Home သတင်း အမ်ဳိးသမီး ဘ၀ လံုၿခံဳေရး ချင်းပြည်နယ် ရေဇွာ အမျိုးသမီးများ တောင်းဆို

အမျိုးသမီး ဘ၀ လုံခြုံရေး ချင်းပြည်နယ် ရေဇွာ အမျိုးသမီးများ တောင်းဆို

ကချင်မလေး။၂၀၁၄ ခုနှစ် ဇူလိုင် ၈ ရက်။

R.Protest 9  အမျိုးသမီးများ၏ ဘ၀လုံခြုံရေး တောင်းဆိုချက်များကို အလေးထား ဆောင်ရွက်ရန် ရေဇွာအမျိုးသမီးအဖွဲ့က     ထုတ်ပြန်ကြေညာချက်ထုတ်ကာ တောင်းဆိုလိုက်သည်။

စစ်တပ်မှ ကျူးလွန်သော မုဒိမ်းမှုပြုကျင့်ရန် ကြိုးပမ်းမှုတခုအပေါ်တွင်ကျူးလွန်သော စစ်သားအား အပြစ်ပေးအရေးယူရန်နှင့် အမျိုးသမီးများအပေါ်နည်းမျိုးစုံဖြင့် နှိပ်ကွပ်မှုများကို ရပ်တန့်ရန် ဆန္ဒပြတောင်းဆိုသူ အမျိုးသမီးခေါင်းဆောင်လေးဦးအား ယမန်နေ့က တရားစွဲဆိုလိုက်ခြင်းသည် မှားယွင်းသောလုပ်ရပ်ဖြစ်ကြောင်း ကြေညာချက်တွင်ဖော်ပြသည်။

ဇွန်လ (၁၀) ရက်နေ့တွင် အသက် (၅၄) နှစ်ရှိ ရေဇွာအမျိုးသမီးအား ခလရ (၂၆၉) တပ်မှစစ်သားက အဓမ္မပြုကျင့်ရန်ကြိုးစားခဲ့သည်။ ထိုအမျိုးသမီးက ခုခံကာကွယ်ရာမှ ပြင်းထန်စွာဒဏ်ရာရရှိခဲ့ပြီး ရေဇွာပြည်သူ့ဆေးရုံတွင် ဆေးရုံတက်ကာ ကုသခံယူလျှက်ရှိနေသည်ဟု သိရသည်။

“ဖြစ်ဖြစ်ချင်းကတော့ မျက်နှာပေါ်ထိုးကြိတ်ပြီး မျက်လုံးတစ်ဖက်ပေါက်တူးနဲ့ ရိုက်ခံရတော့ မျက်ခုံးဒဏ်ရာရတယ်။ မျက်နှာတွေလည်း ညိုမဲနေတယ်။ သွားတွေလည်းလှုပ်ကုန်တယ်၊ သွေးတွေလည်း မျက်နှာတခုလုံးဖြစ်သွားတယ်လို့” ရေဇွာအမျိုးသမီးခေါင်းဆောင်ဖြစ်တဲ့ ငွန်ချင်းပါရ် ကပြောပြပါတယ်။

အဓမ္မပြုကျင့်ရန် ကြိုးစားခဲ့သော စစ်သားအား ဖမ်းဆီးထားသော်လည်း ဥပဒေအရ ထိရောက်စွာရောက်စွာ အရေးယူဆောင်ရွက်ခြင်း မရှိမည်ကို စိုးရိမ်နေကြသည်။

ထိုကြောင့်ဇွန်လ ( ၁၅-၁၆) ရက်တွင် ထိုအမှုကို ထိရောက်စွာ အရေးယူဆောင်ရွက်မှု ရှိရန်အတွက် ရေဇွာရှိအမျိုးသမီးများအဖွဲ့က ဆန္ဒပြတောင်းဆိုမှု ပြုလုပ်ရန် ရဲစခန်းသို့ဆန္ဒပြခွင့် တင်ပြခဲ့သော်လည်း ပယ်ချခံခဲ့ရသည်။

နောက်တဖန် ရေဇွာအမျိုးသမီးနှင့် မတူပီရှိ အမျိုးသမီးအဖွဲ့များ စုပေါင်းကာ ဇွန်လ ၁၉ ရက်တွင် ဆန္ဒပြခွင့်ရရှိရေးအတွက် မတူပီရဲစခန်းတွင် ထပ်မံတောင်းဆိုခဲ့သော်လည်း မရဟုသိရသည်။

