Home သတင်း ကချင် အမျိုးသမီးငယ်သေဆုံးမှု အမှုမှန်ပေါ်ရေး တောင်းဆို

ကချင် အမျိုးသမီးငယ်သေဆုံးမှု အမှုမှန်ပေါ်ရေး တောင်းဆို

ဖခင်ဖြစ်သူမှ အဖြစ်အပျက်ကို ရှင်းပြစဉ်

ကချင်မလေး။

၂၀၁၂ခုနှစ်၊ စက်တင်ဘာလ ၊၁၃ရက်တွင် ကချင်ပြည်နယ်၊ ဖားကန့်မြို့၊ ဆွတ်ငိုင်ယန်ရှိ (၉)တန်းကျောင်းသူမလေး ကျောင်းအပြန် မြန်မာ့တပ်မတော်မှ ပစ်ခတ်လိုက်မှုကြောင့် သေးဆုံးသည့်အမှုမှန်ပေါ်ရန် စုံစမ်းစစ်ဆေးမှုတရပ်ပေါ်ပေါက်ရန် ဒီဇင်ဘာလဆန်းပိုင်းက ရန်ကုန်မြို့တွင် ကျင်းပပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

“မဂျာဆိုင်းအိန်သေဆုံမှုအားဖြင့် မြန်မာ့တပ်မတော်စစ်သားတွေ အပြစ်မဲ့တဲ့ ပြည်သူလူထုအပေါ် လက်လွတ်စပယ် ပစ်ခတ်မှုတွေ လုပ်လေ့လုပ်ထရှိတယ်ဆိုတာကို ညွန်းပြနေတယ်” လို့ ကိုမုန်းန် (မဂျာဆိုင်းအိန်သေဆုံးခြင်းဖြစ်ရပ်မှန် ဖော်ထုတ်ရေးကော်မတီ) ကပြောပါသည်။

ပြောပြချက်အရ မဂျာဆိုင်းအိန်အပါအ၀င် သူငယ်ချင်း ၄ယောက်နှင့်အတူ ဆရာမနန့်ဆန့်တို့ ကျောင်းမှအပြန် သေနတ်သံ၊ ဗုံးသံများကြား၍ အနီးဆုံးရှိ အိမ်တအိမ်တွင် ၀င်ရောက်ပုန်းအောင်းနေစဉ်တွင် ခြေမြန်တပ်ရင်း(၃၈၉)မှ စစ်သားတစ်ဦးမှ အနီးကပ်ပစ်ထည့် လိုက်သည့် ကျည်ဆံကြောင့် သေဆုံးသွားသည်ဟု မှတ်တမ်းဗီဒီယိုနှင့် အစီရင်ခံစာတွင် ဂျာဆိုင်းအိန်သူငယ်ချင်းများက မျက်မြင်သေများက ထွက်ဆိုခဲ့တယ် ။

ဖခင်ဖြစ်သူ ဦးဘရန်ရှောင်က သတင်းစာရှင်းလင်းပွဲတွင် ဖြစ်စဉ်နောက်ကြောင်းကို ပြောပြခဲ့သည်။

“၂၀၁၂ခုနှစ် စက်တင်ဘာလ ၁၃ရက်နေ့ညနေမှာ ဆွတ်ငိုင်ယန်ကျေးရွာမှာ ခြေမြန်တပ်ရင် (၃၈၉)က စစ်သားတွေက တစ်နာရီခန့်လောက် ပစ်ဆိုတာနဲ့ “ဖောင်း၊ ဖောင်း”ဆို ဆက်တိုက်ထွက်ပေါ်” လာခဲ့ကြောင်း ပြောပြပါတယ်။

“ရွာက အိမ်တွေလည်း တော်တော်လည်း ပျက်စီးခဲ့တယ်၊ အရပ်သား (၁၁)ဦးဒဏ်ရာရခဲ့တယ်။ မကြာလိုက်ဘူး ခပ်ပြင်းပြင်းဗုံးသံက “ဒိန်း”ဆိုတဲ့ မိုးချိန်းသံလိုတချက်ထွက်ပေါ်လာပြီး ရွာသားတွေကို အပြင်ထွက်ခိုင်းတယ်၊ အမျိုးသမီးတွေကိုအိမ်အောက်မှာ စုခိုင်းပြီး၊ အမျိုးသားတွေကိုကျတော့ လမ်းပေါ်မှာ မောက်ခိုင်းထားတယ်။”

