Home သတင်း လူမသိ သူမသိ

လူမသိ သူမသိ

“လယ်ကွင်းထဲကိုလည်း ဆက်တိုက်ပစ်တယ် ပြီးတော့ ကျမတို့ဘက်ပစ်တယ်၊ သူတို့က ကားပေါ်ကနေရမ်းပစ်တာ”

ကချင်မလေး

ကချင် ပြည်နယ် ကားမိုင်းမြို့အနီး လယ်တောထဲတွင် သေနတ်ဖြင့် ပစ်ခံရသဖြင့် သေဆုံးဒဏ်ရာရမှုများ အပေါ် အရေးယူမှု မရှိခဲ့ရာမှ ယခုအခါ ကချင် ဥပဒေရေးရာ ထောက်ကူပြု ကွန်ယက်မှ အကူအညီပေးသွားမယ် လို့ ပြောလိုက်ပါတယ်။

လူမသိသူမသိ ပစ်သတ်ခံရပြီး အားကိုးရာမဲ့နေတဲ့ ကိုယ်ဝန်ဆောင် အမျိုးသမီးရဲ့ အမှုအတွက် အခုအခါ အကူအညီရမယ့် လမ်းစလေး ပေါ်လာခဲ့တာပါ။

အဖြစ်အပျက်ကတော့ ၂၀၁၅ ခုနှစ် ဇူလိုင်လ အတွင်းမှာ ဖြစ်သွားခဲ့တာဖြစ်တယ်လို့ ကိုယ်တိုင် လက်မောင်းမှာ ကျည်ဆံထိမှန်ခဲ့တဲ့ ဒေါ်အေးမြက ပြောပါတယ်။

ကျွန်မတို့နေ့စား ကောက်စိုက်သွားတာပါ။ ကောက်စိုက်ပြီး ထမင်းစားနားနေတဲ့အချိန်မှာ ကားလမ်းဘက်က တရစပ် သေနတ်ပစ်လာပါတယ်၊ လယ်တဲပေါ်မှာဆိုတော့ ပုန်းမဲ့နေရာလဲမရှိ” လို့ အဖြစ်အပျက်တွေကို ပြန်လည် သတိရရင်းဒေါ်အေးမြက တုန်ယင်နေတဲ့ အသံဖြင့်ပြောပြပါတယ်။

mayamဖြစ်ဖြစ်ချင်း သူငယ်ချင်းကိုယ်ဝန်ဆောင်အမျိုးသမီးမှာ ဆုံးသွားကာ သူမတို့ဟာ လယ်တဲမှာ ရုတ်ရုတ်သဲသဲဖြစ်နေခဲ့တယ်။သေဆုံးသွားသည့် ဒေါ်မာရမ်သည် လွိင်ဆိုင်ကျေးရွား ရပ်ကွက်(၃)တွင် နေထိုင်တယ်။ သူမ တွင် အရင်ကလေး(၃)ဦးရှိပြီး၊ ယခုဗိုက်မှာ လေးဦးမြောက်ဖြစ်တယ်။ သူမ၏ ကျန်ရစ်မိသားစု ဖြစ်သည့် ဖခင်နှင့် ကလေး(၃)ဦးတို့မှာ ဖခင်၏ရွာဖြစ်တဲ့ ပင်းဘောသို့ ပြောင်းရွှေ့ နေထိုင်ကြောင်းလည်း ထိုရွာမှ ဘာသာရေးဆရာက ပြောပြပါတယ်။

သေနတ်ပစ်ခံရတဲ့ အချိန်မှာ အမျိုးသားတွေ က အဲဒီနေရာမှာ မရှိဘူးလို့လည်း ပြောပါတယ်။ “ယောက်ျားတွေက ပျိုးပင်သွားယူမယ်ဆိုပြီး ထမင်းစောစောစားပြီး သွားလိုက်ကြတယ်” အမျိုးသမီများသာ ကျန်နေခဲ့တယ်။

