Home သတင်း အမ်ဳိးသမီး ၁၅၀ ကျော် ကွတ်ခိုင် ပြည်သူ့စစ်ကို ဆန့်ကျင် ဆန္ဒပြ

အမျိုးသမီး ၁၅၀ ကျော် ကွတ်ခိုင် ပြည်သူ့စစ်ကို ဆန့်ကျင် ဆန္ဒပြ

10806446_321909697996205_8305940100458452046_n

Cherry။

တရုတ်မြန်မာနယ်စပ် မုံးကိုးမြို့မှာ ရပ်ကွက် ၇ ခုက အမျိုးသမီး ၁၅၀ ကျော်က ကွတ်ခိုင်ပြည်သူ့စစ် အဖွဲ့ဟာ မူးယစ်ဆေးဝါး လုပ်ငန်းနဲ့ပတ်သက်နေတယ်ဆိုပြီး ကန့်ကွက် ဆန္ဒ ပြခဲ့ကြပါတယ်လို့ မူးယစ်ဆေးဝါး တိုက်ဖျက်ရေးအဖွဲ့က ဆရာမ ခေါင်နောက ပြောပါတယ်။

ဆန္ဒပြပွဲကို အမျိုးသမီးတွေ ဦးဆောင်တဲ့ မူးယစ်ဆေးဝါး တိုက်ဖျက်ရေး အဖွဲ့က ဦးဆောင်ခဲ့တာ ဖြစ်ပြီး “မုံးကိုးဒေသတွင် ကွတ်ခိုင် ပြည်သူ့စစ် အလိုမရှိ၊ ဘိန်းစားမွေးသော ကွတ်ခိုင်ပြည်သူ့စစ် အလိုမရှိ၊ ပြည်သူလူထုကို ပစ်သော သေနတ် အလိုမရှိ” စသော ကြွေးကြော်သံများ အော်ဟစ်၍ မုံးကိုးမြို့အတွင်း လှည့်လည် ဆန္ဒ ပြခဲ့ကြပါတယ်။

“အခုနောက်ပိုင်းကွက်ခိုင်ပြည်သူ့စစ် ရောက်လာမှ စစ်တိုက်ခိုက်မှု ပိုမိုများပြားပြီး သွားလာရေး ကျဉ်းကြပ်လာတယ် ရွာသားတွေကို မူးယစ်ဆေးဝါးများလာရောင်းချပေးပြီး စီးပွားရေးဘက်ကိုဘဲ ဦးစားပေးနေကြတယ်” လို့ ဒေါ်ဆိုင်ဆာ ကပြောပါတယ်။

ဆန္ဒပြပွဲမတိုင်မီ နိုဝင်ဘာလဆန်းက အမျိုးသမီးတွေ ဦးဆောင်တဲ့ မူးယစ်ဆေးဝါး တိုက်ဖျက်ရေး အဖွဲ့ဟာ မုံးကိုးမြို့အတွင်း တအိမ်တက်ဆင်း ရှာဖွေရာမှာ မူးယစ်ဆေးဝါး ဖြန့်ဖြူးရောင်းချနေတဲ့ ယဂွေယိန်းကိ ဆိုသူ ကွတ်ခိုင်ပြည်သူ့စစ်အဖွဲ့ဝင်ကို လက်ပူးလက်ကြပ်တွေ့ရှိသော်လည်း ဖမ်းဆီးရန် ကြိုးစားသူကို ဓါးမြှောင်ဖြင့် ထိုးပြီး ပြည်သူ့စစ်စခန်းထဲ ၀င်ပြေးသွားခဲ့ပါတယ်။

မူးယစ်ဆေးတိုက်ဖျက်ရေး အဖွဲ့ဝင်တွေက သက်ဆိုင်ရာကို တိုင်ကြားဖို့ တပ်စခန်းကို လိုက်သွားတဲ့ အခါမှာ တပ်စခန်းတွင်းမှနေ၍သေနတ်ဖြင့် ခြောက်လှန့်ပစ်ခတ်လာပါတယ်။

ဒီအဖြစ်အပျက်ကို မကျေနပ်တဲ့ အတွက် မုံးကိုမြို့ ရပ်ကွက် ၇ ခုက အမျိုးသမီး ၁၅၀ ကျော်ဟာ နိုဝင်ဘာလ ၁၉ ရက်နေ့မှာ ဆန္ဒ ပြခဲ့တာ ဖြစ်ပါတယ်။

Related Articles