Home သတင်း ကယား အမ်ဳိးသမီး အေရး အမ်ိဳးသမီး အဖွဲ့များ ကွန်ယက် (မြန်မာ) ပူးပေါင်းဆောင်ရွက်မည်

ကယား အမျိုးသမီး အရေး အမျိုးသမီး အဖွဲ့များ ကွန်ယက် (မြန်မာ) ပူးပေါင်းဆောင်ရွက်မည်

ဖုမော် (Honest Information)။

Women new-photo-ppကယားပြည်နယ်အတွင်း အမျိုးသမီးများအပေါ် အကြမ်းဖက်မှုများကို အမျိုးသမီးအဖွဲ့များကွန်ယက် (မြန်မာနိုင်ငံ) ကပူးပေါင်းဖြေရှင်း လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ပြောကြားလိုက်သည်။

အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေးနှင့် အမျိုးသမီးများဦးဆောင်မှုပိုင်း ပိုမိုပါဝင်လာရေးအတွက် ပူးပေါင်းဆောင်ရွက်ရန် အမျိုးသမီးအဖွဲ့များကွန်ယက် (မြန်မာ) မှ ကယားပြည်နယ်သို့ ပထမဦးဆုံးအကြိမ်ရောက်ရှိလာပြီး “မြန်ပြည်တခွင်သာယာဖို့ အမျိုးသမီးများဦးဆောင်လို့ ပူးပေါင်းပါဝင်ကြပါစို့” ဟူသည့် ခေါင်းစဉ်ဖြင့် ဇူလိုင်လ (၁၂) ရက်နေ့က အခမ်းအနားအစီအစဉ်တစ်ရပ် ပြုလုပ်ခဲ့သည်။

ကယားပြည်နယ်၊လွိုင်ကော်မြို့ သီရိဒေါခန်းမဆောင်တွင် ထိုအခမ်းအနားကို တစ်နေ့တာ ပြုလုပ်ခဲ့ခြင်းဖြစ်သည်။

ကျမတို့်ဘက်ကလည်း အမျိုးသမီးတွေနဲ့ပါတ်သက်ပြီး အများကြီး ကူညီဆောင်ရွက်နေတယ် အမျိုးသမီးတွေ မတရားမှုတွေနဲ့ပါတ်သက်ပြီး ခံနေရတယ် ကျမတို့က ရှေ့နေငှါးပြီး အတတ်နိုင်ဆုံးလုပ်ပေးတယ်။ နိုင်ကိုနိုင်ရမယ်၊ ချင်းပြည်နယ်ဘက်မှာဆိုလည်း ကျမတို့ ဆောင်ရွက်နေတယ်။ အခုက ကျမတို့အဖွဲ့က ကယားပြည်နယ်မှာ ပထမဆုံးအကြိမ် ရောက်ရှိလာတာဆိုတော့ နောင်ဆို အတူတူအများကြီး ပူးပေါင်းပြီး လုပ်ဆောင်သွားကြမယ် ဟု အမျိုးသမီးအဖွဲ့များကွန်ယက်(မြန်မာ) မှ ဆရာမမာမာချိုမှ ပြောပါသည်။

ထိုအခမ်းအနားတွင် တက်ရောက်လာသော မိခင်တစ်ဦးမှလည်း ၄င်းပတ်ဝန်းကျင်အတွင်း အမျိုးသမီးများ လိင်ပိုင်းဆိုင်ရာအရ နစ်နာဆုံးရှုံးမှုများရှိကြောင်း ပြောသည်။

ကျမတို့နေတဲ့ဘက်မှာလည်း ချစ်သူသမီးရည်စားနှစ်ဦး လွန်လွန်ကျူးကျူးဖြစ်ပြီး မိန်းကလေးကို လက်မထပ်ဘဲ ပိုက်ဆံ (၁၅)သိန်းနဲ့ ကြေအေးမယ်ဆိုပြီး လာပေးတော့ ကောင်မလေးက ရှက်ပြီး ထိုင်းဘက်ကို ထွက်ပြေးသွားတယ်။ အခု ဘယ်ရောက်လို့ရောက်မှန်းတောင် သူ့မိဘတွေလည်း မသိရဘူး”

