Home ဆောင်းပါး တိုက်ပွဲကြားက ထွက်ပေါ်လာတဲ့ အမျိုးသမီး ကိုယ်စားလှယ်လောင်း

တိုက်ပွဲကြားက ထွက်ပေါ်လာတဲ့ အမျိုးသမီး ကိုယ်စားလှယ်လောင်း

the MRJ and locap people did themselve anti-dam event even the irrawaddy marcher cancel the event.အဲဒီအစီရင်ခံစာမှာ အစိုးရနဲ့ ကုမ္ပဏီတွေက ပြောင်းရွှေ့ခံပြည်သူတွေအပေါ် ဘယ်လောက်ကောင်းတဲ့ အိမ်၊ အဆင်မြင့်လူနေမှုအဆင့်အတန်းနဲ့အညီ လုပ်ဆောင်ပေးနေပါကြောင်း ပြောနေခဲ့ပေမယ့် အမှန်တကယ် ရွှေ့ပြောင်းစခန်းမှာ ဒုက္ခသည်စခန်းသာသာနေနေရတဲ့ အဖြစ်ကို ဖော်ပြရေးသားထားပါတယ်။ အဲဒီအစီရင်ခံစာကြောင့်ပဲ သူမကို အာဏာပိုင်များ၊ ကုမ္ပဏီတွေက ဖိအားပေးတာ၊ ခြိမ်းခြောက်တာ မကြာခဏရင်ဆိုင်ခဲ့ရပါတယ်။

ကချင်မလေး

၂၈၊ ၈၊ ၂၀၁၁၅

သူမဟာ မြစ်ဆုံစီမံကိန်း ရပ်တံ့ရေးအတွက် တိုက်ပွဲဝင်ခဲ့တယ်။ ကုမ္ဗဏီက ရွှေ့ပြောင်းရွာသားတွေကို ပေးနေတဲ့ ရိက္ခာ ဖြတ်ခံရတယ်။ ဒါပေမယ့် ခေါင်းမငုံ့ခဲ့ဘူး။ သာမန်ရွာသူ တယောက်ဘဝကနေ တိုက်ပွဲကြားမှာ လူသိများလာခဲ့ရတယ်။ မြစ်ဆုံကို ချစ်တယ်။ အခုတော့ လွတ်တော်ကိုယ်စားလှယ် တယောက်ဖြစ်လာပြီး မြစ်ဆုံ စီမံကိန်းကို ဆက်လက်တိုက်ပွဲဝင်သွားဖို့ ကြိုးစားနေပါတယ်။

သူမကတော့ မြစ်ဆုံစီမံကိန်း ကျေးရွာပြောင်းရွှေ့ရာမှာ ပါဝင်ခဲ့ပြီး “စံပြ” ကျေးရွာလို့ ခေါ်တဲ့ အောင်မြင်သာ ရွာက ဒေါ်ဂျာခေါင်န် ဖြစ်ပါတယ်။

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ကနေ မြောက်ဘက်သို့ ဖြောင့်ဖြူးနေတဲ့ကတ္တယာလမ်းမကြီးကနေ ၁နာရီခန့်မျှ ကားစီးပြီးသကာလ ရွာပေါင်းများစွာ၊ သံဘောင်တံတားများစွာကို ဖြတ်ကျော်အပြီး ရွာထိပ်တွင် “အောင်မြင်သာစံပြကျေးရွာ” ဆိုတဲ့ ဆိုင်းဘုတ်လေးက ကြိုဆိုနေပါလိမ့်မယ်။ ဆိုင်းဘုတ်မှ ခြေလှမ်း ၁၀ လှမ်း လောက်အကွာဘယ်ဘက်ခြမ်းမှာ စစ်တပ်ဝင်းတခုရှိပြီး ညာဘက်မှာ ဈေးဆိုင်တန်းငယ်များနှင့် ဂိတ်လိုလိုဖြင့် အစဉ်အမြဲလူပေါင်းစုံစုဝေးနေတာကို သတိထားမိတယ်။

အောင်မြင်သာစံပြကျေးရွာဟာ မြစ်ဆုံစီမံကိန်းကြောင့် ရွာပေါင်း(၃)ရွာမှရွာသားများကို အတင်းအဓမ္မ ပြောင်းရွှေ့ထားတဲ့ ရွာဖြစ်တယ်။ အဲဒီရွာကို ရောက်ဖူးသူတိုင်းလည်း စာရေးသူလိုပဲ ရွာထဲဝင်လိုက်တဲ့ အခါ မပြောပြတတ်တဲ့ တစုံတရာခံစားရမယ်လို့ ထင်တယ်။

