Home ဓါတ်ပုံများ 124 ကြိမ်မြောက် နိုင်ငံတကာ အလုပ်သမားနေ့ ချီတက်ပွဲ (ရန်ကုန်)

124 ကြိမ်မြောက် နိုင်ငံတကာ အလုပ်သမားနေ့ ချီတက်ပွဲ (ရန်ကုန်)

DSC00126စံကောင်း ပီနံအိတ်စက်ရုံ၊ Yes Candy သကြားလုံးစက်ရုံ၊ တိုင်ယီဖိနပ်စက်ရုံ စသည့် စက်ရုံများမှ မြန်မာအလုပ်သမားပေါင်း ၆၀၀ ကျော်ခန့်သည် မြန်မာစံတော်ချိန် နေ့လည် ၁၁ နာရီတွင် ဗန္ဓုလမ်းပန်းခြံမှ စတင်ချီတက်ကြပြီး ပန်းဆိုးတန်းလမ်း၊ ကုန်သည်လမ်းနှင့် ဆူးလေလမ်းထိ ချီတက်ခဲ့ကြသည်။ ချီတက်ပွဲတွင်
(၁) တနေ့လျှင် ၈ နာရီအလုပ်ချိန်သတ်မှတ်ခြင်းနှင့် အနည်းဆုံး လုပ်ခ ၆၅၀၀ ကျပ် ရရှိရေး
(၂) အမြဲတမ်းအလုပ်သမားများကို လစာအလုပ်သမားများအဖြစ် သတ်မှတ်ရေး
(၃) အလုပ်သမားများကို တဖက်သတ်အလုပ်ထုတ်မှု ရပ်ဆိုင်းရေး
(၄) အလုပ်သမားများအားလုံး သွေးစည်းညီညွှတ်ရေး… စသည့် တောင်းဆိုချက်ပေါင်း ၉ ချက်ဖြင့် ကြွေးကြော်ချီတက်ခဲ့ကြသည်။

Related Articles