ကယားဖူး ခရစ်ယာန်လူမှုဝန်ထမ်းခြင်းနှင့် ဖွံဖြိုးရေးဌါနတာဝန်ခံ ဆရာမလီးမြာမှလည်း ကယားပြည်နယ်အတွင်း အသက်မပြည့်သေးသည့် မိန်းကလေးငယ်များအား ဆွေမျိုးသားချင်းမှ မုဒိမ်းပြုကျင့်မှုများ၊ ဖခင်မှ သမီးအားမုဒိမ်းပြုကျင့်မှုများ အဖြစ်များကြောင်းပြောသည်။

ကျမတို့ပြည်နယ်မှာ အမျိုးသမီးအကြမ်းဖက်ခံရမှုနဲ့ပါတ်သက်တဲ့ ကိစ္စတွေအများကြီးကို ဖြစ်နေတယ်။ ဒါပေမဲ့ မဖော်ထုတ်ကြဘူး။ ပြီးခဲ့တဲ့တစ်ပါတ်မှာဆို လွိုင်ကော်မြို့ပေါ်က ထေးသမကျေးရွာမှာ () တန်းအရွယ် ကောင်မလေးကို ခဲအိုကမုဒိမ်းကျင့်သွားတယ်။ အဲဒီခဲအိုက စစ်ထွက်ဘဲ။ အစ်မကိုယ်တိုင်ကလည်း သူ့ညီမမုဒီမ်းကျင့်ခံရတာကို သူ့ယောကျာင်္းသိက္ခာကျမှာစိုးလို့ ညီမကိုတောင် ပြန်ပြီးအပြစ်တင်နေတယ်၊ အရင်တုန်းကဆို လောပိတဘက်မှာ အဖေက သမီးကိုအဓမ္မပြုကျင့်တာတွေ ခဏခဏဖြစ်တယ်။ ကလေးတောင်မှ ကြီးလာပြီ။ ကလေးက အဖေခေါ်ရမလား အဖိုးခေါ်ရမလားမသိဘူး။ ဒါတွေလည်း ဖုံးဖုံးဖိဖိနဲ့ ပြီးသွားကြတယ်”

ထို့ပြင် အခမ်းအနားတွင် မြန်မာ့ငြိမ်းချမ်းရေးနှင့် လုံခြုံရေးသိပ္ပံမှ ဒေါ်ခင်မမမျိုးမှလည်း အမျိုးသမီးနှင့်ပါတ်သက်ပြီး မည်သည့်အခန်းကဏ္ဍမဆို အမျိုးသမီးများပါဝင်ရန်လိုကြောင်း အမျိုးသမီးအများစုမှာ အိမ်မှုကိစ္စနှင့်သာ အချိန်ကုန်ကြောင်း၊ အမျိုးသမီးနှင့်ခေါင်းဆောင်မှုအပိုင်း၊ အထူးသဖြင့် လွှတ်တော်တွင် အမျိုးသမီးများပါဝင်နိုင်ခြင်းအားဖြင့် အမျိုးသမီးများ၏အရေးကို ပိုမိုလုပ်ဆောင်နိုင်မည်ဖြစ်ပြီး “အမျိုးသမီးများဦးဆောင်ဖို့ ၀ိုင်းဝန်းမဲပေးကြပါစို့“ ဟူသည့်အချက်ကို အထူးပြောကြားပေးသွားပါသည်။

ထိုအခမ်းအနားတွင် ကရင်နီအမျိုးသမီးအစည်းအရုံး(KNOW), Women Galaxy၊  ကယားဖူး၊ ကယားမိုပွားအဖွဲ့နှင့် အခြားသောအမျိုးသမီးအဖွဲ့များ (၁၀၀ ) ၀န်းကျင်ခန့် ပါဝင်တက်ရောက်ခဲ့ကြသည်။ အခမ်းအနားတွင် ရန်ကုန်မှ Simple band အဖွဲ့ပါဝင်ပြီး အယ်နီရှိုင်း၊ blessing ၊စောကွာလာနှင့် အခြားသောတေးသံရှင်များလည်း ပါဝင်ဖျော်ဖြေခဲ့ပါသည်။

Related Articles