Home သတင်း UNSC (၁၃၂၅) အပေါ် ကယားပြည်နယ်တွင် လေ့လာ

UNSC (၁၃၂၅) အပေါ် ကယားပြည်နယ်တွင် လေ့လာ

???????????????????????????????

ဖုမော်။

လိင်အခြေခံသောအကြမ်းဖက်ခြင်း နှင့် ကမ္ဘာ့ကုလသမဂ္ဂ လုံခြုံရေးကောင်စီ ဆုံးဖြတ်ချက်အမှတ် (၁၃၂၅) ကိုပိုမိုသိရှိ နားလည်လာစေရန်အတွက် ဆရာဖြစ်သင်တန်းကို  လွိုင်ကော်မြို့ ဒေါဥခူရပ်ကွက်တွင်  ပြုလုပ်ရာ ကျောင်းသူ ကျောင်းသား ၁၂ ဦး တက်ရောက်ခဲ့ကြသည်။  ၁၈မှ ၂၂.၁၂.၂၀၁၄ ထိ (၅)ရက်တာ ပြုလုပ်ခဲ့ပါသည်။

သင်တန်းကို ကဲ (Care) မြန်မာအဖွဲ့ ၊ ကယားပြည်နယ်လူငယ်များကွန်ယက်နှင့် Women’s Galaxy တို့မှ အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြပြီး ဂျင်တာ၊အိမ်တွင်းအကြမ်းဖက်မှု၊ အမျိုးသမီးအခွင့်အရေး (စီဒေါ) နှင့် ကမ္ဘာ့ကုလသမဂ္ဂ လုံခြုံရေးကောင်စီ ဆုံးဖြတ်ချက်အမှတ် (၁၃၂၅) တို့ကို ဒီဇင်ဘာ ၁၈မှ ၂၂ ရက်ထိ လေ့လာသင်ကြား ခဲ့သည်။

သင်တန်းတွင် ပို့ချပေးခဲ့သော ဆရာမ ဒေါ်မြင့်မြင့်ဦး (freelance consultant) က “ ဒီအမျိုးသမီးငယ်ရွယ်တဲ့ သူတွေနဲ့ အနီးစပ်ဆုံးနေတဲ့သူတွေကဘဲ ပိုပြီးတော့အကြမ်းဖက် နေတာကို တွေ့ရတယ် ပိုပြီးတော့ စိတ်မကောင်းစရာဟာ အခုနောက်ပိုင်းမှာပေါ့နော အသက်ငယ်ရွယ်တဲ့ ကလေးတွေကို မုဒိမ်းကျင့်တာ များလာသလို ဘယ်တုန်းကမှ မထင်မှတ်နိုင်တဲ့ သမီးနဲ့ဖအေ ဇတ်လမ်း ဦးလေးနဲ့ တူမ ဇတ်လမ်း ညီအစ်ကိုမောင်နှမ ဇတ်လမ်းတွေဟာ အိမ်တွင်းမှာ အများကြီးဖြစ်နေကြတယ် ဒါဟာ လိင်ကွဲပြား မှုအပေါ်မှာ အခြေခံပြီး အကြမ်းဖက်နေတာ ဖြစ်တယ် ဒါ့အပြင် လုပ်ငန်းခွင် မှာလည်း လုံခြုံမှုမရှိတာတွေ ကိုတွေ့နေရတယ်  ဒီလိုအခြေအနေမှာ အမျိုးသမီးငယ်တွေ ငြိမ်ခံနေရတယ် အဲဒါတွေကို လည်းမကြောက်လန့် ဘဲနဲ့ ဖော်ထုတ်ပေးဖို့ ပြောပြပေးဖို့ လိုအပ်တယ်ဆိုတာကို အားပေးချင်ပါတယ်” ဟု ပြောကြားခဲ့ပါသည်။

မြန်မာနိုင်ငံတွင် လူဦးရေ ထက်ဝက်ကျော်ရှိသော အမျိုးသမီးများစွမ်းဆောင်နိုင်ခြင်းအားဖြင့် လိုရာပန်းတိုင်သို့ လျှင်မြန်စွာ ရောက်နိုင်မည်ဖြစ်ကြောင်း နှင့် အရေးကြီးဆးုံ ဆုံးဖြတ်ချက်ချ ပိုင်ခွင့်တွင် အမျိုးသမီး   အမျိုးသား ပါလာမှသာလျှင် မျှတမှုရှိမည်ဖြစ်ကြောင်း လည်း သင်တန်းပို့ချသူက ပြောသည်။