ဒေါ်အေးမြနှင့် သူငယ်ချင်းတစ်အုပ်စုသည် ရွာစွန်ဘက်ရှိ ဦးလခဲ့တို့၏ လယ်ကွင်းတွင် နေ့စားအဖြစ်ကောက်စိုက်ပြီး ထမင်းစားနားနေချိန်တွင် ကားပေါ်မှ သေနတ်ဖြင့် ပစ်ခတ်ခဲ့ခြင်း ဖြစ်ပါတယ်။

ayemya.jpg3“လယ်ကွင်းထဲကိုလည်း ဆက်တိုက်ပစ်တယ် ပြီးတော့ ကျမတို့ဘက်ပစ်တယ်၊ သူတို့က ကားပေါ်ကနေရမ်းပစ်တာ” လို့ ပြောပါတယ်။

ပစ်ခတ်သူများမှာ ရဲဝတ်စုံနှင့် ဖြစ်သည်ဟု ဒေါ်အေးမြက ပြောပြသည်။ မြင်လိုက်တာက ထော်လာကျီ တုန်ဖုန်းကားလိုလို၊ စစ်ကားလိုလိုပဲ ဒါပေမယ့် ရဲဝတ်စုံနဲ့ဆိုတာက သေချာမြင်လိုက်တယ် လို့ပြောပါတယ်။

“ဒဏ်ရာက သွေးတွေထွက်မြဲထွက်နေတယ်” ပြီးတော့ ရွာကိုချက်ချင်းပြန်ခဲ့ပြီး အုပ်ချုပ်ရေးမှူးကို အကြောင်းကြားခဲ့တယ်။ အုပ်ချုပ်ရေးမှူးက ၅ မိုင်အကွာတွင်ရှိတဲ့ ကားမိုင်းမြို့ရှိ ဆေးရုံသွားရန် ပြင်ဆင်ပေးခဲ့တယ်။ ညတွင်းချင်းပဲ သွားခဲ့တယ်။

ဒါပေမယ့် ရဲဂိတ်တခုက သူတို့ကို တားထားခဲ့ပါတယ်။ “ဘယ်သူတွေလည်း၊ ဘယ်သွားမလဲ၊ ဘာလုပ်ဖို့လည်း ဆိုပြီး မေးတယ်၊ မသွားရဘူးဆိုပြီး စောင့်ခိုင်းတယ်၊ ဓါတ်မီးလည်း မထွန်းရဘူးလို့” အဖြစ်ပျက်လေးကို ပြန်ပြောပြတယ်။

နေ့ခင်းက အဖြစ်အပျက်ကို ပြောပြအပြီး၊ တအောင့်ကြာမှ သူမတို့အား ဆက်သွားခွင့်ပြုခဲ့တယ်။ ဆေးရုံသို့ရောက်သော်လည်း မြစ်ကြီးနားဆေးရုံသို့ ဆက်သွားရန်သာ ပြောခဲ့သဖြင့် နောက်နေ့တရက်မှ မြစ်ကြီးနားသို့တက် ဆေးကုသ ခံခဲ့ရကြတယ်။

လူတဦးသေဆုံးပြီး ထိခိုက်ဒဏ်ရာရမှုတွေ ရှိခဲ့ပေမယ့် ယခုအချိန်ထိ စုံစမ်းစစ်ဆေးမှုတစုံတခုမျှ မရှိသေးကြောင်းလည်း ဒေါ်အေးမြကပြောပါတယ်။ “ ကျွန်မတို့က နေ့စားအလုပ်ပဲလုပ်ရတော့ ရှေ့နေတွေလည်းမငှားနိုင်ဘူး၊ ဘယ်ကစတိုင်လို့ တိုင်ရမှန်းမသိဘူး” လို့ သူမက ပြောပါတယ်။ အမှန်တရား အမြန်ဆုံးဖော်ထုတ်ပြီး ပြစ်မှူကျူးလွန်တဲ့သူတွေကို အရေးယူပေးစေလို ကြောင်းလည်း သိရတယ်။

