကို ဘာမှမသိခဲ့ဘူး။ မီးဖွားဖို့ ဗိုက်နာတဲ့ညကျမှပဲ သိရတာ။ အမေ ဗိုက်နာလို့ဆိုပြီးခေါ်တော့ ကျမလည်း သူ့ဆီ သွားတယ်ပေါ့။ အမေမွေးတော့မယ်တဲ့။ ဗိုက်ကိုစမ်းကြည့်ပြီး ဘယ်သူနဲ့ရတာလဲမေးတော့ ဦးဇင်းသုန္ဒရနဲ့ ရတာတဲ့။ အဲဒီလိုလည်းပြောရော ရင်ထဲမှာဆို့သွားတာပေါ့” ဟု မိခင်ဖြစ်သူက ပြောသည်။ “အိမ်မှာ သူ့ အဒေါ်အပျိုကြီးတစ်ယောက်နဲ့ သူ့တို့ရဲ့ဖွားအေဝမ်းကွဲတယောက်လည်း ရောက်နေတာဆိုတော့ သူတို့ဆီ သွားပြီး အမေကြီးအရှက်တွေတော့ကွဲကုန်ပြီ။ ဘယ်လိုလုပ်ရမလဲပေါ့”။

မိန်းကလေး၏ အဒေါ်ဖြစ်သူကလည်း ကလေးမလေး ကိုယ်ဝန်ရှိပြီး မွေးဖွားကာနီးမှာမှ သိခဲ့ရသည်ဟု ပြောပြသည်။

“ကိုယ်ကလည်း ခြေမကိုင်မိလက်မကိုင်မိဖြစ်တာပေါ့။ ရွာထဲကအရက်လက်သည်ကိုပြေးခေါ်တာပေါ့။ လက် သည်လည်း ရောက်လာရော စမ်းကြည့်ပြီး ဟဲ့ မွေးတော့မှာ” တဲ့။ အဲဒီတော့မှ ကိုယ်ကလည်း ကိုယ်ဝန် ရှိမှန်းသိတာ”

“လူမသိသူမသိ ဟင်္သာတဆေးရုံသွားတက်မယ်ပေါ့။ ဟင်္သာတဆေးရုံအသွားလမ်းမှာ ဒူးယားဈေးနားလည်း ရောက်ရော တခါတည်းကလေးက အပြင်ရောက်နေရော” ဟု အဒေါ်ဖြစ်သူက ပြောသည်။ “အခုကလေးက အခါလည်နဲ့(၇)လရှိပြီ။”

ယဉ်ကျေးလိမ္မာသင်တန်းကျောင်းတက်နေရင်း ဦးဇင်းဦးသုန္ဒရနဲ့ ရင်းနှီးရာက အခုလိုအဓမ္မပြုကျင့်ခံရ တယ်လို့ ပြောပါတယ်။

“နာမည်ကတော့မီးငယ် (နာမည်လွဲ) ပါ။ ယဉ်ကျေးလိမ္မာ သင်တန်းကျောင်းမှာ အဓိကသင်ပေးတာတွေက ဘုရားစာတွေ စသင်တယ်။ ဘုရားရှိခိုးတွေသင်တယ်။ ဘုရားသွား ကျောင်းတက်ရင် နေတတ်စားတတ် အောင် သင်ပေးတယ်။ သင်တာကတော့ ဘုန်းကြီးတပါးနဲ့ ဆရာမတွေလည်း ပါတယ်။ ကျောင်းမှာက ဘုန်းကြီးအကြီးအကဲတပါးရှိတော့ အဲဒီဘုန်းကြီးကို ပြုစုပေးရင်းနဲ့ရင်းနှီးတာ”

“မီးကိုဘာလိုချင်လဲ၊ ဘာလဲမေးတာပေါ့။ မီးကဘာမှမလိုချင်ဘူးဆိုတော့ သူကတီဗွီလည်းပြတယ်။ ချော့ပြီး စကားပြောတယ်။ နောက်ပိုင်းတော်တော်လေးကြာလာတော့ မျက်စိမှိတ်ပြတယ်။ (၁၂)နှစ်နဲ့(၈)လအရွယ် မှာတော့ ဘုန်းဘုန်းကလည်း ပျံလွန်တော်မူသွားပြီ။ သူက ကျောင်းထိုင်ဖြစ်နေပြီ။ သူစိတ်ထိခိုက်နေတာ လား၊ ဘယ်လိုလဲတော့ မသိဘူး။ မီးကို အဲလို ဟိုဟာ အဓမ္မပြုကျင့်တယ်ပေါ့နော်”

ယခုဖြစ်စဉ်မှာ အမှုနောက်ဆက်တွဲ အခြေအနေများကို သေချာစွာမသိရသေးကြောင်း မိန်းကလေးငယ်၏ မိခင်ကပြောပါတယ်။

Related Articles