စာရေးသူရဲ့ အဖော်က အမလေးအစ်မရေ အစ်မတို့အိမ်ကို ၁၀ကြိမ်ထက်မက ရောက်ခဲ့ဖူးတယ်..ဒါပေမယ့် လာတိုင်း အိမ်မှား၊ လမ်းမှားနဲ့” လို့ ရောက်မစိုက် စကားဆိုလိုက်တယ်..။ ထိုအချိန်တွင် ခပ်သွက်သွက်ခြေလှမ်းများနှင့် အပြုံးမျက်နှာလေးနဲဖော်ရွေစွာဖြင့် နင်တို့မပြောနဲ့ ဒီကရွာသားတွေတောင် အစတုန်းက မကြာခဏ မှားလေ့ရှိတယ် လို့ ပြောပါတယ်။

သူမအိမ်က အခြားသော အိမ်များထက် နည်းနည်းပိုပြီး အဖီထိုးကာ ထပ်ချဲ့ထားတာတွေ့ရတယ်။ အိမ်အောက် ဝင်လိုက်တာနဲ့ စားပွဲတလုံးပေါ်မှာ လူရွယ်ခန္ဓာတလုံးစာခန့်ရှိပြီး ၃”ပေလောက်မြင့်တဲ့ ဂျပန်ခေတ်က လက်ကျန် ပုလင်းကြီး တလုံးက ဝင်လာသူတိုင်းကို မေးခွန်းထုတ်စေပါတယ်။ ပုလင်းကြီးထဲတွင် သစ်သားစလေးတွေ၊ အနွယ်ပင်တွေနဲ့ အဝါရောင်အရည်က တဝက်ခန့်ရှိနေတယ်။

အော်အဲဒါက ဆေးမြစ်တွေနဲ့ စိမ်ထားတဲ့ ကချင်ရိုးရာအရက်လေး” လို့ သူက ရှင်းပြတယ်။ သူမဟာ ကချင်ရိုးရာ အရက်ကို ချက်ပြီး တပိုင်တနိုင် စီပွားရေးအဖြစ်လုပ်ကိုင်စားသောက်သူဖြစ်ပါတယ်။ အဲဒီပုလင်းကပင် သူမအား “ပုလင်းကြီးဆိုင်” ဟုပင် နာမည်ကြီး လူသူများစေခဲ့ပါတယ်။

Jahkawnသူမဟာ အိမ်ထောင်ရေး ကံခေလှသည်ဟုဆိုရမလားမသိ။ သူမယောက်ျားနှင့် သဘောထားချင်း မတိုက်ဆိုင်တော့သဖြင့် တရားရုံးတွင် တရားဝင်ကွာရှင်းခဲ့ပြီး (၁၀) နှစ်ပင် ကျော်ခဲ့ပြီလို့သိရတယ်။ သူမအမျိုးသားမှာ တအိုးတအိမ်ပြန်လည် ထူထောင်နေသည်ခဲ့တယ်လို့ ပြောပြတယ်။ သူမကတော့ တယောက်ထဲလောကဓံကို ကြံ့ကြံ့ခံကာ သားသမီး(၈)ကို တယောက်တည်းကျွေးမွေးပြုစုရင်း ယခုအချိန်တွင် ကျွန်မတယောက်ထဲ ကလေးတွေကိုပြုစုခဲ့တယ်။ အခုဆိုသားသမီးတွေထဲမှာ ဘွဲ့ရတဲ့သူ၊ ဆယ်တန်းအောင်တဲ့သူတွေတောင်ပါနေပြီ၊ သားအငယ်ဆုံးတောင် တန်းရောက်နေပြီးလို့ သားသမီးအတွက် ဂုဏ်ယူဝင့်ကြွားစွာဖြင့် ပြောပြခဲ့တယ်။ သူမဟာ အသက် ၄၀ ကျော် ဝန်းကျင်ခန့်သာရှိပြီး သွတ်လက်ပြတ်သားလှတဲ့ အမျိုးသမီးတစ်ဦးဖြစ်ကြောင်းမှာ သူမကို မြင်ဖူး၊ ခင်ဖူးသူတိုင်းက ချီးမွမ်းပြောလေ့ရှိပါတယ်။ သူမ အမည်ရင်းကတော့ ဒေါ်ဂျာခေါ်န်ဖြစ်ပါတယ်။

