Home သတင်း ၈ လေးလုံး ကျဆုံးသူများအား ဂုဏ်ပြု အောင်းမေ့

၈ လေးလုံး ကျဆုံးသူများအား ဂုဏ်ပြု အောင်းမေ့

ကောကော်။ ရန်ကုန်၊ သြဂုတ် ၂၀၁၄။

 

 

ဆူးလေဗန္ဓုလပန်းခြံရှေ့ကလွမ်းသူပန်းခွေနှင့်အတူကမ္ဘာမကြေသီချင်းဆိုနေပုံ

ဆူးလေဗန္ဓုလပန်းခြံရှေ့ကလွမ်းသူပန်းခွေနှင့်အတူကမ္ဘာမကြေသီချင်းဆိုနေပုံ

 

လွမ်းသူပန်းခွေတွေနဲ့အတူ ကမ္ဘာမကျေသီချင်းကို ကြေကွဲနဲ့ အသံနဲ့ ဆိုနေတဲ့ တေးသံက ဆူးလေ ဗန္နုလပန်းခြံရှေ့မှာ ၈.၈.၁၄ ရက်၊ မနက်၈နာရီ ၈မိနစ်မှာ စတင်ပြီး ၈၈ကျောင်းသားတွေနဲ့ အတူ လူဦးရေ ၂၀၀လောက်ရှိတဲ့ ကြွေးကြော်သံက ပန်းခြံရှေ့မှာ ကျင်းပခဲ့ပါတယ်။

“၁၉၈၈မှာ ကျဆုံးသွားခဲ့တဲ့သူတွေကိုရော မျှော်မှန်းတမ်းတခဲ့တဲ့ အရာတွေကိုရော ခုချိန်ထိ မရသေးပါဘူး။ ပြည်တွေတွေဟာ ခုချိန်မှာ အကြောက်တရားအောက်မှာ အသက်ဆက်ရှင်သန်နေရအုံးမယ်လို့ ၈၈ကျောင်းသား အောင်ကိုကိုက ပြောပါတယ်။

ယခုနေ့လိုမျိုး အခမ်းအနားပြုလုပ်ရတဲ့ ရည်ရွယ်ချက်မှာ ကျေးဇူးတရားကိုသိတတ်တဲ့ ရည်ရွယ်ချက်နဲ့ ပြုလုပ်ကြောင်း၊ ၁၉၈၈မှာ ပေးဆပ်သွားကြတဲ့ အမှန်တရားအတွက် သွားခဲ့ကြတဲ့သူတွေမရှိဘူးဆိုရင် ၈၈ဆိုသော အရာ ဖြစ်လာမှာမဟုတ်ကြောင်း ၊အောင်ကိုကိုကပြောပါတယ်။

သွေးနဲ့ အသက်ပေးခဲ့သူတွေအတွက် အောက်မေ့တဲ့ပုံ

သွေးနဲ့ အသက်ပေးခဲ့သူတွေအတွက် အောက်မေ့တဲ့ပုံ

၈၈အရေးအခင်းတွင် အထက်တန်းကျောင်းသူ၊ကျောင်းသားများရဲ့ ပေးဆပ်မှုမှာ ပိုများကြောင်း အထက်တန်းကျောင်းသားဘဝနဲ့ အရေးတော်ပုံမှာ ပါဝင်ခဲ့တဲ့ စန်းတင်ကျော်က ကြေကွဲတဲ့အသံနဲ့ ပြန်ပြောပြပါတယ်။ “ကျတော်တို့အဲဒီတုန်းက ဆူးလေဘုရားလမ်းကနေ ရန်ကုန်တမြို့လုံးကို ပတ်တယ်။ လူဦးရေက သိန်းကျော်တယ်။ ဒါပေမဲ့ သပိတ်လှန်ခိုင်းတယ် လူစုခွဲတယ်။ ညမှာ ပတ်ခတ်မှုလုပ်တယ် တပ်မတော်က မြို့တော်ခန်းမမှာ နေရာယူထားတယ်။ ကျတော်တို့ကို သေနတ်နဲ့ ပစ်တယ် ဘေးဘယ်ညာပေါ့။ မထိပါဘူး။ ဒီလမ်းပဲပေါ့”

