Home ဆောင်းပါး မိအေး ၃ ခါပင်နာခဲ့ပြီလော

မိအေး ၃ ခါပင်နာခဲ့ပြီလော

M_Id_466127_Suryanelli_gang-rape_case
ကချင်မလေး


“လယ်ယာမြေဦးစီးမှူးနဲ့ပေးတွေ့မယ်ဆိုပြီး လိမ်ခေါ်သွားတယ်၊ တောကြီးထဲရောက်တော့ ကျမကို သာမယားကျင့်ကြံတယ်၊ ရှောင်ပြေးတော့လည်း မလွတ်နိုင်ခဲ့ဘူး”
လို့ အသံယဲ့ယဲ့လေးဖြင့် ဖုန်းထဲကနေ ပြောပြခဲ့တယ်။ လယ်ယာမြေအငြင်းပွားမှု ပြန်လည်ရရှိနိုင်ရေးကြိုးစားပြီး တရွာသာတည်းအုပ်ချုပ်ရေးမှူးကို ယုံကြည် ကိုးစားရာမှ ကာမလိမ်လည်ခံရသည့် အမှုကို လိမ်လည်မှုအဖြစ်ပြောင်းလဲပစ်သည့်အပေါ် တိုင်းတရားရုံးသို့ ထပ်မံအယူခံဝင်။

မန္တလေးတိုင်း ရမည်းသင်းမြို့နယ် XXXX ရွာကျေးရွာနေတွင်နေထိုင်သူ့ မိအေး (အမည်ရင်းမဟုတ်ပါ) ဖြစ်တယ်။ သူမသည် ကလေး ၃ဦးမိခင် မုဆိုးမတဦးလည်း ဖြစ်တယ်။

“ကျွန်မကတော့ ရွာနဲ့နည်းနည်းအလှမ်းဝေးတဲ့တောမှာ ကလေးတွေနဲ့ တောင်သူပဲလုပ်စားတယ်”။ သူမသမီးအကြီးကိုပင် ကျောင်းမထားနိုင်ကြောင်းလည်းသိရတယ်။

သူမတွင် မြေယာကိစ္စနှင့်ပတ်သက်ပြီး ရုံးတင်ခဲ့ရာ ၁၂၊၁၂၊၂၀၁၄ ခုနှစ်တွင် ကျေးရွာအုပ်စု လယ်ယာမြေစီမံခန့်ခွဲမှူးအဖွဲ့မှ သူမအားအနိုင်ရရှိခဲ့သော်လည်း တဖက်က ရမည်းသင်းမြို့နယ် လယ်ယာစီမံခန့်ခွဲမှူးအဖွဲ့ထံ အယူခံဝင်ရာ လယ်မြေတဝက်စီအား ၂ဦး ၂ဖက်အား ခွဲေ၀ ပေးကြောင်း ဦးပိုင်အမှတ်အသီးသီးဖြင့် ၆ရက်၊ ၈ လ၊ ၂၀၁၅ခုနှစ် တွင် ချမှတ်ပေးခဲ့သည်။

အငြင်းပွားကာလအတွင်း တရွာတည်းနေ ကျေးရွာအုပ်စုလယ်ယာမြေစီမံခန့်ခွဲမှူးအဖွဲ့ ဥက္ကဌလည်းဖြစ် အုပ်ချုပ်ရေးမှူး ဦးဌေးဝင်းက သူမ၏ လယ်ယာမြေပြန်လည်ရရှိနိုင်ဖို့ လိုက်လံ လုပ်ဆောင်းပေးမည် ဟုဆိုပြီး ငွေသား သိန်း ၂၀ နီးပါး တောင်းယူပြီးသကာလှ မုဆိုးမ မိအေးခန္ဓာပါ အတင်းအဓမ္မလိမ်လည် ယူဆောင်သွားခဲ့တယ်။

