Home သတင်း အသက်မပြည့်သေးသော အမျိုးသမီးငယ်လေးများ အဓမ္မပြုကျင့်မှု များပြားနေ

အသက်မပြည့်သေးသော အမျိုးသမီးငယ်လေးများ အဓမ္မပြုကျင့်မှု များပြားနေ

၂၂.၄.၂၀၁၄။ ကောကော် (ရန်ကုန်)

အသက်၁၄နှစ်သာ ရှိသေးသော အမျိုးသမီးငယ်တဦးကို မရမ်းကုန်းမြို့နယ်မှ အသက်၂၀နှစ်အရွယ် ရှိဇော်မင်းနိုင်ဆိုသူက ပီကေကျွေးပြီး အဓမ္မပြုကျင့်ခဲ့သော ဖြစ်ရပ်တခု ဧပြီလဆန်းပိုင်းက ရန်ကုန်မြို့မြောက်ဥက္ကလာပမြို့နယ်တွင် ဖြစ်ပွားခဲ့သည်။

မ…….သည် ဧပြီ ၂ ရက် ည၇နာရီ ခွဲ အချိန်တွင် ကြောင်စာဝယ်ရန် ထွက်သွားရာမှ လမ်းကြားထဲအရောက်တွင် အမည်မသိ၊ တခါမှလည်း မတွေ့မမြင်ဖူးသော အမျိုးသား တယောက်က မယ်လမုဘုရားပွဲမှာ သူငယ်ချင်းတွေ စောင့်နေတယ် ဆိုပြီး စက်ဘီးနှင့် တင်ခေါ်သွားကာ လမ်းကြားထဲအရောက်တွင် ပီကေကျွေးပြီး တနေရာသို့ခေါ်သွားအဓမ္မပြု ကျင့်ခဲ့တယ်လို့ ကျုးလွန်ခံရသူက ပြောပြပါသည်။

ည၁၁နာရီခွဲအချိန်လောက်တွင် လမ်းကြားထဲပြန်ပို့ကာ သူမကိုလည်း အသက်မပြည့်သေးတဲ့ အတွက် လက်ထပ်မည်မဟုတ်ကြောင်း၊ အမေနဲ့ အဒေါ်တို့ကို တိုင်ပြောပါက သတ်ပစ်မည်ဟု ခြိမ်းခြောက်သော်လည်း ရပ်ကွက်အတွင်းမှ လူများ၏ အကူအညီနှင့် ဧပြီလ(၃)ရက်နေ့ မနက် (၂) နာရီအချိန်လောက်တွင် မရမ်းကုန်းရဲစခန်းမှ ကျုးလွန်သူကို ဖမ်းဆီးနိုင်ခဲ့သည်ဟု သူမ၏ အဒေါ်ဖြစ်သူကပြောသည်။

၂၀၁၃ခုနှစ်အတွင်းစက်တင်ဘာလကုန်အထိစာရင်းများအရအရရန်ကုန်တိုင်းဒေသကြီးအတွင်းမုဒိမ်းမှု၉၇မှုတွင်၆၉မှုသည်အသက်မပြည့်သေးသောမိန်းကလေးငယ်များဖြစ်သည်ဟုရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့လုံခြုံရေးနှင့်နယ်စပ်ဒေသရေးရာဝန်ကြီးဗိုလ်မှူးကြီးတင်ဝင်းကအစည်းအဝေးတခုတွင်ပြောဆိုခဲ့ကြောင်းEleven media မှသတင်းရေးသားခဲ့သည်။

မကြာသေးခင်ကမြောက်ဥက္ကလာပတွင်ပင်အသက်မပြည့်သေးသောအသက်၁၂နှစ်အရွယ်ကလေးမတဦးအားလူကြီးတဦးကအိမ်အတွင်းဝင်ရောက်၍မုဒိန်းပြုကျင့်မှုဖြစ်ပွားခဲ့သည်ဟုအမျိုးသမီးရေးလှုပ်ရှားသူတစ်ဦးဖြစ်သည့်မဝါကပြောပြသည်။

“ကလေးမလေးတဦးဟာသူမရဲ့အဖွားနှင့်နေရတယ်။အဖွားကနေ့ခင်း၃နာရီလောက်မှာ (၂)ဈေးသွားနေချိန်၊အိမ်းနားကအသက်၄၅နှစ်အရွယ်လူကြီးတယောက်ကအိမ်ထဲအထိဝင်ပြီးအဓမ္မပြုကျင့်သွားတယ်။အဖွားဖြစ်သူဈေးကပြန်လာချိန်နဲ့တိုးလို့တွေ့သွားပြီးအော်လိုက်မှအိမ်အနောက်ဖက်ကနေပြေးဆင်းသွားတယ်။”

child-abuse

ရဲစခန်းတွင်တိုင်ကြားခဲ့သော်လည်းတင်ပြမှုလွဲချော်မှုများကြောင့်ရဲစခန်းကအမှုဖွင့်မပေးပဲရှိခဲ့ကြောင်းမဝါကပြောသည်။သို့သော်လည်းယင်းအမှုကျူးလွန်သူနှင့်ညီမဖြစ်သူကလျော်ကြေးငွေ၅သိန်းပေးပြီးကြေအေးစေခဲ့သည်။