ကိုယ်တိုင်ကြုံတွေ့ခဲ့ရသူ ဦးဘရန်ရှောင်က ပဲ အဖြစ်အပျက်ကို ဆက်ပြောပြသည်။

“နောက်တော့ ဦးဘရန်ရှောင်ထွက်ခဲ့ပါလို့ဆိုပြီး နာမည်ခေါ်တော့ ကျွန်တော်က သူတို့ရှိရာကိုသွားခဲ့တယ်။ ခင်ဗျားသမီးဒဏ်ရာရထားတယ်ဆိုပြီးပြောတယ်။ ကျွန်တော်လိုက်သွားတော့ စစ်ဆရာဝန်က လုပ်နေတယ်။ ကျွန်တော်က “ ဗိုလ်မှူးကျနော့သမီးကို ဆေးရုံပို့ချင်တယ်လို့ပြောတော့၊ သူတို့ စစ်ကြောင်းထွက်သွားပြီးမှ သွားပါဆိုလို့” ပြန်ပြောတယ်။ ကျနော်သမီးက သွေးတွေအရမ်းထွက်လွန်နေပြီ။ သူတို့စစ်ကြောင်းက တော်တော်နဲ့ မထွက်သွားနိုင်ဘူး ဒီလိုနဲ့ ဖားကန့်ဆေးရုံကိုရောက်တော့ ခွဲခန်းဝင်ဖို့ လုပ်တော့ ဒေါက်တာကျော်ထွန်းဦးနှင့် လက်ထောက်ဆရာဝန် ဦးကောင်းမြတ်စံတို့ပြင်နေဆဲဆဲမှာ ဒေါက်တာကျော်ထွန်းဦးက ဖုန်းဝင်လာ၍ “ကျွန်တော့်ကို ဗျူဟာမှူးခေါ်လို့ဆိုပြီး”ထွက်သွားတယ် နောက်နာရီဝက်လောက်ကြာတော့ လက်ထောက်ဆရာဝန်ထွက်လာပြီး “ခင်ဗျားသမီးအတွက် စိတ်မကောင်းပါဘူ”တဲ့။ ကျွန်တော်လည်း ဆုတောင်းနေရုံမှ ဘာမှမတတ်နိုင်တော့ပါဘူး။ နောက်တော့ ကျွန်တော် ဒီအမှုမှန်ပေါ်ပေါက်ဖို့ သမ္မတကြီးထံ၊ ကချင်ပြည်နယ်ဝန်ကြီးချုပ်ထံ နှင့် မြန်မာနိုင်ငံလူအခွင့်အရေးကော်မရှင်ဆီ ကျွန်တော် စာပို့ခဲ့တယ်။”

 

သမီးသေဆုံးခဲ့ရသည့် ဦးဘရန်ရှောင်မှာ စစ်တပ်၏ တရားစွဲဆိုမှုကို ခံခဲ့ရပြန်သည်။

အမှုမှန်ပေါ်ပေါက်ရေးကော်မတီဝင် ဦးအိုက်ဇက်အောင်က “သူ့သမီးသေဆုံးမှုအဖြစ်မှန်ပေါ်ပေါက်ရန် စုံစမ်းမည့်အစား တပ်မတော်သာ; ဗိုလ်မှူးဇာနည်မင်းပိုက် က ဖခင်ဖြစ်သည့် ဦးဘရန်ရှောင်ကို မမှန်မကန်လိမ်လည်တိုင်တန်းမှု ပုဒ်မ(၂၁၂)ဖြင့် တရာစွဲဆိုခြင်း ခံနေရခြင်းက ထပ်ဆင့်မတရားခံရမှု” ဖြစ်တယ်လို့ ပြောသည်။

ဆက်ပြီးသူက “မျက်မြင်သက်သေများပြောကြားချက်အရ မဂျာဆိုင်းအိန်သေဆုံးခြင်းတွင် မြန်မာ့ တပ်မတော်မှ တာဝန်ရှိသည်ဟု” ပြောသည်။

ဖခင်ဖြစ်သူမှာ ဖားကန့်တရားရုံးတော်မှာ ရုံးချိန်းပေါင်း (၄၇)ကြိမ်တိုင်တိုင်တက်ရောက်စစ်ဆေးခဲ့ပြီးဖြစ်သည်။ သို့သော် တရားလိုဘက်မှ ရုံချိန်းပျက်ကွက်များရှိခြင်းကြောင့် အမှုမှာ ပိုပြီး ကြန့်ကြာနေသည်။ လာမည့် ဒီဇင်ဘာလ၊ ၁၅ ရက်နေ့ တွင် ထပ်မံရုံးချိန်းရှိသော်လည်း တရာလိုအား ဆင့်ဆိုစာ ပို့ခဲ့သော်လည်း ဘာမှအကြောင်းမကြားရသေးကြောင်းကိုလည်း ရှေ့နေ ဦး ခွန်နောင်က “အခုက တရာလိုက ရုံးချိန်းမတက်ဘူး၊ သက်ဆိုင်တပ်မတော်နှင့် ကာကွယ်ရေးဝန်ကြီးဌာနကို ဆင့်ဆိုစာပေးခဲ့တော့လည်း သူ၏လိပ်စာ မသိကြောင်းသာ ရရှိနေဆဲ” ဖြစ်တယ်လို့ ပြောပါတယ်။

