Home သတင်း အမျိုးသမီးအခွင့်အရေး နားမလည်သူ များပြားနေဆဲ

အမျိုးသမီးအခွင့်အရေး နားမလည်သူ များပြားနေဆဲ

DSC00264

ကောကော်

 

မြန်မာနိုင်ငံတွင် တချို့သူများသည် လူ့အခွင့်အရေးကို နားလည်သော်လည်း အမျိုးသမီး အခွင့်အရေးကို နားမလည်သေးပဲ ရှိနေကြောင်း ညီမျှခြင်းမြန်မာမှ ဒါရိုက်တာ ဖြစ်သူ အောင်မျိုးမင်းက ပြောကြားခဲ့ပါတယ်။

လူ့အခွင့်အရေးဟု ပြောဆိုသတ်မှတ်ကြသော လူတွေကြားထဲတွင် အမျိုးသမီး အခွင်အရေးကို ထူးထူးခြားခြား ပေးစရာမလိုအပ်ဟု ထင်နေကြသော အယူအဆရှိကြောင်း အောင်မျိုးမင်းက ပြောပါတယ်။

“အမျိုးသမီးအခွင့်အရေးဆိုတာ ထူးထူးခြားခြား အခွင့်အရေး မဟုတ်သလို အမျိုးသားတွေ ခံစားခွင့် ရရှိတဲ့ အခွင့်အရေးလိုမျိုး တန်းတူခံစားခွင့်ရရှိအောင် တောင်းဆိုရခြင်းဖြစ်တယ်၊ အမျိုးသမီးတွေ ကြုံတွေ့ရတဲ့ အခက်အခဲတွေကို ပိုမိုပြီး ကာကွယ်နိုင်အောင် အသိပေးတာဖြစ်တယ်

DSC00279

ပြည့်တန်ဆာ အမျိုးသမီးများသည်လည်း အခွင့်အရေးချိုးဖောက်ခံနေရကြောင်း Top Centre မှ community supervisor ဖြစ်သူ မလှလှထွေးက ပြောပါတယ်။

“ဧည်သည်တွေနဲ့ တွေ့တဲ့အခါကျရင် နိုင်ထက်စီးနင်း လုပ်ကြတယ်၊ ပိုက်ဆံပေးမယ်ဆိုပြီး ခေါ်သွားတယ်၊ အခန်းထဲရောက်တော့ လိင်ဆက်ဆံပြီး ပိုက်ဆံမပေးဘူး။ ဒီတိုင်းပဲ ပြန်သွားတယ်၊ အဲဒါကြောင့် အမျိုးသမီးတွေအတွက် အရမ်းနစ်နာတယ်”

         ထို့အပြင် လူ့အခွင့်အရေးနေ့တွင် ပြည့်တန်ဆာ အမျိုးသမီးများအတွက် အခွင့်အရေးကို လည်း တောင်းဆိုချင်ကြောင်း သူမက ပြောပါတယ်။

“နိုင်ထက်စီးနင်း မလုပ်စေချင်ဘူး၊ ဘာဖြစ်လို့လဲဆိုတော့ လိင်ပိုင်းဆိုင်ရာပဲဖြစ်ဖြစ်၊ ကိုယ်အမူအရာဖြစ်ဖြစ်၊ နှုတ်အမူအရာဖြစ်ဖြစ်၊ အကြမ်းဖက်တာတို့၊ နိုင်ဖက်စီးနင်းေစော်ကားတာတို့ မပြုလုပ်စေချင်ဘူး”

         ကျားမတန်းတူရေး ကွန်ယက်မှ ဒေါက်တာကေသီမြင့်သိန်းက မြန်မာနိုင်င်ငံတွင် အမျိုးသမီးအခွင့်အရေးသည် အပြည့်အဝမရရှိသေးဟု ပြောပါတယ်။

“လူတွေက ပြောကြတယ်၊ မြန်မာနိုင်ငံမှာ အမျိုးသမီးအခွင့်အရေး ရနေတာပဲ၊ ဒါပေမဲ့ အပြည့်အဝမဟုတ်သေးပါဘူး၊ လုပ်ငန်းခွင်မှာဆိုရင် နေရာမရဘူး။ အိမ်တွင်းကနေ အိမ်ပြင်ကို မထွက်ခိုင်းတာတို့၊ ခေါင်းဆောင်မှုအခန်းကဏ္ဍမှာလည်း နဲနဲခဲယဉ်းတယ်။ နေရာအနှံ့မှာ အမျိုးသမီးတွေ အခွင့်အရေး ချိုးဖောက်ခံနေရတာရှိတယ်”

လူ့အခွင့်အရေးကိုနားလည်ပြီး အမျိုးသမီးရဲ့ အခွင့်အရေးကို နားမလည်သောသူ ရှိနေခြင်းသည် မြန်မာနိုင်ငံ၏အခြေအနေ တခုဖြစ်ကြောင်း၊ ဒီဇင်ဘာလ (၁၀)ရက်နေ့တွင် ပေါ်ပေါက်ခဲ့သော လူ့အခွင့်အရေးနေ့ ကို နှစ်စဉ်နှစ်တိုင်း ဆောင်ပုဒ် မျာနှင့် သတ်မှတ်ပြီး ယခုနှစ်မှာတော့ (၃၆၅) ဆောင်ပုဒ်ဖြင့် ကျင်းပခြင်း ဖြစ်ကြောင်း ရက်ပေါင်း(၃၆၅)ထဲတွင် လူတိုင်း လူတိုင် လူ့အခွင့်အရေး ခံစားခွင့်ရှိကြောင်းဆိုသော အဓိပ္ပါယ် နှင့် ကျင်းပရခြင်းဖြစ်တယ်လို့ ညီမျှခြင်းမြန်မာမှ ဒါရိုက်တာဖြစ်သူ အောင်မျိုးမင်းက ပြောကြားခဲ့ပါတယ်။

DSC00274

လူ့အခွင့်အရေးအတွက် (၃၆၅)ဆိုသော ဆောင်ပုဒ်နှင့်အတူ အခမ်းအနားတရပ်ကို ရန်ကုန်မြို့၊ ပြည်သူ့ဥယာဉ်၊ စမ်းချောင်းသာတွင် ညနေ၃နာရီမှာ ည၈နာရီအထိ လူ့အခွင့်အရေးအတွက် လုပ်ဆောင်နေကြသော ကျားမတန်းတူရေးအဖွဲ့၊ WON အမျိုးသမီးအဖွဲ့၊ ဖန်တီးအိမ်၊ သပြေပညာရေး၊ ကျားမ အခြေပြု အကြမ်းမဖက်ရေး၊ ညီမျှခြင်း မြန်မာ၊ LGBT၊ Top၊ ဒါနရှေ့ဆောင်မြန်မာ တို့ပူးပေါင်းပြီး လူ့အခွင့်အရေးကို လိုလားပြီး တက်ရောက်လာသူများကို မေးခွန်းမေးပြီး အမှတ်တရလက်ဆောင်များပြန်လည်ပေးအပ်တဲ့ အစီအစဉ်များကို ပြုလုပ်ကြပါတယ်။

Related Articles