သင်တန်းသို့တက်ရောက်လာသော  ပလျားရယ် (ကယားပြည်နယ် လူငယ်များ ကွန်ယက်) မှလည်း အမျိုးသမီး အခွင့်ရေးများကို လေးစားကြောင်း သို့သော် အချို့သောအမျိုးသမီးများမှာ လွဲမှားစွာ အခွင့်အရေးများကို ယူဆမိလျှင် စိုးရိမ်ရကြောင်း ပြောကြားခဲ့ပါသည်။ ထို့ပြင် အချို့ရိုးရာဓလေ့ အရ အမျိုးသမီးများ  အခွင့်အရေး တန်းတူမရခြင်း များအပေါ် စိုးရိမ်မီပြီး  ပြန်လည်ပြင်ဆင်ရန် သင့်ကြောင်း ကိုလည်း ပြောကြား ခဲ့ပါသည်။

ထိုပြင်သင်တန်းသူ တစ်ဦးမှလည်း  “ အခုလို ၁၃၂၅ ကို ကောင်းကောင်းလေ့လာလိုက်ရတဲ့အတွက် အများကြီး အကျိုးရှိပါတယ် အရင်ကဆို တစ်ကြောင်း နှစ်ကြောင်းဘဲဖတ်ဖြစ်တယ် ဒါပေမဲ့ အခုလို သေချာပြန်လေ့လာကြည့်တော့ ပိုပြီးစိတ်ဝင်စားစရာကောင်းတယ် ဒီထဲမှာက ကမ္ဘာ့ကုလသမဂ္ဂ လုံခြုံရေးကောင်စီ  ၊ အထွေထွေ အတွင်းရေးမှုး၊ အဖွဲ့ဝင်နိုင်ငံ၊ နှစ်ဖက်လက်နက်ကိုင်အဖွဲ့ ပြီးတော့ အခြား ပါဝင်ပါတ်သက်သူတွေ အနေနဲ့ရော လိုက်နာရမယ် အရာတွေကို အသေးစိတ်ဖော်ပြထားတာကိုတွေ့ရတယ် အထူးသဖြင့် စီဒေါ နောက်ဆက်တွဲစာချုပ်ကိုလက်မှတ်ထိုးထားတဲ့ ကျွန်မတို့လို မြန်မာနိုင်ငံအနေနဲ့ ပြည်သူတွေရော အစိုးရအဖွဲ့တွေရော အထူးသဖြင့် အမျိုးသမီးတွေ ကောင်းကောင်းကြီးကို သိထားသင့်တယ်လို့ ထင်ပါတယ် “ ဟုပြောပြခဲ့ပါသည်။

လွိုင်ကော် ကဲမြန်မာ ရုံးမှ ဆရာမ ရွှေစင်လင်းဖြူ (senior program  officer )  မှလည်း  “အခုက  Gender ပိုင်းကို လုပ်ဖြစ်နေပါတယ် နောက်ပိုင်းဆို ပိုပြီးတိုးချဲ့လုပ်ချင်တယ်  အဖွဲ့အစည်းတွေ အကုန်လုံးပူးပေါင်း ဆောင်ရွက် ပြီးတော့ သင်တန်းတွေ ပြုလုပ်ချင်တယ်ပြီးတော့ ပြန်ပို့ချစေချင်ပါတယ် ကျွန်မတို့သတ်မှတ်ထားတဲ့ ဧရိယာမှ မဟုတ်ဘဲ အခြားနေရာ ပိုပြီးလုပ်နိုင်အောင် patanar အဖွဲ့တွေနဲ့ တွဲပြီးတော့ target area တင်မကဘဲ ချဲ့ပြီးလုပ်ချင်ပါတယ်  ဒီလို အသိပညာ ဗဟုသုတ တွေ ရပြီး ကိုယ့်ရဲ့အိမ်တွင်းရေးကနေ စလုပ်မှသာ ရှေ့ဆက် မြို့နယ်အဆင့် နိုင်ငံတော်အဆင့်မှ ထိ ပူးပေါင်းပါဝင်လာနိုင်မှာဖြစ်ပါတယ်” ဟုပြောကြား ခဲ့ပါသည်။

Related Articles