ထိုသို့ မုဒိန်းမှုများကို ကျူးလွန်သူ အများစုမှာ နီးစပ်သူများ ဖြစ်ကြကြောင်း အင်းစိန်တရားရုံးမှ အထက်တန်းရှေ့နေတဦးက ပြောသည်။

“အသက်အရွယ်ကတော့ ၁၅နှစ်မှ ၂၀နှစ်ကြားရယ်၊ ၄၀နှစ်နဲ့ အထက်တွေရယ်က ပိုပြီးကျုးလွန်တယ်။ နောက်ပြီး နောက်အိမ်ထောင်ပြုတဲ့ အခါမှာ ပထွေးတွေ၊ အသက်ကြီးတဲ့ သူတွေရယ်က ပိုပြီးကျူးလွန်ကြပါတယ်။ ဒီလိုဖြစ်ရခြင်းဟာလဲ စီးပွါးရေး အဆင်မပြေတာရယ်၊ မိဘက အလုပ်သွားနေချိန် အိမ်မှာချန်ထားတော့ ဒီလိုဖြစ်တော့တာပဲ။ နောက်ဆက်တွဲဆိုးကျိုးကတော့ အမဲစက်လေးဖြစ်သွားမယ်။ တချို့ကတော့ ဖုံးကွယ်ထားလိုက်ကြတယ်”

ကျူးလွန်သူများ ထဲတွင် ဆင်းရဲချမ်းသာ မရွေးပါဝင်ကြသည်ဟု တရားရုံးတွင် ရှိနေသော ဒလမြို့နယ်မှ ဗိုလ်ကြီးဇော်ဇော်အောင်က ပြောပြသည်။

“ချမ်းသာတဲ့ လူတန်းစားက အချက်အလက်ကျကျနဲ့ ကျုးလွန်ကြတယ်၊ အခြေံခံလူတန်းစားကတော့ အလျင်းသင့်ရင် သင့်သလို ကျူးလွန်ကြတယ်။”

ဖြစ်ပွားပြီးမှ ပြစ်ဒဏ်ပေးခြင်းထက် မကျူးလွန်မီက အသိပညာပေးခြင်းမျိုး လုပ်သင့်ကြောင်း ဗိုလ်ကြီး ဇော်ဇော်အောင်က ပြောသည်။

ကရင် အမျိုးသမီး ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့ KWEG မှ အမျိုးသမီး အကြမ်းဖက်မှု ပပျောက်ရေး တာဝန်ခံ နော်ဖေါရှီးဝါး က ဤကိစ္စများ တားဆီးနိုင်ရေးအတွက် မိန်းကလေးငယ်များကိုသာမက ပတ်ဝန်းကျင်ကိုပါ ပညာပေးမှုများ လုပ်သင့်ကြောင်း ပြောသည်။

“ကျူးလွန်ခံရသူအများစုကတော့ အသက်မပြည့်သေးတဲ့သူ၊ မသိနားမလည်တဲ့ကလေးများဖြစ်တယ်။ ကျူးလွန်ကြသူတွေက ရွာသားအချင်းချင်း၊ ဥစ္စာရှိတဲ့သူတွေများဖြစ်ကြတယ်။ ချမ်းသာတဲ့သူတွေက အမှုကိုကြေအေးချင်တော့ ငွေတွေပေးပြီး ဖုံးကွယ်းသွားကြတယ်။ အမျိုုးသမီးတွေအနေနဲ့ မိဘတွေကိုပညာပေးရမဲ့အချက်ကတော့ အမျိုးသမီးတွေ အသိပညာရှိဖို့လိုတယ်၊ သားသမီးများကို အရွယ်မရောက်သေးပဲနဲ့ သူများဆီမှာ အလုပ်မလုပ်ခိုင်းရဘူး။ ကလေးအခွင့်အရေးဆုံးရှုံးသလို အိမ်ဖော်လုပ်နေရတဲ့သူတွေအတွက်ကတော့ အိမ်ရှင်က ရိုက်နက်တာတွေရှိတယ်။ အထူးသဖြင့် အိမ်နီးချင်းတွေကို မယုံကြည်သင့်ဘူး၊ဒါကြောင့် ဒီကိစ္စတွေဟာ အမျိုးသမီးတွေအားလုံးနဲ့ ဆိုင်သလို ရပ်ရွာကလဲဝိုင်းဝန်းကူညီသင့်တယ်”

Related Articles