မိအေးခမျာ လယ်ယာမြေပြန်လည်ရရှိနိုင်ဖို့ မြို့နယ်လယ်ယာမြေစီမံခန့်ခွဲရေး၌ အယူခံဝင်ဖို့ရန် ခေါင်းစဉ် အမျိုးမျိုးတပ်ကာ ငွေများတောင်းယူခဲ့ရာ အချင်းဖြစ်မြေထဲမှ ထက်ဝက်စီ ခွဲဝေပေးပြီးနောက် မြို့နယ်လယ်/စီး(၅)ဦးအတွက်ဆိုကာ ငွေ ၅ သိန်း တောင်းယူခဲ့သည့်ငွေအား ပြန်လည်တောင်းရာ “ပြန်မပေးနိုင်ဘူ၊ နင်တိုင်ချင်တဲ့နေရာတိုင်လို့” သာ သူမအားပြန်ပြောခဲ့တယ်။

“သူ့ကိုအားကြီး ယုံစားခဲ့မိလို့ပေါ့” ၂၀၁၄ခုနှစ် ဒီဇင်ဘာလ မှာ မိအေးအား မြေယာကိစ္စနဲ့ပတ်သက်ပြီး ရမည်းသင်းမြို့သို့သွားရမည်ဆိုပြီး လိမ်လည်လှည့်ဖြားကာ ခေါ်သွားခဲ့တယ်။ လေးမျက်နှာဘုရားအနောက်ဘက်တောထဲမှာ “လယ်ယာမြေဦးစီးမှူးနဲ့ပေးတွေ့မယ်ဆိုပြီး လိမ်ခေါ်သွားတယ်၊ တောကြီးထဲရောက်တော့ ကျမကို သာမယားကျင့်ကြံတယ်၊ ရှောင်ပြေးတော့ လည်း မလွတ်နိုင်ခဲ့ဘူး”

“ ကျွန်မကို ညဉ်းမြေယာကိစ္စကိုအနိုင်ရအောင် ဆောင်ရွက်ပေးခဲ့တာပဲ ဒီလောက်တော့ မပေးဆပ်နိုင် ဘူးလားဆိုပြီး သားမယားပြုကျင့်ခဲ့တယ်” ယင်းကိစ္စနဲ့ပတ်သက်ပြီး ဘယ်သူ့ကိုမှ မပြောရန် ခြိမ်းခြောက်မှုများခံခဲ့ရကြောင်းသိရတယ်။

နောက်ပိုင်းတွင် မြေကိစ္စကို ဗန်းပြကာ သူမရှိရာသို့လာပြီးခေါ်ဆောင်ကာ အကြိမ်ကြိမ် သားမယားကျင့်ခံရပြီးနောက် ကိုယ်ဝန်(၇)လလောက်ခန့်ရှိချိန်တွင် ဦးဌေးဝင်းမှ ထိုကိုယ်ဝန်ကို ဖျက်ချပစ်ဖို့ ဒါမှမဟုတ် အခြားတယောက်အားလက်ညှိုးထိုးလိုက်ဖို့ “ကိုယ်ဝန်ဖျက်ချခိုင်းတယ်။
ဒါမှမဟုတ်လဲ တောထဲ(ခြံ)တယောက်ယောက် လာတဲ့အချိန် အော်လိုက် ကျန်တာ ငါလုပ်ဆောင်ပေးမယ်လို့လဲ ပြောတယ်”
သို့ပေမယ့် သူမက လက်မခံခဲ့ပေ။ ထိုကိုယ်ဝန်ကို ၂-၉-၂၀၁၅ ခုနှစ်တွင် ရမည်းသင်းဆေးရုံး၌ သမီးမိန်းကလေးကို မွေးခဲ့ပြီး ယခုပင် ၄လရှိပြီဖြစ်တယ်။

“ကျွန်မသမီးကို ဘာမှတာဝန်ယူပေးတာမရှိဘူး။ သူ့မိသားစုကလည်း ရွာထဲမှာကျွန်မကို အမျိုးမျိုးပြောကြတယ်” ယင်းကာမလိမ်လည်မှုနဲ့ပတ်သက်ပြီးXXရွာရဲစခန်းတွင် အမှုတိုင်ကြားခဲ့ရာ(က)(ခ)ပုံစံဖြင့် ၂၄-၈-၂၀၁၅ခုနှစ်တွင် ရမည်းသင်းမြို့နယ်တရားရုံး ဦးတိုက်တရားစွဲဆိုရာ ပြစ်မှုကျူးလွန်သူအား ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ-၄၁၇ (ကာမလိမ်လည်မှု)ဖြင့် အရေးယူသွားရန် ချမှတ်ခဲ့သော်လည်း ထပ်မံစစ်ဆေးသွားရန် ၉-၁၀-၂၀၁၅ သို့ ပြောင်းရွှေ့ခဲ့တယ်။