မတူပီအုပ်ချုပ်ရေးမှူးနှင့် စစ်ဗျူဟာမှူးတို့က ရေဇွာရှိ ထိုအဓမ္မပြုရန် ကြိုးစားခံသော အမျိုးသမီး၏ ယောက်ျားနှင့် ရွာမှခေါင်းများနှင့်တွေ့ဆုံပြီး လျှော်ကြေးငွေအဖြစ် ငွေကျပ်တစ်သိန်းနှင့် ယမ်ယမ်ခေါက်ဆွဲ ၁၅ ထုတ်ပေးကာ အမှုကြေအေးပေးရန် ညှိုနှိုင်းခဲ့ကြသည်ဟု ထုတ်ပြန်ကြေညာချက်တွင် ဖော်ပြထားသည်။

ရေဇွာအုပ်ချုပ်ရေးမှူးကလည်း ယခုလိုဆန္ဒပြမယ်ဆိုလျှင် ရေဇွာမြို့အတွက် ဖွံ့ဖြိုးရေးစီမံကိန်းများကို ၅နှစ် – ၁၀ နှစ် နောက်ကျသွားနိုင်ပြီး ရဲတပ်ဖွဲ့မှ ပစ်ခတ်ဖမ်းဆီးမည်ဆိုလျှင် တာဝန်မခံနိုင်ကြောင်း အမျိုးသမီးအဖွဲ့ကိုပြောခဲ့သည်။

ဆန္ဒပြခွင့် တောင်းဆိုသော်လည်း ခွင့်ပြုချက်မရသဖြင့် ဇွန်လ (၂၃) တွင် ရေဇွာအမျီုးသမီးများ ဦးဆောင်ပြီး လူ(၄၀၀) ခန့်နီးပါးက မိုးထဲတွင် ငြိမ်းချမ်းစွာ ဆန္ဒပြတောင်းဆိုမှုများ ပြုလုပ်ခဲ့သည်။

အဆိုပါ ခေါင်းဆောင်အမျိုးသမီး (၄) ဦးလည်း ထပ်မံပြီး လမ်းခုလတ်တွင် ဖမ်းဆီးပြီး တရားစွဲဆိုမှုပြုခဲ့သည်ကို

“(၂၆) ရက်နေ့မှာ ကျမတို.နစ်ယောက် မတူပီသွားတော့ ရေဇွာက (၄) ယောက်ကို ဗိုလ်လေးအေးမောင်က နင်တို့ဘယ်မှသွားလို့မရဘူး။ အခုချက်ချင်း လိုက်ခဲ့ပါ ဆိုလို့ ကျမတို့လည်း ရဲစခန်းကိုလိုက်သွားခဲ့တယ်”

သူမတို့ (၄) ဦးကို ရဲစခန်းတွင် စစ်ဆေးမေးမြန်းမှုတွေပြုလုပ်ပြီး အာမခံဖြင့် ပြန်လွတ်ခဲ့သည်ဟု အဆိုပါဖမ်းခေါ်သွားသည့် သူတွေထဲမှ သိရသည်။

ရေဇွာအမျိုးသမီးတွေအနေနဲ့လည်း ဆက်လက်ပြီး အခြားအမျိုးသမီးအဖွဲ့ (မတူပီအမျိုးသမီးအဖွဲ့) တွေနဲ့လည်း ပူးပေါင်းလုပ်ဆောင်သွားပြီး အဓမ္မပြုကျင့်မှုများ ထပ်မံဖြစ်ပါကလည်း “ ဒီလိုမုဒိမ်းကျင့်မှု ထပ်ဖြစ်မယ်ဆိုရင်လည်း ကျမတို့က ဆက်ပြီး ဆန္ဒပြပြီး လုပ်ဆောင်သွားမှာဖြစ်တယ်။”ဟု ပြောပါသည်။

ယနေ့တရာရုံးမှ အမျိုးသမီးခေါင်းဆောင်များကို ရှေ့နေငှားရန်အတွက် ဇူလိုင် ၁၅ ရက်နေ့တွင် ရုံချိန်းထပ်မံချိန်းလိုက်သည်ဟု သိရသည်။

Related Articles