ရှေ့နေခွန်နောင်မှ လက်ရှိရင်ဆိုင်ရသော တရားရေးဆိုင်ရာများကို ရှင်းပြခဲ့သည်။

အဆိုပါသတင်းစာရှင်းလင်းပွဲသို့ ၈၈ မျိုးဆက်သစ်ကျောင်းသာခေါင်းဆောင် ကိုမြအေးလည်း ထပ်တူထပ်မျှဝမ်းနည်းကြောင်းနှင့် လက်ရှိ မြန်မာနိုင်ငံဥပဒေများက ပြုပြင်ရန်လိုကြောင်းကို ပြောကြားခဲ့သည်။ ထို့ပြင် နိုင်ငံရေးအသွင်းကူးပြောင်းရေးကာလမှာ ဒီလိုအမှုတွေကိုပြန်ပြီး အမှုမှန်ဖော်ထုတ်နိုင်ခွင့်ရှိလာဆိုသည့် မေးခွန်းကိုလည်း “ လက်ရှိမြန်မာနိုင်က အသွင်ကူးပြောင်းတယ်လို့ လုံးဝပြောလို့မရပါဘူး၊ နိုင်ငံရေး ဖြေလျှော့ထားတယ်လို့သာဆိုနိုင်တယ်”လို့ ပြောပါတယ်။

ရှေ့နေ ဦးခွန်နောင်မှ တရားရင်ဆိုင်မှုနှင့် ပတ်သက်၍ရှင်းပြခဲ့သည်။

ဖားကန့်မှ ၈၈မျိုးဆက်သစ်ကျောင်းသားဟောင်းဦးခင်မောင်ဝင်း ( အမှုမှန်ပေါ်ပေါက်ရေးကော်မတီ) က ၂၀၁၃ခုနှစ်တခုခုံးမှာ မြန်မာအစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲ ( ၁၆) ကြိမ်ပြုလုပ်ခဲ့ပြီး တပြိုင်နက် တိုက်ပွဲပေါင်း ( ၁၈၀၀) ဖြစ်ပွားခဲ့တယ်လို့ပြောပါတယ်။

“ဆက်လက်ပြီး ဒီအမှုမှန်ပေါ်ပေါက်ရန်တွက် အမှန်တရားဖော်ထုတ်ရေးကော်မတီဖွဲ့စည်းပြီး စုံစမ်းဖော်ထုတ်ပေးဖို့ အစိုးရကို တောင်းဆိုသွားမှာ” ဖြစ်တယ်လို့ ဦးအိုက်ဇက်အောင်ပြောပါသည်။

အစီရင်ခံစာတွင် မြန်မာတပ်မတော်နှင့် ကချင်လွတ်မြောက်ရေးတပ်မတော်သို့ကိုလည်း (၁) ပြည်ထောင်စုသမ္မတ မြန်မာနိုင်တော် တပ်မတော်နှင့် ကချင်လွတ်မြောက်ရေးတပ်မတော်တို့ ရွှေ့ပြောင်းစစ်ဆင်ရေး လှုပ်ရှားရာတွင် ပြည်သူများနေထိုင်လျှက်ရှိသော ရပ်ကွက်၊ ကျေးရွာနှင့် မြို့များတွင် တပ်စခန်းချ ရပ်နားခြင်းမပြုလုပ်ပဲ ပြည်သူများနှင့် ဝေသောနေရာတွင် တပ်စခန်းချရပ်နားပေးရန်

(၂) ပြည်သူများရှိသောနေရာသို့ လက်လွက်စပယ် ပစ်ခတ်ခြင်းမပြုပဲ ပစ်ခတ်ကျူးလွန်မှုဖြစ်ခဲ့လျှင် စုံစမ်းစစ်ဆေးပေးရန် ကော်မတီမှ တိုက်တွန်းအကြုံပြုထားသည်။

မဂျာဆိုင်းအိန်သေဆုံးခြင်းဖြစ်ရပ်မှန် ဖော်ထုတ်ရေးကော်မတီကို မြစ်ကြီးနားရှိ အရပ်ဖက်လူအဖွဲ့များနှင့် ဖားကန့်မှ အရပ်ဖက်တွေမှ ဖွဲ့စည်းထားသည့် ကော်မတီဖြစ်သည်။

Related Articles