မြစ်ကြီးနားဆေးရုံတွင် ဆေးကုသမှုခံယူနေစဉ်တွင် ရဲဝတ်စုံဖြင့် သုံးယောက်လာကာ ငွေသုံးသောင်းကျပ် လာပေးကာ အကူအညီလိုရင် ပြောပါလို့ မှာထားခဲ့သော်လည်း ဆက်သွယ်ရန် နာမည်၊ ဖုန်းနံပါတ်တစုံတခုမှ မပေးခဲ့လို့ ဒေါ်အေးမြက ပြောပါတယ်။

ကချင်နှစ်ခြင်းခရစ်ယာန်အသင်းချုပ်(KBC) မှလည်း ဆုတောင်းအားပေး စကားပြောကာ ငွေအချို့ကူညီခဲ့တယ်။

Mayam4၁လ ကျော်ကြာခဲ့ပေမယ့်လည်း ယခုအချိန်ထိ တစုံတရာစုံစမ်းမှု၊ စစ်ဆေးမှုတွေလည်း မရှိ၊ မည့်သည့် လူမှုအဖွဲ့အစည်းကမှ ကူညီလုပ်ကိုင်ပေးနေမှုလည်း မတွေ့ရသေးပေ။ သက်ဆိုင်ရာမှ နှုတ်ပိတ်ထားခြင်းလော၊ ထိပ်တိုက်တွေ့ကာ ရင်ဆိုင်ရန် စိုးရွံ့နေခြင်းပင်လော စဉ်းစားဖို့ရန် ဖြစ်နေပြီလား။

လက်မောင်းဒဏ်ရာရရှိသူမှာလည်း ၂နှစ်အရွယ်ကလေးငယ်တဦးရှိပြီး ယခုအချိန်တွင် ဘာမှမလုပ်နိုင်သဖြင့် မိဘနေအိမ်တွင် ပြန်လည်နေထိုင်နေရကြောင်း “ အခုလက်က အပေါ်ယံအနာကတော့ ကျက်နေပါပြီ ဒါပေမယ့် အတွင်းအရမ်းကိုက်တယ်၊ ကလေးတောင်ချီလို့မရဘူး၊ အမျိုးသားကလေး နေ့စားပြန်သွားနေတော့ အမေအိမ်မှာပဲ ပြန်လာနေနေတယ်” လို့ပြောပါတယ်။ သူမမှာ အခင်းဖြစ်ပွားခဲ့တဲ့ ပုံရိပ်ကာ မျက်လုံးထဲက မထွက်ကြောင်း၊ သေဆုံးသွားတဲ့သူငယ်ချင်းမ အကြောင်းတွေပါ တွေးတွေးပြီးကြောက်လို့ တယောက်ထဲနေရ မှာ အရမ်းကြောက်ကြောင်းလည်း ငိုသံသဲ့သဲ့ဖြင့် စားရေးသူကို ပြောပြပါတယ်။

ဒီအမှုနဲ့ပတ်သက်ပြီး လူမှုအရပ်ဖက်အဖွဲ့အစည်းတွေကလည်း သတင်း အချက်အလက်များ ရရှိ၊ ကြားရှိကြောင်းသိရတယ်။ Kachin Legal Aid Network ရှေ့နေများအဖွဲ့လည်း ဒီအမှုကို ကမ်လှမ်းမှု ရှိခဲ့ကြောင်းကို တရားလွတ်တော်ရှေ့နေ ဦးခွန်နောင်က “ ကျွန်တော်တို့အဖွဲ့ကို ဒီအမှုနဲ့ပတ်သက်ပြီး လိုက်ပေးဖို့ စကားအားဖြင့်တော့ ကားမိုင်းက ဆရာတစ်ဦးက ကမ်းလှမ်းခဲ့ပါတယ်၊ ဒီကိစ္စနဲ့ပတ်သက်ပြီး ကူညီဖို့လည်း အဆင်သင့်ပါပဲ သူတို့နဲ့ အသေးစိတ်ဆွေးနွေးသွားဖို့ပြင်ဆင်နေပါတယ်” လို့ ပြောပါတယ်။

 

 

Related Articles