Home သတင်း ကျဆုံး ကချင် ဗိုလ်လောင်းများ အောက်မေ့ဆုတောင်းပွဲ ရန်ကုန်တွင် ကျင်းပ

ကျဆုံး ကချင် ဗိုလ်လောင်းများ အောက်မေ့ဆုတောင်းပွဲ ရန်ကုန်တွင် ကျင်းပ

???????????????????????????????

ရန်ကုန်မြို့သို့ရောက်ရှိနေသည့် ကချင်ပြည်သူများ အောက်မေ့ဆုတောင်းပွဲအခမ်းအနားကျင်းပနေစဉ်။

“ကျွန်မတို့အခုဘယ်လိုစိတ်နဲ့ ဒီပွဲကိုပါရမှန်းတောင်မသိတော့ဘူး၊ အစိုးရရဲ့ ငြိမ်းချမ်းရေး လုပ်ဆောင်နေတဲ့အပေါ်မှာလည်း ဘယ်လိုမြင်ရမှန်းတောင် မသိတော့ဘူး”

ကချင်မလေး။

မြန်မာနိုင်ငံသို့ ကတ်သလစ်အသင်းတော် ရောက်ရှိသည့် နှစ်(၅၀၀) ပြည့် ဂျူဘလီပွဲ ပါဝင်ရန် ရန်ကုန်မြို့ကို ရောက်ရှိနေကြသည့် ကချင်ပြည်မှ ကချင်လူမျိုး (၆၀၀)ခန့်သည် မြန်မာစစ်တပ်မှ ပစ်ခတ်လိုက်သော လက်နက်ကြီးကြောင့် သေးဆုံးသွားသည့် ကေအိုင်အေ ဗိုလ်လောင်းများ အား အောက်မေ့သတိရဆုတောင်းပွဲကို ကြာသပတေးနေ့တွင် စိန့်အန်တိုနီဗိမ္မာန်တော်၌ ကျင်းပခဲ့သည်။

လက်ရှိအစိုးရ၏ ငြိမ်းချမ်းရေးလုပ်ဆောင်နေသည့်အပေါ် ယုံကြည် စိတ်ချရပြီဟု ယူဆပြီး  ကိုယ့်ပြည်ကို ထားခဲ့ပြီး ရန်ကုန်မြို့သို့ ဂျူဘလီပွဲကို လာဆင်နွှဲနေသည်။ သို့သော်လည်း ယခုလို သတင်းဆိုးကြားရသည့်အပေါ် တုန်လှုပ်မိသည်ဟု ဆရာမဒေါ်ကိုင်ရာက ပြောသည်။

“ကျွန်မတို့အခုဘယ်လိုစိတ်နဲ့ ဒီပွဲကိုပါရမှန်းတောင်မသိတော့ဘူး၊ အစိုးရရဲ့ ငြိမ်းချမ်းရေး လုပ်ဆောင်နေတဲ့အပေါ်မှာလည်း ဘယ်လိုမြင်ရမှန်းတောင် မသိတော့ဘူး” ဟု  ပြောသည်။

ဗုဒ္ဓဟူးနေ့က ကချင်ပြည် လွတ်လပ်ရေး တပ်မတော် (ကေအိုင်အေ) ဌာနချုပ် သင်တန်းကျောင်းကို မြန်မာစစ်တပ်မှ လက်နက်ကြီးဖြင့် ပစ်ခတ်သောကြောင့် ဗိုလ်လောင်း ၂၃ ဦးကျဆုံးပြီး ၂၀ ဦးဒဏ်ရာ ရရှိခဲ့သည်။

“အခုလို ကျွန်မတို့ရဲ့သွေးရင်းတွေဖြစ်တဲ့လူငယ်တွေအစုလိုက် သတ်ခံလိုက်ရတဲ့အတွက် ကျွန်မတို့ အရမ်းဝမ်းနည်းတယ်၊ ခံစားရတယ်၊ အဲတာကြောင့် ကျွန်မတို့ မိခင်တွေအားလုံး ဝမ်းနည်းမျက်ရည်ကျပြီး ဆုတောင်းကြပါတယ်” ဟု မိခင်တဦးက ပြောပါသည်။

???????????????????????????????ပွဲလာတက်ရောက်သူ ဆရာဦးဂွမ်ဇက် ကလည်း “ကျနော်ကတော့ သေးဆုံးသွားတဲ့သူတွေ ကောင်းရာဘုံရောက်ရှိပါစေ၊ ကျန်ရစ်သူမိသားစုတွေအားလုံးလည်း ဘုရားသခင်ထံ ကောင်းချီး၊ ခွန်အားတွေရရှိပြီး ငြိမ်းသက်ခြင်းရပါစေ” ဟု ဆုတောင်းခဲ့ကြောင်းကိုလည်း ပြောပြပါသည်။

ဆရာမဒေါ်ကိုင်ရာက နိုင်ငံတော်အကြေီးအကဲများကို ယခုလို “ သက်ဆိုင်ရာ နိုင်ငံတော်အကြီးအကဲတွေအားလုံး ကျမတို့အားလုံးလိုလား တောင့်တနေကြတဲ့ စစ်မှန်တဲ့ ပြည်တွင်းငြိမ်းချမ်းရေးကို ဖော်ဆောင်ပေးပါလို့ တောင်းဆိုချင်ပါတယ်” ဟု ပြောသည်။

မြန်မာနိုင်ငံ အနှံ့ ရောက်ရှိနေသော ကချင်ပြည်သူများက ဝမ်းနည်းခြင်း အထိမ်းအမှတ်အဖြစ် အနက်ရောင်များကို ၅ ရက်ကြာ ဝတ်ဆင်သွားမည်ဟုလည်း သိရသည်။

Related Articles