လွမ်းသူပန်းခွေပေါ်မှာ ၈၈၈၈ ဆိုပြီး စာတန်း ပုံဖော်က ဘင်ခရာတွေနဲ့အတူ အရေးအခင်းမှာ ပါဝင်ခဲ့တဲ့ ဘုန်းကြီးတွေနဲ့ ကျောင်းသား၊ ကျောင်းသူတွေဟာ ဒီမိုကရေစီအတွက် အသက် ပေးသွားခဲ့သူရဲကောင်းများအတွက် အောက်မေ့တဲ့အနေနဲ့ သွေးပုံဖော်ထားတဲ့အရည်တွေကို သင်္ကတ အမှတ်အသားဖြန်းကြပါတယ်။

အလားတူပင် ၉နာရီအချိန်လောက်တွင် သင်္ဃန်းကျွန်းမြို့နယ်၊ ကျိုက္ကစံ-ဓမ္မပိယသာ့သနာရိပ်သာကျောင်းမှာ ၈၈နဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းမှ ၂၆ကြိမ်မြောက် အခမ်းအနားတရပ်ကို ကျင်းပခဲ့ပါတယ်။

၈၈နဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းမှမမီးမီးက နှစ်စဉ်နှစ်တိုင်း ၈၈ ပုံရိပ်ကိုထင်ဟပ်တဲ့ နေ့ရောက်တိုင်း ဒီမိုကရေစီ အရေးတော်ပုံမှာ တိုက်ပွဲဝင်ခဲ့သော ၊သွေးမြေကျခဲ့သော ရဲဘော်မောင်နှမများ၊ ရဟန်းရှင်များ၊ ပြည်သူတွေရဲ့ သွေး၊ဝိညဉ်များသည် အမြဲတမ်း အသက်ဝင်လှုပ်ရှားနေကြောင်း ပြောပါတယ်။ “ဒီလိုရက်မျိုးမှာ အဲဒီဝိညာဉ်တွေဟာ ကျမတို့နဲ့ အတူရှိပြီး၊ ရှေ့ဆက်ရမဲ့ ခြေလှမ်းတွေအတွက် ခွန်အားအသစ်တွေ ပေးနေတယ်လို့ ခံစားရပါတယ်”

၁၉၈၈ အရေးတော်ပုံစတင်ကတည်းက စစ်မှန်သော ဒီမိုကရေရရှိရေးအတွက် ၊ဖရယ်ဒရယ်ပြည်ထောင်စု စစ်စစ်ပေါ်ထွက်ဖို့ ဆက်လက်ပြီး ချီတက်ရန် ရည်ရွယ်ချက်ကို မပျောက်မပျက်အောင် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း၊ နိုင်ငံရေးအပြောင်းအလဲကာလမှာ နောက်ပြန်သွားချင်သောသူများ၊ အာဏာရှင်လူတစုရဲ့ နိုင်ငံရေး ပဋိပက္ခ လှည့်ကွက်တွေကြားမှာ ပြည်သူလူထုတွေ လိုက်ပါမသွားပဲ ၊အကြောင်းအရာတခုခုပေါ်ပေါက်လာခဲ့ပါက အကြောင်းရင်းရဲ့ အဖြေမှန်ကို အရင်ဆုံးရှာပြီး ဆွေးနွေးတိုင်ပင်လုပ်ဆောင်သင့်ကြောင်း မမီးမီးက ပြောပါတယ်။

၈၈ ပွင့်လင်းလူ့အဖွဲ့အစည်း ရဲ့ ၂၆ ကြိမ်မြောက် ၈၈၈၈ဒီမိုကရေစီ အရေးတော်ပုံအခမ်းအနား

၈၈ ပွင့်လင်းလူ့အဖွဲ့အစည်း ရဲ့ ၂၆ ကြိမ်မြောက် ၈၈၈၈ဒီမိုကရေစီ အရေးတော်ပုံအခမ်းအနား

Related Articles