သူမဟာ တန်ဖဲရွာမှာ ဈေးဆိုင်လေးဖွင့်၊ ကြက်၊ ဝက်၊ နွားတွေမွေးမြူခြင်း၊ တောင်ယာခြံကလေးလုပ်ခြင်းဖြင့် သားသမီးများ ကို မကြောင့်မကျထားနိုင်ခဲ့တယ်။ ဒါပေမယ့်လည်း အခုတော့ သူ့ရွာကလေးကို မြစ်ဆုံရေကာတာစီမံကိန်းကြောင့် စွန့်ထားရပြီး၊ တနေ့ ဝင်ငွေတစ်ထောင်တောင်မရတဲ့ အောင်မြင်သာ စံပြရွာမှာ နေနေ ရပါတယ်။ သူမဟာ သူမရွာကိုသာ ပြန်လိုသူ၊ မြစ်ဆုံရေကာတာစီမံကိန်းကြီး ရပ်တန့််ရေးအတွက် တက်ကြွလှုပ်ရှားသူတစ်ဦးလည်းဖြစ်တယ်။

ဆက်လက်ပြီးလည်း သူမဒေသကို ကာကွယ်ဖို့၊ မြစ်ဆုံရေကာတာစီမံကိန်းကြီး ရာသက်ပန်ရပ်တန့်ရေးကို ကြိုးစားလုပ်ဆောင်သွားမယ်လို့ ပြတ်သားလှတဲ့ စကားလုံးများပြောနေချိန်တွင် ဆုံးဖြတ်ချက် ခိုင်ခိုင်မာမာချပြီး ပြောကြောင်း သူမမျက်နှာမှာ အထင်းသားမြင်လိုက်ရပါတယ်။

သူမဟာ ၂၀၀၇ ခုနှစ်ကနေ ၂၀၁၀ ခုနှစ်ထိ မြစ်ဆုံစီကိန်းကြီးကို ကြောက်ကြောက်နဲ့ ဆန့်ကျင်ခဲ့ပေမယ့် နောက်ပိုင်းမှာ Mung Chying Rawt Jat (MRJ) ဆိုတဲ့ အကြီးစားစီမံကိန်းတွေကြောင့် ထိခိုက်ခံပြည်သူတွေစုပေါင်းဖွဲ့စည်းထားတဲ့ အဖွဲ့မှာ ဦးဆောင်သူတစ်ဦးအနေနဲ့ ပါဝင်ခဲ့ပြီး ၂၀၁၃ ခုနှစ်မှာ ရန်ကုန်မြို့ကိုတက်ပြီး “စံပြမဖြစ်သည့် စံပြစခန်းများ” အစီရင်ခံစာကို ရေးသားပြုစုကာ သတင်းစာရှင်းလင်းပွဲပြုလုပ်ခဲ့ပါတယ်။

အဲဒီအစီရင်ခံစာမှာ အစိုးရနဲ့ ကုမ္ပဏီတွေက ပြောင်းရွှေ့ခံပြည်သူတွေအပေါ် ဘယ်လောက်ကောင်းတဲ့ အိမ်၊ အဆင်မြင့်လူနေမှုအဆင့်အတန်းနဲ့အညီ လုပ်ဆောင်ပေးနေပါကြောင်း ပြောနေခဲ့ပေမယ့် အမှန်တကယ် ရွှေ့ပြောင်းစခန်းမှာ ဒုက္ခသည်စခန်းသာသာနေနေရတဲ့ အဖြစ်ကို ဖော်ပြရေးသားထားပါတယ်။ အဲဒီအစီရင်ခံစာကြောင့်ပဲ သူမကို အာဏာပိုင်များ၊ ကုမ္ပဏီတွေက ဖိအားပေးတာ၊ ခြိမ်းခြောက်တာ မကြာခဏရင်ဆိုင်ခဲ့ရပါတယ်။

သူမရဲ့ ခံယူချက်၊ လုပ်ဆောင်ချက်ကြောင့်ပဲ ကျွန်မကို မြစ်ဆုံစီမံကိန်းတည်ဆောက်နေတဲ့ CPI က အခု ဆန်လည်းမပေးတော့ဘူးလို့ပြောပါတယ်။