ထိုအမှုသည် ပုဒ်မ-၄၁၇(ကာမလိမ်လည်)မှု မှ ပုဒ်မ-၅၀၀(လိမ်လည်)မှု အဖြစ်သို့ ပြောင်းသွားနိုင်ဖွယ်ရှိနေခြင်းကြောင့် မိအေး စိုးရိမ်နေကြောင်း “ ၁၄-၁-၂၀၁၆ မှာ ရုံးချိန်းထပ်ရှိတယ် အမှုက ပုဒ်မ-၅၀၀ ပြောင်းသွားမှာလဲ မကြိုက်ဘူး အဲတာကြောင့် မနေ့က (၇-၁-၂၀၁၆) မှာ ဒီအမှုကို မန္တလေးတိုင်းတရားရုံးကို တင်ခဲ့တယ်” သိရတယ်။

ဒီအမှုမှန်ပေါ်ပေါက်ရေးအတွက် မိအေးသည် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နှင့် ပြည်ထောင်စုတရားသူကြီးချုပ် နေပြည်တော် အပြင် ဒေါ်အောင်ဆန်းစုကြည် (ပြည်သူ့လွှတ်တော် တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေးကော်မတီ)တို့ကို လိပ်မူထားကာ အိတ်ဖွင့်စာပေးပို့ပြီး သတင်းစာရှင်းလင်းပွဲကို လည်း ပြုလုပ်ခဲ့တယ်။

လက်ရှိမြန်မာနိုင်ငံတွင် စစ်တပ်မှ ကျူးလွန်သည့်အမှု၊ အာဏာပိုင်များက ကျူးလွန်သည့်အမှု နှင့် အရပ်သားများကျုးလွန်သည့်အမှုများ၊ အသက်မပြည့်ကလေးများ ကျူးလွန်သည့်အမှုများစွာထွက်ရှိခဲ့ရာ ပြစ်ဒဏ်ချမှတ်နိုင်သည့်အမှုမျာ လက်ချိုးရေတွက်နိုင်သည့်အရေအတွက်သာရှိနေတယ်။ ဆက်စပ်သတင်းအနေဖြင့် သက်ငယ်မုဒိမ်းမှုတွေအတွက် တရားမျှတမှုကို ဘယ်လို ဖော်ဆောင်ကြမလဲ? ဖတ်ရှုနိုင်ပါတယ်။

အမျိုးသမီးဖွဲ့အစည်းများကလည်း အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေးနှင့်ပက်သက်ပြီး ကြိုးစားလုပ်နေကြသည်မှာ အားလုံအသိပင်ဖြစ်တယ်။ သို့ပေမယ့် လက်ရှိဥပဒေများသည် အားပျော့နေဆဲဖြစ်တယ်။ တပ်မတော်သားများ အမျိုးသမီးများပေါ် လိင်ပိုင်ဆိုင် ကျူးလွန်သည့်ကိစ္စကို ထိထိရောက်စွာ အရေးယူဆောင်ရွက် ပေးရန်လုပ်ဆောင် နေကြောင်းကို “တစိုက်မတ်မတ် ပြောကြားနေတဲ့ ပဋိပက္ခဖြစ်ပွားရာဒေသမှာ လက်နက်ကိုင်တွေက ကျူးလွန်တဲ့ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွေကို ထိရောက်စွာ အပြစ်ပေးအရေးယူပေးရေး ကိစ္စဖြစ်တယ်” လို့ (Gender Equality Network) တာဝန်ခံ မမေစံပယ်ဖြူ ကပြောပါတယ်။

မှတ်ချက် ။ ။ အမှုနဲ့ပတ်သက်ပြီး မိအေးရဲ့ရှေ့နေကို ဖုန်းဆက်မေးမြန်းရာတွင် ဒီအမှုနဲ့ပတ်သက်ပြီး တရားရုံးကိုသာ ဆက်သွယ်မေးမြန်းရန် ပြောဆိုခဲ့ပါတယ်။

Related Articles