လာမယ့် နိုင်ဝင်ဘာလမှာ ကျင်းပမယ့် ရွေးကောက်ပွဲမှာ ကချင်ပြည်နယ်၊ အင်ဂျန်းယမ်မဲဆန္ဒနယ်(၁) က ကချင်ဒီမိုကရက်တစ်ပါတီရဲ့ ကိုယ်စားလှယ်လောင်းအဖြစ် ဝင်ရောက်အရွေးခံသွားမယ်လို့သိရပါတယ်။ ဒီမြို့နယ်က ဝင်ရောက်ယဉ်ပြိုင်သွားရာမှာ သူမနေနဲ့ “ ကျွန်မလွှတ်တော်ဝင်ပြီး လုပ်ဆောင်မယ်ဆိုရင် ဒီဒေသမှာ လှုပ်ရှားဆောင်ရွက်နေတဲ့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းစောင့်ရှောက်ရေးနဲ့ အခြားလူမှုရေး၊ဘာသာရေး လုပ်ငန်းတွေကို ပိုမိုထိထိ ရောက်ရောက်လုပ်ဆောင်နိုင်မယ်လို့ယုံကြည်ပြီး ဝင်ခဲ့ပါတယ်လို့ ပြောပါတယ်။

အမျိုးသမီးတစ်ယောက်ဖြစ်တဲ့အပြင် အိမ်ထောင်ဦးစီးတစ်ဦးလည်းဖြစ်တဲ့အတွက် နိုင်ငံရေးလောကတွင် ဝင်ရောက်လုပ်ကိုင်ဖို့အတွက် သူမမှာ အဟန့်အတားများစွာရင်ဆိုင်ရကြောင်းကို ကျွန်မက အိမ်မှာ အိမ်ထောင်ဦးစီးလည်းဖြစ်တယ်၊ ကလေးတွေကိုလည်းကြည့်ရတော့ လိုသလောက်ခရီး မပေါက်သလို ခံစားရတယ်ပြောပါတယ်။ သို့သော် တတ်နိုင်သလောက်အချိန်ကိုလုယူပြီး ပါတီရုံးတတ်၊ ပါတီအစည်းအဝေး၊ အခြား နိုင်ငံရေးစွမ်းရည်မြင့်သင်တန်းတွေလည်း လိုက်တက်ဖြစ်ကြောင်း၊ စာအုပ်များကိုလည်း ဖတ်ကြောင်းကို ပြောပြပါတယ်။

ဒါ့အပြင် အမျိုးသမီးတွေ နိုင်ငံရေးမှာ ပိုမိုပါဝင်နိုင်ရေးကို အရမ်းလိုလာကြောင်း ကျွန်မက နိုင်ငံရေးမှာ အမျိုးသမီးတွေများများ ပါဝင်နိုင်ဖို့ အရမ်းအားကျတယ်အရမ်းစိတ်ဝင်စားတယ်ပညာရေးနောက်ခံက မကောင်းပေမယ့်လည်း ကိုယ်ရဲ့ဒေသ၊ လူထု၊ အမျိုးသမီးထုတွေအတွက်ဆိုပြီး မားမားမတ်မတ်ရပ်ကာ တတ်နိုင်သလောက်ကြိုးစား လုပ်ဆောင်သွားမယ်လို့ပြောပါတယ်။

အခုအချိန်မှာ ပါတီစည်းရုံးရေး၊ မဲဆွယ်စည်းရုံးရေးအစီစဉ်တွေလည်း မဆင်းရသေးတဲ့အတွက် အခြား ထွေထွေထူးထူး၊ အခက်အခဲ မတွေ့ကြုံ ရသေးကြောင်းလည်းပြောပါတယ်။

ကျွန်မတို့အမျိုးသမီးတွေငိုင်နေလို့မရတော့တဲ့အချိန်ရောက်ပြီ။ ကျွန်မတို့ဘဝတွေကို ကလေးတွေနဲ့မီးဖို ချောင်မှာပဲ အဆုံးမသတ်ပဲ စာအုပ်စာပေတွေဖတ်ရအောင်။ အမျိုးသားတွေကို ခွာရာတိုင်းတာတော့ မဟုတ်ပေမယ့် ကျွန်မတို့အမျိုးသမီးတွေရဲ့ စွမ်းရည်ကို နိုင်ငံရေးတွေ၊ ဦးဆောင်မှုအခန်းကဏ္ဍတွေမှာ ပိုမိုပါဝင်လာနိုင်အောင် ပြရအောင်လို့ အမျိုးသမီးတွေအားလုံးကို ပြောချင်ပါတယ်

Related Articles